စီးပွားရေး

အထည်ချုပ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ပြည်ပ ၄ ခု၊ ပြည်တွင်း ၁ ခု ထပ်မံခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု၊ ပြည်တွင်း ရင်းနှီးမြုပ်နှံမှု ၁ ခု စုစုပေါင်း ၅ ခုကို သြဂုတ် ၂၆ ရက်နေ့တွင် ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။
“တရုတ် နဲ့ ဟောင်ကောင်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေချည်းပါပဲ ။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ၄ ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၄၀ သန်းနဲ့ ပြည်တွင်းရင်းနှီးမြှုပ်မှုပမာဏ တခုအတွက်က ကျပ်သန်းပေါင်း ၇၀၄ ဒသမ ၇ ကို ခွင့်ပြုပေးခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောသည်။

ယခုအကြိမ် ခွင့်ပြုလိုက်သည့် လုပ်ငန်းများသည် အထည်ချုပ် လုပ်ငန်းများသာ ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၀၀၀ နီးပါးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလုပ်အကိုင်အခွင့်အလမ်း အမြောက်အများ ဖန်တီးပေးနိုင်ရန် လုပ်သားအများဆုံး အသုံးပြုရသည့် အထည်ချုပ် လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးတည်ချက်ထား ခွင့်ပြုပေးနေခြင်းဖြစ်သည်။

လက်ရှိ လည်ပတ်ခွင့်ရသည့် စက်ရုံများတွင် အလုပ်သမားဥပဒေများကို မလိုက်နာသည့် စက်ရုံ အလုပ်ရုံများ ရှိနေပြီး လိုက်နာမှုမရှိသည့် စက်ရုံ အလုပ်ရုံများတွင် တရုတ်နှင့် ကိုရီယားပိုင် စက်ရုံ အများစု ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံနှင့် အလုပ်သမား စိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက “မလိုက်နာတဲ့အပိုင်းကို လိုအပ်သလို အရေးယူ ဆောင်ရွက်ရတာရှိတယ်။ စက်ရုံပိုင်ရှင် အများစုက ကိုရီယား၊ တရုတ် များတယ်။ တရားစွဲဆိုခံရတဲ့ အထဲမှာ အထည်ချုပ်လုပ်ငန်း များတယ်။ ဌာနရဲ့ ဥပဒေနဲ့ ပတ်သက်လို့ လိုက်နာမှု မရှိလို့ အရေးယူထားတာပေါ့” ဟု ပြောသည်။

အရေးယူခံထားသည့် စက်ရုံများ၏ အဓိကက ပြဿနာမှာ အချိန်ပိုခိုင်းစေမှု၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်းစေမှု စသည့် အချက်အများဆုံး ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်အတွင်းမှာ စက်ရုံပေါင်း ၅၀ ကျော် ၆၀ နီးနီးကို ကိုင်တွယ်ဖြေရှင်းနေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ချထားပေးပြီးနောက် စက်ရုံဖွင့်လှစ်မည် ဆိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနသို့ နှစ်ပတ်ကြိုတင် အသိပေး အကြောင်းကြား ရကြောင်း သိရသည်။

သြဂုတ်လဆန်းပိုင်းတွင် လှိုင်သာယာစက်မှုဇုန် ၃ ရှိ လုပ်သားအင်အား ၅၀၀ ကျော်ရှိသည့် ဆာကူရာ အထည်ချုပ်စက်ရုံတွင် သတ်မှတ်စံချိန်ထက် အထည်အရေအတွက် ပိုတောင်းခြင်းကြောင့် အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်မှုလုပ်ငန်း ၉ ခုကို ခွင့်ပြုခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading