မြန်မာ နှင့် တရုတ် နှစ်နိုင်ငံနယ်စပ်ကြား မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တိုးချဲ့ဖွင့်လှစ်ရန် တရုတ်အစိုးရ က တောင်းဆို ထားသော်လည်း နှစ်နိုင်ငံနယ်နိမိတ်စည်းမျဉ်း ပြဿနာ ဖြေရှင်းမှု မပြီးဆုံးခင် မူဆယ်နယ်စပ် ဂိတ်သစ် ဖွင့်လှစ်မည်မဟုုတ်ကြောင်း နုုိင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။
“နယ်နိမိတ်စည်းမျဉ်းနဲ့ ကိုင်ထားတဲ့သဘောပါ။ တရုတ်ဘက်ကနေ ခြံစည်းရိုးဆောက်တဲ့နေရာမှာ မြန်မာဘက်ကို ရောက်နေတာရှိတဲ့အတွက် ဒါကို နှစ်ဘက်ဆင်းပြီး ကွင်းဆင်းစစ်ဆေးထားတယ်။ သူတို့တွေက ကျော်မှန်းသူတို့ သိတယ်။ သူတို့ကလည်းဆောက်ထားပြီးတော့ အဲဒါကို သူတို့ဘက်က မသိကျိုးကျွံ ဖြစ်တယ်ဆိုရင် အဲဒါတွေကို မရှင်းလင်းသေးဘဲ ဒါကို ကုန်သွယ်ရေးစခန်းအသစ်တော့ ဖွင့်ပေးမှာ မဟုတ်ဘူးဆိုတဲ့သဘောနဲ့ ရပ်တည် ထားတာ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောသည်။
တရုုတ်မြန်မာ နယ်စပ်တုုိင်းတာရေးလုုပ်ငန်းများကိုု ၂၀၀၄ ခုုနှစ်က ကွင်းဆင်း စစ်ဆေးမှုများ ပြုလုုပ်ထားပြီး ဖြစ်ပြီး ထပ်မံ စစ်ဆေးတုုိင်းတာရန် လုုပ်ဆောင်ရန်ရှိကြောင်း၊ နယ်စပ်တုုိင်းတာရေး လုုပ်ငန်းများ ပြီးစီးမှသာ နယ်စပ်ဂိတ်သစ် ဖွင့်လှစ်ရေး လုုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
“တိုင်းတာထားတာက၂၀၀၄ ခုနှစ် ကတည်းက ကွင်းဆင်းထားတာဆိုတော့ ထပ်ပြီးတော့ ပြန်ကွင်းဆင်း စစ်ဆေး သွားဖို့ လိုပါလိမ့်မယ်။ ပြီးတဲ့အခါမှ ကျန်တဲ့ ကုန်သွယ်ရေးစခန်းကို ဆက်လက် ဆောင်ရွက်ဖို့ ရည်ရွယ် ထား တယ်။ ထစ်ထားတာ မဟုတ်ဘူး။ ကျတော်တို့က နယ်နိမိတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခိုင်ခိုင်မာမာနဲ့ ဆက်လက် ရပ်တည်သွားဖို့ရှိပါတယ်”ဟုု ဦးကျော်ဇေယျက ဆုုိသည်။
လက်ရှိချိန်တွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်စခန်း တည်ဆောက်ခြင်းလုပ်ငန်းပိုင်းနှင့် ပတ်သက်၍ အဆောက် အအုံပိုင်း တွင် အပြီးသတ် ဆောက်လုပ်ထားပြီးသည့် အခြေအနေ ဖြစ်သော်လည်း မြန်မာနုုိင်ငံက နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း ပြဿနာ မပြီးသေးသည့်အတွက် ဖွင့်လှစ်ခွင့်ပြုနိုင်မည့် အချိန်ကာလကို အတိအကျ ပြော၍မရနိုင်သေးကြောင်း သိရသည်။
စီးပွားရေးနှင့့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ နိုင်ငံနယ်နိမိတ် စည်းမျဉ်း အရ နယ်စပ်နယ်နိမိတ် ၁၀ ကီလိုအတွင်းမှာ အဆောက်အအုုံ အခိုင်အမာ မဆောက်လုပ်ရဘူး။ နှစ်နိုင်ငံညှိနှိုင်း နေတယ်။ အခြေခံအဆောက်အအုုံ ပိုင်းမှာတော့ တရုတ်ဘက်က အရင်လုပ်ပြီးပြီတယ်။ မြန်မာ ဘက်ကတော့ မလုပ်ရသေးဘူး။ အခုက နယ်စပ်ဂိတ်နဲ့ မပတ်သက်ဘူး နှစ်နိုင်ငံ နယ်နိမိတ်စည်းကမ်းအရ ၁၀ ကီလိုအတွင်းမှာ အဆောက်အအုုံ ခိုင်ခိုင်မာမာ မဆောက်လုပ်ရဘူးဆိုတဲ့ နယ်နိမိတ်ပြဿနာပါ”ဟု ပြောသည်။
ယခုဖွင့်လှစ်ရန် လျာထားသည့် မူဆယ် နယ်စပ်ဂိတ်အသစ်မှာ နယူးစတားလိုက်ကုမ္ပဏီက တာဝန်ယူ အကောင် အထည် ဖော်နေသော မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွင်းတွင်ရှိပြီး တရုတ်နိုင်ငံဘက်မှ ကမ်းလှမ်းမှုဖြင့် စတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
နယူးစတားလိုက်ကုမ္ပဏီ၏ မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက “ကျနော်တို့ကလည်း တရုတ် ဘက်က ကျူးနေတာတွေ ရှိကြောင်း အစိုးရကို တင်ပြတဲ့ အခါမှာ ဒါကို ၂နိုင်ငံ ပြန်တိုင်းမှ ရမယ်လေ။ ကိုယ် တယောက်တည်း တိုင်းပြီး ပြောလို့မရဘူး။ဒါကြောင့် ၂နိုင်ငံ တိုင်းဖို့ စီစဉ်နေတဲ့ အတွက် ဒီတလ ၂ လ အတွင်းမှာတော့ အစိုးရအချင်းချင်း ပြန်ပြီး နယ်နိမိတ်တိုင်းဖို့ ရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။
လက်ရှိ နယ်စပ်စခန်းဖွင့်ထားသည့် နေရာများမှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော် နယ်စပ် စခန်း များ ဖြစ်ပြီး တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိပါက ၅ ခုမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းတခု ဖြစ်လာဖြစ်ကြောင်း၊ မူဆယ် ၁၀၅ မုုိင် နယ်စပ်ကုန်သွယ်ရေးစခန်း သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် အကြီးမားဆုံးဖြစ်ကြောင်း ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အစိုးရသစ်လက်ထက် စတင်ချိန်မှ ၄ လအတွင်း သွင်းကုန်အမေရိကန်ဒေါ်လာ သန်း ပေါင်း ၆၂၆ သန်း၊ ပို့ကုန်အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၃၁ သန်း၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၉၅၇ သန်း ရှိကြောင်း အစုုိးရ သတင်းအချက်အလက်များအရ သိရှိရသည်။