• English
Monday, July 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာအစိုးရ အခွန် ပိုတောင်း၍ တရုတ်ရေနံချက်စက်ရုံ မလည်နိုင်သေးဟု ဆို

by Aung Hla Tun နှင့် Chen Aizhu
11 October 2016
in စီးပွားရေး
A A
PetroChina ၏ ရေနံချက်စက်ရုံတရုံ / Reuters

PetroChina ၏ ရေနံချက်စက်ရုံတရုံ / Reuters

1.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ပိုက်လိုင်းမှတဆင့် သယ်ယူသည့် ရေနံအတွက် အခွန် အပိုပေးဆောင်ရန် အခက်အခဲ ရှိနေ သောကြောင့် တရုတ်အစိုးရပိုင် PetroChina က မြန်မာ နယ်စပ် အနီးတွင် အသစ်တည်ဆောက်ထားသော ရေနံချက် စက်ရုံတရုံသည် လုပ်ငန်း စတင်ရန် နှောင့်နှေးနေခဲ့သည်ဟု အဆိုပါ လုပ်ငန်းခွင်အတွင်းမှ တရုတ်အကြီးတန်း သတင်း ရင်းမြစ် ၂ ခုက ပြောသည်။

PetroChina ၏ မိခင်ကုမ္ပဏီ ဖြစ်သော CNPC က ပြီးခဲ့သည့်နှစ် အစောပိုင်းတွင် ရေနက်ဆိပ်ကမ်းတခုနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ကီလိုမီတာ ၂၄၀၀ ရှိ သည့် ပိုက်လိုင်းတို့ကို လုပ်ငန်း စမ်းသပ် လည်ပတ်မှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံက မလက္ကာ ရေလက်ကြားကို မှီခိုနေရမှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ပိုက်လိုင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏ နိုင်ငံခြားမှ တင်သွင်းသော ရေနံ ၈၀ ရာခိုင်နှုန်းကို အဆိုပါ ပိုက် လိုင်းမှ တဆင့် ပို့ဆောင်နေသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
903
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
5.1k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.8k

တင်သွင်းလာသည့် ရေနံများကို ချက်လုပ်ရန် အတွက် PetroChina က ယူနန်ပြည်နယ် Anning တွင် တနေ့လျှင် ရေနံ စည် ၂၆၀,၀၀၀ ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံ တခုကို တည်ဆောက်ခဲ့ပြီး ယခုအချိန်အထိ သိုလှောင်ကန်များတွင် သိမ်းဆည်းထားခြင်းသာ ပြုလုပ်နိုင်သေးသည်။

PetroChina က Anning ရေနံချက်စက်ရုံကို ဇူလိုင်လဝန်းကျင်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုလအတွင်းတွင် စမ်းသပ် လည်ပတ်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း စီမံကိန်း သည် ယခုအခါတွင် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါ အကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

“သဘောတူထားပြီး ဖြစ်တဲ့ ဖြတ်ကျော်ခနဲ့ ပိုက်လိုင်း အခွန်အပြင် မြန်မာ အစိုးရက ရေနံစိမ်းအတွက် အခွန် ၅ ရာခိုင်နှုန်း ထပ်တိုးပေးဖို့ တောင်းဆိုနေတယ်” ဟု ဘေဂျင်း အခြေစိုက် ရေနံလုပ်ငန်း တာဝန် ရှိသူ တဦးက ပြောသည်။

“အဲဒါက နိုင်ငံတကာ စံနှုန်းတွေနဲ့ အတော်လေးကွဲလွဲနေပါတယ်။ တကယ်လို့ အဲဒီအခွန်ကို ထပ်ပေးရမယ်ဆိုရင် စက်ရုံက အရှုံးပေါ်တော့မှာ သေချာပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ ထိုပြဿနာကြောင့် စက်ရုံ စတင်လည်ပတ် ရေးကို ဆိုင်းငံ့ထားရသည်ဟု သူက ထပ်ပြောသည်။

ပုံမှန်အားဖြင့် ရေနံချက် စက်ရုံ အသစ်တခု အနေဖြင့် စီးပွားဖြစ် လုပ်ငန်းဆောင်ရွက်မှုကို မပြုလုပ်မီ စမ်းသပ်လည်ပတ်မှု လ ပေါင်းများစွာ ပြုလုပ်ရသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန မှ အကြီးတန်း အရာရှိတဦးက ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် အခြားအစိုးရ အဖွဲ့ အစည်းအများက ပြောင်းလဲမှုပြုလုပ်ရန် တောင်းဆိုလာခဲ့လျှင် ပိုက်လိုင်းအတွက် ကန်ထရိုက်စာချုပ်ကို ပြင်ဆင်မှုများ ပြုလုပ်ရန် ၂ နိုင်ငံ သဘောတူညီခဲ့ပြီး ဖြစ်သည် ဟုပြောသည်။

“သက်ဆိုင်ရာ တရုတ် ကုမ္ပဏီ အနေနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်နေတုန်းပါပဲ။ သူတို့ ၂ ကြိမ် တွေ့ဆုံခဲ့ပြီးပြီ။ ဒါပေမယ့် မဖြေရှင်းနိုင်သေးဘူး” ဟု အဆိုပါ အရာရှိကြီး ကပြောသည်။ သူ့အနေဖြင့် မီဒီယာများနှင့် စ ကား ပြောရန် အခွင့် အာဏာ မရှိသည့် အတွက် သူ၏ အမည်ကို ဖော်ပြခြင်း မပြုရန်လည်း တောင်းဆိုခဲ့သည်။

ကုမ္ပဏီဘက်မှ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ကိစ္စများအတွက် မှတ်ချက်ပေးမည် မဟုတ်ကြောင်း PetroChina ၏ ပြောရေးဆိုခွင့် ရှိသူ တဦးက ပြောသည်။

တနေ့လျှင် ရေနံစည် ၄၄၀၀၀၀ ပို့ဆောင်ပေးနိုင်သည့် ရေနံပိုက်လိုင်းက မြန်မာနိုင်ငံ အနောက်ပိုင်း ကျောက်ဖြူမြို့တွင် စ တင်၍ တရုတ်နိုင်ငံဘက်မှ နယ်စပ်မြို့ ဖြစ်သည့် Ruili သို့ရောက်ရှိမည် ဖြစ်ပြီး CNPC နှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်း (MOGE) တို့၏ ဖက်စပ် ရင်းနှီး မြှုပ်နှံမှု ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ အာဏာရရှိလာသည့် ဧပြီလမှ စတင်၍ တရုတ်နိုင်ငံသည် သံတမန်ရေး အရ ခက်ခဲစွာ ဆောင်ရွက်ရမှုများ ရှိနေပြီး ၎င်းကလည်း သဘာဝ အရင်းအမြစ်ကြွယ်ဝသည့် အိမ်နီးချင်းနိုင်ငံ နှင့် ကောင်း မွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ထားနိုင်ရန် ဆန္ဒရှိနေသည်။ တရုတ်နိုင်ငံက ရေနံပိုက်လိုင်းနှင့် အပြိုင် ဓာတ်ငွေ့ ပိုက်လိုင်း တခုကိုလည်းတည်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးစားရေကာတာ စီမံကိန်းများ ဆောင်ရွက်ရန် လည်း ကြိုးစားနေသည်။

Your Thoughts …
Tags: ရေနံချက်စက်ရုံ
Aung Hla Tun နှင့် Chen Aizhu

Aung Hla Tun နှင့် Chen Aizhu

Similar Picks:

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် စတင်

by ဧရာဝတီ
3 March 2025
3.8k

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တရားဝင်ဖိတ်ကြားမှုဖြင့် သွားရောက်သည့် ထိုခရီးစဉ်သည် တပတ်ကြာမြင့်မည်ဖြစ်ပြီး မတ် ၄ ရက်တွင် စစ်ခေါင်းဆောင်နှင့် သမ္မတပူတင်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

ထိုင်းနှင့် တောင်ကိုရီးယား ဒီဇယ်ထုတ်လုပ်သူများ မြန်မာဝယ်လက်များကို ဂရုစိုက်စောင့်ကြည့်

by ဧရာဝတီ
10 November 2023
3.1k

MOGE ကို အရေးယူ ပိတ်ဆို့ပြီးနောက် မြန်မာသို့ ဒီဇယ်ပုံမှန် ရောင်းချသည့် အာရှ ရေနံချက်စက်ရုံ အများအပြားသည် အထူးဂရုစိုက်နေကြသည်။

Next Post
ရွေးကောက်ပွဲ မဲဆွယ်ကာ ရှမ်းပြည်နယ် NLD ၏ မဲဆွယ် မြင်ကွင်း /  Ko Toe Taunggyi/Facebook

ရှမ်းပြည်နယ် NLD ထုတ်ပယ်၊ ရာထူးချ ကိစ္စ ခုံရုံးဖွဲ့ စစ်မည်

အာရှရဲ့ အနာဂါတ် တရုတ်ဘီလျံနာ Jack Ma ဟောကိန်းထုတ်

အာရှရဲ့ အနာဂါတ် တရုတ်ဘီလျံနာ Jack Ma ဟောကိန်းထုတ်

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.3k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate