ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ရက်နေ( ဗုဒ္ဓဟူးနေ့) က နိုင်ငံတော် အတိုုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲနောက်မှာ သမ္မတ အိုဘားမားက စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးမယ့်အကြောင်းနဲ့ တဆက်တည်း မြန်မာနိုင်ငံရဲ့ပို့ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပေးမယ့် GSP ( Generalized System of Preference) အကျိုးခံစားခွင့်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကို ပေးထားခဲ့တဲ့ GSPအခွင့်အရေးကို ၁၉၈၉ ခုနှစ် ဧပြီလစပြီး အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။ အ လုပ်သမားဥပဒေ( Labour law )နဲ့ ငြိနေတဲ့အတွက် ဖြစ်ပါတယ်။ GSP အခွင့်အရေးက မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံံ့ဖြိုးတိုး တက်မှုအပေါ် အများကြီး အထောက်အကူပြုလာမယ်လို့ မျှော်လင့်ကြပါတယ်။ အထူးသဖြင့် ၂၀၀၃ ခုနှစ် ဒီပဲရင်းအရေး အခင်းအပြီး ပိတ်ပင်ထားတဲ့ အထည်ချုပ်လုပ်ငန်းတွေ ပြန်လည် ဦးမော့လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အထည်ချုပ်လုပ်ငန်းနဲ ့ပို့ကုန်အလားအလာ
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ရရှိတဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့အထည်ချုပ် လုပ်ငန်း( CMP လက်ခစား စနစ်)ကနေ အမေရိကန်နိုင်ငံကို တင်ပို့ခဲ့တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိခဲ့ပါ တယ်။ အဲဒီနှစ်မှာပဲ အထည်ချုပ်လုပ်ငန်းတခုလုံးရဲ့ ပြည်ပတင်ပို့မှုဟာ ၈၁၇ သန်း ရှိခဲ့တဲ့အတွက် အမေရိကန်စျေးကွက်ကို တင်ပို့တဲ့ ပမာဏက ၆၀ ရာနှုန်းနီးပါး ရှိပါတယ်။
အမေရိကန်အစိုးရက၂၀၀၃ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အက်ဥပဒေ(The Burma Freedom and Democracy Act ) ကို ပြဌာန်းပြီးတဲ့နောက်ပိုင်း မြန်မာ့ပို့ကုန်တွေကို ပိတ်ပင်လိုက်ပါတယ်။ အထည်ချုပ်လုပ်ငန်းတွေရဲ့တင်ပို့နိုင်မှုလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုုကြည်နဲ ့တွေ့ဆုံပြီးနောက်မှာတော့ အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးပြီး ၂၇ နှစ် ကြာ တားဆီးထားခဲ့တဲ့ GSP အခွင့်အရေးတွေ ပြန်ပေးဖို ့သဘောတူလိုက်ပါပြီ။ ဒီ အခွင့်အရေးပေးနိုင်ဖို့အတွက်လည်း ချက်ချင်းပြင်ဆင်နေပါပြီ။
“GSP Status ရရင်တော့ အထည်ချုပ်တခုတည်း မဟုတ်ပါဘူး။ အခြားကုမ္ပဏီတွေအတွက်လည်း လမ်းကြောင်းပွင့်သွားမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ အထည်ချုပ်လုပ်ငန်းတွေက ပိုပြီး အလားအလာကောင်းတွေ ရှိလာနိုင်ပါတယ်” လ်ို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပြခဲ့တာပါ။
အလားတူပဲ စက်မှုဇုန်တွေ တည်ထောင်တဲ့နေရာမှာလည်း အထည်ချုပ် အထူးပြုစက်မှုဇုန်တွေ တည်ထောင်သွားဖို့ရှိသလို လက်ရှိအချိန်မှာလည်း အထည်ချုပ်နဲ့ ပတ်သက်ပြီး proposal လာတင်တဲ့ ပြည်ပကုမ္ပဏီတွေ ရှိနေတယ်လို့လည်း ဦး အောင်နိုင်ဦးက ပြောပါတယ်။
အမေရိကန်အစိုးရဘက်က ထုတ်ပြန်ထားချက်အရဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စခဲ့တဲ့ ၂၀၁၂ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်ကြား ကုန်သွယ်မှု တိုးတက်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့တင်ပို့မှု ဒေါ်လာ ၃၈၀၀၀ (သုံး သောင်း ရှစ်ထောင်) ရှိရာ ကနေ ၂၀၁၅ခုနှစ်မှာ ၁၄၂ သန်း အထိ တိုးတက်လာခဲ့ပါတယ်။
US Census Bureau ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၆ ခုနှစ်ရဲ့ ပထမ ၆ လ ကာလမှာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ၂၃၈ သန်းအထိ ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ ့အမေရိကန်ကို တင်ပို့ခဲ့တဲ့ ကုုန်ပစ္စည်းတွေထဲမှာ အဝတ်အထည်တွေ၊ ကြိမ်ထည်ပစ္စည်းတွေ၊ သစ်အချောထည်ပစ္စည်းတွေနဲ့ ပဲမျိုးစုံကတော့ သေချာပေါက် အခွန်ကင်းလွတ်ခွင့်ရမယ့် ပို့ကုုန်တွေ ဖြစ်ပါတယ်။
အမေရိကန်ရင်းနှီးမြှုပ်နှံမှု အလားအလာ
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လုပ်ငန်းရှင်များနဲ ့တွေ့ဆုံတဲ့ ညစာစားပွဲမှာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို မြန်ဆန်ချောမွေ့စေဖို ့အတွက် အမေရိကန် ကုန်သည်ကြီးများအနေနဲ ့ မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြပါလို ့ ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် သိသိသာသာနည်းပါးနေခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရရှိတဲ့ ကိန်းဂဏန်းတွေအရ ၁၉၈၉ ခုနှစ်နောက်ပိုင်း ခွင့်ပြုပေးခဲ့တဲ့ ပမာဏက ၂၄၈ သန်းရှိခဲ့ပါတယ်။ တချို့ လုပ်ငန်းတွေ လှည့်ပြန်ခဲ့တာကြောင့် လက်ရှိအနေအထားမှာတော့ အမေရိကန်ရဲ့ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၄ ဒဿမ ၆၅ သန်းကျော်ပဲ ရှိပါသေးတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အခြားနိုင်ငံတွေကနေ တဆင့်ခံပြီး ပြန်လည်ဝင်ရောက်လာခဲ့တာတွေ ရှိပါတယ်။ စင်ကာပူ၊ မလေးရှားနဲ့ ဟောင်ကောင်စတဲ့ နိုင်ငံတွေကနေ တဆင့် ၀င်ရောက်လာကြတာဖြစ်ပြီး ဒီနည်းနဲ့ဝင်ရောက်နေတဲ့ ပမာဏက ဒေါ်လာ ၂ ဘီလျံ ကျော်လောက် ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာ ချက်မှာတော့ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်( Bilateral Investment Treaty) ကို အဆင့်မြင့် ညှိနှိုင်းဆွေး နွေးမယ်ဆိုတဲ့ အချက်လည်း ပါ၀င်နေပါတယ်။
“ကျနော်တို့ ၂၀၁၄ မှာ Investment outreach program ကို နယူးယောက်မှာ လုပ်ကတည်းက အမေရိကန်လုပ်ငန်းရှင် တွေက စိတ်ဝင်စားတယ်ဆိုတာကို ပြခဲ့ကြတယ်။ သို့သော်လည်း ဆန်ရှင် လွတ်မှပဲ လာမယ်ဆိုတဲ့ သဘောထားမျိုးလည်း ပြောခဲ့တယ်ဆိုတော့ အခုလို လွတ်သွားတယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ”လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တဲ့အခါ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေဖို့အတွက် ဥပဒေ ပိုင်းဆိုင်ရာကို ပြုပြင်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါက လတ်တလောကာလမှာ လွှတ်တော်ကို တင်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ရည်ညွှန်းပြောဆိုသွားတာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် အခုချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်ဝင်မလာခဲ့တာဟာ ဥပဒေ မထွက်သေး တာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ လက်ရှိဥပဒေသစ်ရဲ့ ထူးခြားချက်ကတော့ ယခင်ကလို လုပ်ငန်းတိုင်းကို မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်( MIC )က လိုက် ပြီး စိစစ်နေတော့မှာမဟုတ်ဘဲ လုပ်ငန်း ၄ မျိုးကိုသာ စိစစ်သွားမယ်လို ့သိရပါတယ်။
မဟာဗျူဟာအရ အရေးကြီးတဲ့ လုပ်ငန်းများ၊ ငွေကြေး ပမာဏ ကြီးကြီးမားမားသုံးပြီး လုပ်ရတဲ့ လုပ်ငန်းများ၊ သဘာဝပတ် ၀န်းကျင်နဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်စေနိုင်တဲ့လုပ်ငန်းများ၊ အစိုးရက စိစစ်ဖို ့ညွန်ကြားလာတဲ့လုပ်ငန်းများ စတာတွေ ဖြစ် ပါတယ်။ ဒီ ၄ မျိုးက လွဲရင် ကျန်လုပ်ငန်းတွေကို MIC ရဲ့ ခွင့်ပြုချက် ယူစရာမလိုဘဲ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက် နဲ ့လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
“ဥပဒေသစ်က သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် ဦးစားပေးပြီး ဆောင်ရွက်သ လို ရင်းနှီးမြှုပ်နှံသူကိုလည်း ဥပဒေကြောင်းအရ ခိုင်မာတဲ့ အကာအကွယ်တွေ ပေးထားတယ်”လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ရှိနေသေးတဲ့အတွက် အမေရိကန်ဒေါ်လာနဲ ့လုပ်ကိုင်ရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ငွေပေးငွေယူလုပ်ငန်း( financial Transactions) တွေက အခက်အခဲ ရှိခဲ့ပါတယ်။
ဒါက ၂၀၀၃ ခုနှစ်က ချမှတ်ထားခဲ့တဲ့ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ ဥပဒေ (The Burma Freedom and Democracy Act )နဲ့လည်း ပတ်သက်နေပါတယ်။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လာလုပ်မယ်ဆိုရင် စင်ကာပူမှာ တော့ အနည်းဆုံး ကုမ္ပဏီ ထောင်ထားရတာ ဖြစ်ပါတယ်။
ယခု ဖြေလျှော့ပေးမယ့်အထဲမှာ ငွေပေးငွေယူလုပ်ငန်းတွေလည်း ပါမယ်လို ့ ခန့်မှန်းကြပါတယ်။ ဒီအချက်ကြောင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားငွေကြေးအများစုကို ထိန်းချုပ်ထားတဲ့ ခရိုနီများနဲ ့လက်ဝါးကြီးအုပ်လုပ်ငန်းကြီးတွေအတွက် အခွင့်အလမ်း တခုပြန်ရသွားလိမ့်မယ်လို ့တချို ့က စိုးရိမ်နေကြပါတယ်။
ဒီမိုကရေစီအတွက် စီးပွားရေး
သမ္မတအိုဘားမားက ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးမယ်လို ့ပြောလိုက်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးလောကကို နှစ်ပေါင်းများစွာ အုပ်စီးနေခဲ့တဲ့ ခရိုနီတွေတော့ ဆက်လက်မင်းမူနေမှာပဲလို ့ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းများနဲ ့ ဆက်စပ်ပတ်သက်နေတဲ့ လုပ်ငန်းရှင်တွေကိုု ဆက်ပြီး ပိတ်ဆို့ထားဖို့လည်း အကြံပြု တာတွေ ရှိပါတယ်။
နိုင်ငံရဲ့သဘာဝသယံဇာတတွေကို တူးဖော်၊ သစ်တောတွေကို ခုတ်ရောင်း၊ အခွန်အခမပေးဘဲ ဥပဒေမဲ့ လုုပ်ချင်သလို လုပ် ခဲ့သူတွေကို ဆက်ပြီး မပိတ်ဆို့ဘူးဆိုရင် အာဏာရှင်နဲ ့ခရိုနီတွေ ပိုုအားကောင်းနေပြီး တိုင်းပြည်စီးပွားရေးကတော့ တိုး တက်လာစရာ မရှိဘူးလို ့ဝေဖန်ကြပါတယ်။
GSP အခွင့်အရေးတွေ ရရှိမှာဖြစ်ပေမယ့်လည်း တဦးချင်းအလိုက် ချမှတ်ထားတဲ့ ပိတ်ဆို့မှု (Targeted Sanction) တွေက တော့ ဆက်ရှိဦးမယ်လို့ထင်တဲ့အကြောင်း၊ ဘိန်း၊ လက်နက်၊ သယံဇာတလုပ်ငန်းတွေမှာ နာမည်ပျက်ရှိနေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် သီးခြားပိတ်ဆို့တားမြစ်မှုတွေကို အမေရိကန်အစိုးရက ဆက်ထားဦးမယ်လို့ မျှော်လင့်ရကြောင်း ISP (Institute for Strategy and policy ) ရဲ့ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
သမ္မတအိုဘားမားနဲ့တွေ့ဆုံပြီးတဲ့ နောက်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အာစီယံလုပ်ငန်းရှင်များ ကောင် စီ ( US ASEAN Business Council )က ညစာတည်ခင်းဧည့်ခံပါတယ်။ ဒီပွဲမှာ စီးပွားရေးပိတ်ဆို့မှုတွေကိုု အမြန်ဆုံး ရုုပ် သိမ်းပေးမယ်လို ့မျှော်လင့်ထားကြောင်းနဲ ့ဒီရုပ်သိမ်းမှုက မြန်မာ့ဒီမိုကရေစီရေးအတွက် အလွန်အရေးပါတဲ့အကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဒီမိုကရေစီဟာ ကျမတို ့ပေါင်းစည်းရေးအတွက် အကောင်းဆုံးလမ်းဖြစ်တဲ့အကြောင်းကို လူတိုင်း လက်ခံလာအောင် စည်း ရုံးရာမှာ စီးပွားရေးအောင်မြင်အောင် လုပ်ပေးတာဟာလည်း နည်းလမ်းတခု ဖြစ်ပါတယ်။ လူတိုုင်းဆိုတာမှာ စစ်တပ်လည်း ပါ၀င်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။