စီးပွားရေး

အပ်ကုန်စနစ်ဖြင့် တင်သွင်းထားသော ကားများ ရောင်းမကုန်လျှင် အရေးယူမည်

Want create site? Find Free WordPress Themes and plugins.

ကားအရောင်းစင်တာများက ၂၀၁၅ ခုုနှစ်တွင် အပ်ကုန်စနစ် (Consigment) ဖြင့် တင်သွင်းထားသည့်ကားများကိုု ရောင်းချနိုုင်ရန် ခွင့်ပြုထားမှုသည် ယခုနှစ် ဒီဇင်ဘာလကုန်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် အဆိုုပါ ကားများ ရောင်းမကုုန်လျှင် ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

“သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့။ အပ်ကုန်စနစ်မှာလည်း သူတို့ကို ခွင့်ပြုထားတာက ဒီနှစ် ဒီဇင်ဘာအထိ ခွင့်ပြုထား တယ်။ တချိုက့အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတာ ကိုယ်ဘာသာရှင်းရမယ်။ ဆက်ထားလို့ မရဘူး။ စလစ်ရှာကပ်ပြီး ရောင်း။ ကိုယ်ဘာသာ ရှင်းထုတ်။ မလုပ်နိုင်ရင် စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်။ ကုမ္ပဏီတွေကို ကားကိစ္စ အခွန် ကိစ္စ အမျိုးစုံရှိနေရင် သူနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိပါတယ်။ တရားစွဲ အရေးယူတာတို့က တယောက်နဲ့တယောက်တော့ မတူဘူး”ဟု ၎င်းက ပြောသည်။

အပ်ကုုန်စနစ်ဆိုုသည် ကားအရောင်းစင်တာများက ယာဉ်အိုုယာဉ်ဟောင်းအပ် စလစ်ကပ်၍ ပြန်လည်ရောင်းချ ရမည့်ကား များကိုု မိမိလက်ထဲတွင် စလစ်မရှိသေးဘဲ ဂျပန်နိုုင်ငံမှ မိမိစိတ်ကြိုက် တင်လာသော ကားများဖြစ်ပြီး ဆိပ်ကမ်း ရောက်ရှိ ချိန်တွင် ကားများကိုု ယာဉ်အိုုယာဉ်ဟောင်းစလစ်များရှာဖွေ ရရှိမှ ဆိပ်ကမ်းမှ ထုုတ်ယူ တရားဝင် ယာဉ်မှတ်ပုုံတင် ရောင်းချခြင်းဖြစ်သည်။

၂၀၁၅ ဒီဇင်ဘာအထိ အပ်ကုန်စနစ်ဖြင့် သွင်းထားသည့်ကားများကို ၂၀၁၆ ဒီဖင်ဘာ ၃၀ ရက်နေ့အတွင်း ပြည်တွင်းတွင် ရောင်းချရမည်ဖြစ်ပြီး မရောင်းချနိုင်ပါက သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဆိုုသော စည်းကမ်းချက်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။

“၂၀၁၅ ခုနှစ်က တင်သွင်းခွင့်ပြုထားတဲ့ကားတွေကို ၂၀၁၆ နှစ်ကုန်မှာ မှတ်ပုံတင်ရမယ်ဆိုတော့ သွင်းထားတဲ့ကားတွေက သောင်းဂဏန်းလောက် ရှိတဲ့နေတယ်။ ဒီဟာအတွက် လုံလောက်အောင် စလစ်က မရှိနိုင်ဘူးဆိုပြီး အခု စိုးရိမ်နေကြတာ ရှိတယ်”ဟု မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူမျးအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိချိန်တွင် စလစ်ပေါက်ဈေးနှုန်းမှာလည်း ကျပ်သိန်း ၁၀၀ ပတ်ဝန်းကျင်တွင်ရှိနေပြီး၊ အရည်ကြိုအပ်နှံသည့် ကားဟောင်းများလည်း နည်းပါးလာသည့်အတွက် စလစ်ဈေးနှုန်းများ ထပ်မံ ထိုးတက်မည့် အခြေအနေဖြစ်နေပြီး ကားဈေးနှုန်းများမှာလည်း စလစ်ဈေးနှုန်းကြောင့် မြင့်တက်လာခြင်းသာ ဖြစ်ကြောင်း ရန်ကုန်ကားဝယ်ရောင်းအသင်း ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။

“ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်မှာ စိုးလို့ မပိတ်ရုံတမယ်ဘဲ သွင်းတဲ့ဟာမျိုး။ မော်ဒယ်မြင့်တန်ဖိုးကြီးကို စလစ် ကပ်မယ်ဆိုရင် လွယ်တာ မဟုတ်ဘူး။ ကားဈေးကွက်ကလည်း ဒီလောက်ကြီး ဖြစ်နေတာ မဟုတ်ဘူး ။ စလစ်ဈေးက တက်နေတယ်။ အရည်ကြိုကားက ရှားသွားပြီ။ အရည်ကြိုစလစ်က တက်ဖို့ပဲရှိ ကျဖို့ဆိုတာ မရှိတော့ဘူး။ မကပ်မဖြစ် ကပ်ရမယ့်ကားတွေက အများကြီးရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိချိန်တွင် စလစ်ဈေးများလည်း မြင့်တက်နေသည့်အတွက် ဆိပ်ကမ်းမှ မထုတ်ယူရသေးသည့် ကားများ အမြောက် အမြား ရှိနေပြီး၊ ထိုပြင် ဆိပ်ကမ်းသို့ ကားသဘောၤများလည်း ဝင်ရောက်မှုနည်းနေပြီး ၊ ကားတင်သွင်းထား သူများ ဘက်ကလည်း ကုန်ကျစရိတ်များပြီး အမြတ်အစွန်း သိပ်မထွက်ခြင်းကြောင့် ကားထုတ်သူမရှိကြောငိး သိရသည်။

ဆိပ်ကမ်းရောက်ကား ထုတ်ပေးသည့် အကောက်ခွန်ဝန်ဆောင်မှု အေဂျင်စီတဦးဖြစ်သူ ကိုဉာဏ်လင်းအောင်က “ကားထုတ်ပေးရတာနည်း လာတယ်။ စလစ်မကပ်ရသေးတဲ့ကားတွေ ပုံနေတယ်။ တချို့က ဈေးနှုန်းမကိုက်တော့ မထုတ်ကြဘူး။ အခွန်တွေရော ဆိပ်ကမ်းမှာ ကုန်ကျစရိတ်တွေကများတော့ အမြတ်မထွက် မထုတ်ကျတော့ဘူး။ စလစ်ဈေးကတော့တက်မှာပဲ အဟောင်းတွေနည်းလာလို့ပါ”ဟု ပြောသည်။

လူတဦးချင်းစီ တင်သွင်းခွင့်ပြုထားသည့် ဖရီးပါမစ်ကားများတွင် ရန်ကုန်လိုင်စင် ပိတ်ထားပြီး နယ်လိုင်စင်သာ ခွင့်ပြုထားကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading