• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်ဘက်မှ အဖမ်းအဆီးများကြောင့် မူဆယ်နယ်စပ်တွင် ဆန်အိတ်ရေ ၃ သိန်းနီးပါး ပိတ်မိနေ

by မေစိုးစံ
5 October 2016
in စီးပွားရေး
A A
တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တခု /  မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တခု / မြတ်ပြည့်ဖြိုး / ဧရာဝတီ

991
VIEWS
Share on FacebookShare on Twitter

မြန်မာ၏ အဓိက ဆန်ဝယ်လက် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရောင်း အဝယ်များ ရပ်တန့်နေရာ ဆန်အိတ်ရေ ၃ သိန်းခန့် နယ်စပ်တွင် ပိတ်မိနေကြောင်း မူဆယ် ဆန် ကုန်စည်ဒိုင် ပြန်ကြားရေး ဦးမင်းသိန်းက ပြောသည်။

“ပိုက်စိပ်တိုက်ပြီး တအားဖမ်းနေတဲ့အတွက် ဆန်အရောင်းအဝယ် ရပ်သလောက်ဖြစ်သွားပြီ။ တရုတ်-မြန်မာ နယ်စပ်မှာ။ ဆန်အိတ်ရေ ၂ သိန်းကျော် ၃ သိန်းနီးပါး ပိတ်မိနေတယ်” ဟု မူဆယ် ကုန်စည်ဒိုင် ပြန်ကြားရေး ဦးမင်းသိန်းက ပြောသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.7k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.3k

မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်သို့ ဆန်တင်ပို့သည့် တရားဝင်နိုင်ငံ အနေဖြင့် သွားနေခြင်းဖြစ်သော်လည်း တရုတ်ဘက်က တရားမဝင် အနေအထားဖြစ်နေရာ ဆန်ဝယ်သည့် တရုတ်ကုန်သည်များကို စက်တင်ဘာ ၂၅ ရက် နောက်ပိုင်းက စတင်ပြီး ဖမ်းဆီးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်အရောင်းအဝယ် ရပ်တန့်နေခြင်းနှင့် ပတ်သက်ပြီး ဦးမင်းသိန်းက “ ခပ်ပါးပါး ဖမ်းနေတာကတော့ စက်တင်ဘာလဆန်း လောက်ကတည်းကပဲ။ စက်တင်ဘာ ၂၅ ရက်လောက်မှာ တအားဖမ်းလိုက်တဲ့အတွက် အခု လုံးဝရပ်သွားတာ။ အရောင်းအဝယ် ရပ်ထားရတော့ အများကြီးထိခိုက်တယ်” ဟု ၎င်းက ပြောသည်။

မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် ဆန်အိတ်များကို တရုတ်နိုင်ငံဘက်သို့ တင်ပို့နိုင်ခြင်း မရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေး ဘက်သို့လည်း ပြန်လည်တင်ပို့၍ မရသည့် အနေအထားတွင် ရှိနေရာ ကုန်သည်များ ဘေးကျပ်နံကျပ် ဖြစ်နေရကြောင်း သိရသည်။

လက်ရှိ ဆန်ဈေးကွက် အနေအထားမှာလည်း တရုတ်တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ပြည်တွင်း ဆန်ဈေးသာမက စပါးဈေးလည်း ကျဆင်းနေကြောင်း သိရသည်။

“ပြည်ပကို မထွက်တော့ စပါးဈေး၊ ဆန်ဈေး အေးတယ်။ အရင်က စပါးဈေး တင်း ၁၀၀ မှာ ၅ သိန်းလောက်ရတယ်။ အခုက ၃ သိန်းခွဲပဲ ရှိတော့တယ်။ ဒါကြောင့်လည်း တရုတ်ကို တရားဝင် တင်ပို့နိုင်အောင်သာမက ပင်လယ်ရေကြောင်း ကနေ သွားနိုင်အောင်ပါ ဆွေးနွေးနေတယ်” ဟု အင်္ဂပူမြို့နယ် ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံ ဆန်စိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကလည်း “တရုတ်နိုင်ငံနဲ့ရော အင်ဒိုနီးရှား နိုင်ငံနဲ့ရော တရားဝင် တင်ပို့နိုင်ဖို့လုပ်ထားတဲ့ MOU ကို အကောင်အထည် ပေါ်လာဖို့လုပ်ရမယ်။ အဓိက ဝယ်လက်က တရုတ်ပါ။ ညှိနှိုင်းမှုက နောက်ကျလာမယ် ဆိုရင်တော့ အခက်အခဲတွေ ပိုဖြစ်လာမယ်။ အရန်ဆန်ဝယ်ဖို့ လုပ်မှာလား။ ဒါဆို ဆန်တွေ ကို ထိန်သိမ်းတာမျိုး လုပ်ရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာဆန်ဈေးနှုန်းမှာလည်း ကျဆင်းနေပြီး အောက်တိုဘာ၊ နိုဝင်ဘာလ၏ ဆန်သစ်ပေါ်ချိန်တွင် ပြည်တွင်းတွင် ဆန်ဈေးနှုန်းနှင့် စပါးဈေးနှုန်းများ ဆက်လက် ကျဆင်းလာမည်ကို တောင်သူများနှင့် ဆန်ကုန်သည်များ ဘက်က စိုးရိမ်မှုများ ရှိနေသည်။

‘‘ကမ္ဘာ့ဆန်ဈေး ကျတာက မြန်မာနိုင်ငံက လယ်သမားတွေ အတွက် စိုးရိမ်စရာပါ။ တရုတ်ကလည်း အဖမ်းအဆီးများ နေတဲ့အချိန်၊ ပြည်တွင်း ဆန်လက်ကျန်များ နေချိန်မှာ ဈေးကျတာ ပြည်တွင်းကို ရိုက်ခတ်မှု ကြီးမားလာနိုင်တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ဧပြီ ၁ ရက်မှ သြဂုတ်လလယ်ထိ ၄ လကျော် ကာလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄ သိန်းကျော်သာ တင်ပို့ ရောင်းချနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၄ လဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၀၀,၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှုစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံဘက်သို့ ဖြစ်ကြောင်း သိရှိရသည်။

Your Thoughts …
Tags: မူဆယ်နယ်စပ်
မေစိုးစံ

မေစိုးစံ

Similar Picks:

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

by ဧရာဝတီ
23 January 2024
1.6k

တိုက်ပွဲ မဖြစ်ပွားခင်က တရုတ်နိုင်ငံဘက်သို့ သွားရောက်အလုပ် လုပ်ကိုင်ပါက တရက်လျှင် လုပ်အားခ တရုတ်ငွေ ယွမ် ၈၀ ခန့် ရသော်လည်း ယခု တိုက်ပွဲများ ဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့် အချိန်တွင် တရုတ်ဘက်သို့ သွားရောက်...

မြန်မာ့ ဖရဲများ / ဧရာဝတီ

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှု မူဆယ်နယ်စပ်တွင် နေ့စဉ် ဖရဲ ၅ တန်နီးပါး စွန့်ပစ်နေရ

by မျိုးပပစန်း
11 February 2020
6.9k

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအရှိန်ကြောင့် မူဆယ်နယ်စပ်တွင် တရက်လျှင် ဖရဲ ၅ တန်နီးပါးခန့် စွန့်ပစ်နေရကြောင်း မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဧရာဝတီသို့ ပြောသည်။

Next Post
စည်ပင်က သရုပ်ပြထားသော ကားဘီး သော့ခတ်မည့် ပုံစံ / မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ

မန္တလေးတွင် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို အရေးယူတော့မည်

တောင်ဒဂုံ ဦးဝီစာရ အိမ်ရာ၌ အိမ်ရှင်နှိပ်စက်ခံရသော အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေး /  ဦးကိုကိုကြီး ဖေ့စ်ဘုတ်

ကလေးများကို နှိပ်စက်ခြင်းသည် မြန်မာ့ တရားစီရင်ရေးစနစ် ကျရှုံးခြင်း

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
2.6k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate