• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ သီလဝါ စတော့ ရှယ်ယာ ဈေးနှုန်း ကျပ် ၅၃၀၀၀ အထိ ရောက်ရှိ

by မေစိုးစံ
29 October 2016
in စီးပွားရေး
A A
ရန်ကုန် စတော့ အိတ်ချိန်း / မေစိုးစံ / ဧရာဝတီ

ရန်ကုန် စတော့ အိတ်ချိန်း / မေစိုးစံ / ဧရာဝတီ

30.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ သီလဝါ အက်(စ်)အီးဇက် ပတ်ပလစ် လီမီတက် (MTSH) ၏ စတော့ ရှယ်ယာ ဈေးနှုန်းသည် အောက်တိုဘာ နောက်ဆုံးပတ် အတွင်း တစုလျှင် ကျပ် ၅၃,၀၀၀ အထိ မြင့်တက်လာပြီး ဈေးကွက်လှုပ်ရှားမှု ရှိလာခဲ့ကြောင်း ရန်ကုန် စတော့ အိတ်ချိန်း (YSX) မှ သိရသည်။

MTSH ရှယ်ယာ ဈေးနှုန်း မြင့်တက်လာခဲ့ခြင်းသည် ရှယ်ယာတစုကို ဆယ်စုအဖြစ် ရှယ်ယာ ခွဲထုတ်မည်ဟု MTSH က အသိပေး ကြေညာချက် ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၄ ရက်တွင် ရှယ်ယာဈေး တစုလျှင် ကျပ် ၄၈၀၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၂၈ ရက်တွင် ကျပ် ၅၃,၀၀၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.3k

ရှယ်ယာဈေးနှုန်းသည် တပတ်အတွင်း တစုလျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင်ခန့် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“MTSH က ရှယ်ယာခွဲခြမ်းမယ်လို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ဝယ်လိုအားရော ရှယ်ယာဈေးရော တက်တယ်။ အခုက ၅ သောင်း ခွဲလိုက်ရင် ၅ ထောင် ဖြစ်သွားမယ်။ နဂိုက တစောင်ပိုင်ရင် အခုဆို ၁၀ စောင် ပိုင်လာမယ်။ သာမန်ပြည်သူ အားလုံး ဝယ်ယူနိုင်တဲ့ အခွင့်အရေးရမယ်။ စိတ်ဝင်စားမှုလည်း ပိုလာတယ်။ အဲဒီလိုဆို ဈေးကလည်း အတက်အကျ မကြမ်း တော့ဘူး” ဟု ရန်ကုန် စတော့ အိတ်ချိန်း(YSX) ၏ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က ပြောသည်။

MTSH ကုမ္ပဏီက ရှယ်ယာတစုကို ဆယ်စုအဖြစ် ခွဲထုတ်မည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က ကြေညာခဲ့ပြီး ထို အစီအစဉ်အတိုင်း လုပ်ဆောင်ရန် ကုမ္ပဏီက ထိန်းသိမ်းထားသည့် အထူးစာရင်းရှိ အစုရှယ်ယာ လွှဲပြောင်းမှုကို အောက်တိုဘာ ၃၁ ရက် မှ နိုဝင်ဘာ ၃ ရက်အထိ ခေတ္တပိတ်မည်ဖြစ်ကြောင်းလည်း MTSH က အောက်တိုဘာ ၂၄ ရက် တွင် ထုတ်ပြန် အသိပေးခဲ့သည်။

MTSH ကုမ္ပဏီ၏ အစုရှယ်ယာများကို ရန်ကုန် စတော့ အိတ်ချိန်း၌ အရောင်းအဝယ် ပြုလုပ်ခြင်း၊ အရောင်းအဝယ် မဟုတ် သော လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းထားပြီး နိုဝင်ဘာ ၄ ရက်မှ စတင်၍ စတော့ရှယ်ယာ ရောင်းဝယ်မှုများကို ရန်ကုန် စတော့ အိတ်ချိန်းတွင် ပြန်လည်စတင်မည်ဟုလည်း MTSH က ထုတ်ပြန်ခဲ့သည်။

“ဈေးကွက် ၄ ရက် နားချိန်မှာ နောက်ဆုံးရှယ်ယာ ပိုင်တဲ့သူတွေကို ကျနော်တို့ စာရင်းလုပ်မယ်။ နောက်တရက်မှာ ရှယ်ယာ တွေကို ခွဲလိုက်မယ်။ နောက်ဆုံး နာမည်ပေါက်သူ အားလုံးကို ၁ ရက်နေ့မှာ စာရင်းပြုစုပြီး ၂ ရက်နေ့မှာ အကုန် လုံး ကို ၁၀ နဲ့ မြောက်မယ်။ အစု ၂၀ ပိုင်ရင် ၂၀၀ ဖြစ်မယ်။ ၄ ရက်နေ့မှာ အောက်တိုဘာ ၂၈ နေ့လယ်မှာ ဖြစ်ခဲ့တဲ့ ဈေးနှုန်း နဲ့ပဲ အသစ်ပြန်ဖွင့်မယ်”ဟု ဦးသက်ထွန်းဦးက ပြောသည်။

MTSH က အောက်တိုဘာ ၂၈ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းသည် နံနက်ပိုင်းတွင် ကျပ် ၅၃,၀၀၀ အထိ ဈေးဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျပ် ၅၁,၀၀၀ ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်းတွင် စာရင်းဝင် စတော့ကုမ္ပဏီ ၃ ခုရှိပြီး FMI ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများ ဘဏ်နှင့် မြန်မာ သီလဝါ အက်(စ်)အီးဇက် ပတ်ပလစ် လီမီတက် (MTSH) တို့ ဖြစ်ကြသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက် ပတ်ပလစ်လီမီတက်သည် ရန်ကုန် စတော့အိတ်ချိန်း၌ ၂၀၁၆ ခုနှစ် မေလတွင် စာရင်း ဝင်ခဲ့သော ကုမ္ပဏီ ဖြစ်သည်။

လက်ရှိ ဈေးကွက်လှုပ်ရှားမှု အများဆုံးသည် သီလဝါရှယ်ယာ များဖြစ်ပြီး အရောင်းအဝယ် လုပ်ကိုင်နေသူများသည် မူရင်း ရှယ်ယာ ပိုင်ရှင်များ၊ သီလဝါရှယ်ယာ အရောင်းစဖွင့်ချိန်က စိတ်ဝင်စားမှုကြောင့် ဝယ်ယူထားသူများသာ ဖြစ်ကြောင်း စတော့ဈေးကွက် စောင့်ကြည်သူ ဦးကြည်ရှိန်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့များကို ဝယ်ရန်ရောင်း ပြုလုပ်ရန် ကြားခံကုမ္ပဏီအဖြစ် လုပ်ဆောင်ပေးသည့် ငွေချေး သက်သေခံ လက်မှတ်ကုမ္ပဏီ ၅ ခုရှိပြီး ထို ၅ ခုတွင် စာရင်း ဖွင့်လှစ်ထားသူပေါင်း ၂၀,၀၀၀ ကျော် ရှိသော်လည်း အမှန် တကယ် ဈေးကွက်အတွင်း ပါဝင်နေသည့် အရေအတွက်မှာ ထောင်ဂဏန်းခန့်သာ ရှိကြောင်း သိရသည်။

Your Thoughts …
Tags: စတော့ဈေးကွက်
မေစိုးစံ

မေစိုးစံ

Similar Picks:

ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်က ရန်ကုန်စတော့အိတ်ချိန်း / Reuters

ရုန်းကန်နေရသော ကမ္ဘာ့သက်တမ်း အငယ်ဆုံး မြန်မာ့စတော့ဈေးကွက်

by Denis D.Gray
18 November 2016
15.2k

၇ လသားပဲရှိသေးသော ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီ ၃ ခုတည်း မူရင်းဈေးအောက်မှာ ရောင်းဝယ်နေကြသေးသည်။ ပျင်းရိစရာ လာအိုနှင့် ကမ္ဘောဒီးယားဈေးကွတ်လို ဖြစ်သွားမလား၊ အားကျစရာ ဗီယက်နမ်လို ဖြစ်လာမလား။

Next Post
/ မျိုးမင်းစိုး / ဧရာဝတီ

သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း

ပြည်တွင်းစစ် ရပ်တန့်ရေး လက်မှတ် ကောက်ယူပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်ကြစဉ် / ပြေကျော် / ဧရာဝတီ

ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံး ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate