• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဆွီဒင်တရားရုံး ဆုံးဖြတ်ချက် မြန်မာ့သစ်တင်ပို့မှုကို ရိုက်ခတ်နိုင်

by ငြိမ်းငြိမ်း
18 November 2016
in စီးပွားရေး
A A
စစ်ကိုင်းတိုင်းအတွင်းရှိ အစိုးရ သစ်ထုတ်စခန်းတခု /  ဂျေပိုင် / ဧရာဝတီ

စစ်ကိုင်းတိုင်းအတွင်းရှိ အစိုးရ သစ်ထုတ်စခန်းတခု / ဂျေပိုင် / ဧရာဝတီ

49.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ တရားမဝင် ကျွန်းသစ်ထုတ်ကုန်များ တင်သွင်းသည်ဟုုဆိုကာ ဆွီဒင် ကုမ္ပဏီတခုကို ဆွီဒင် တရားရုံးတရုံး က ဒဏ်ရိုက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ သစ်တင်ပို့သူတို့၏ ဈေးကွက်ဝေစု ကိုလည်း သက်ရောက်မှုရှိ လိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

ယခု အပတ်အတွင်း ဥရောပဈေးကွက်အတွင်း သစ်အချောထည်များ တင်သွင်းသော ဆွီဒင် ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သည့် Almträ Nordic ကို ဆွီဒင် အုပ်ချုပ်ရေးတရားရုံးက ၎င်းတင်သွင်းလာသည့် မြန်မာကျွန်းသစ် များသည် တရားဝင် ခုတ်ယူ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း လုံလောက်သည့် သက်သေ အထောက်အထား ပြသနိုင်ခြင်း မရှိဟုဆိုကာ ဆွီဒင်ငွေ ၁၇၀၀၀ ခရိုနာ (အမေရိကန် ဒေါ် လာ ၁၇၀၀) ဒဏ်ရိုက်ခဲ့သည်။ ထိုသတင်းကို အမေရိကန် အခြေစိုက် သဘာပတ်ဝန်းကျင်ရေးရာ NGO တခုဖြစ်သည့် Forest Trends က နိုဝင်ဘာလ ၁၅ ရက် နေ့ တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ဆွီဒင်အာဏာပိုင်များ၏ တားမြစ်ချက်အမိန့်တင်ခဲ့လို ကုမ္ပဏီကလည်း အသနားခံလွှာ တင်ခဲ့ပြီး ၁ နှစ်နီးပါးအကြာတွင် တရားရုံးက မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် (MFPMF) မှ ထုတ်ပေးသည့် စာရွက်စာ တမ်းများနှင့် မြန်မာ့သစ်လုပ်ငန်း (MTE) မှ ထုတ်ပေးသည့် ပါမစ်များက တရားဝင်ဖြစ်ကြောင်း လုံလောက်အောင် သက် သေမပြနိုင်သဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၇ ရက်နေ့က စစ်ဆေးရာတွင် Almträ Nordic ကုမ္ပဏီသည် စင်ကာပူ ကုန်သွယ်ရေး ကုမ္ပဏီမှတဆင့် ကျွန်းသစ်များ တင်သွင်းခြင်းက ဥရောပ သစ်လုပ်ငန်း ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရားရုံးက ပြောသည်။ ဥရောပ သစ်လုပ်ငန်းဥပဒေကို ၂၀၁၃ ခုနှစ် က ချမှတ်ခဲ့ပြီး ဥပဒေအရ ကုမ္ပဏီများအနေဖြင့် ဥရောပ သမဂ္ဂအတွင်းသို့ တရားမဝင်သစ်များ တင်သွင်းခြင်းမဟုတ်ကြောင်း သေချာစေရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံမှ သစ်များကို တင်သွင်းတော့မည် မဟုတ်ကြောင်း ကုမ္ပဏီက ဆွီဒင်နိုင်ငံမှ EUTR တာဝန်ရှိသူများကို အကြောင်းကြားခဲ့သည်ဟုလည်း သိရသည်။

ဆွီဒင်တရားရုံး၏ စီရင်ချက်က မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားတင်ပို့သည့် သစ်များကို သေသေချာချာ စစ်ဆေးရန် လိုအပ်နေကြောင်း ဖော်ပြနေသည်ဟု မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ များက ပြောကြသည်။

ထင်ရှားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ တဦးဖြစ်ပြီး EcoDev ၏ ဒါရိုက်တာ၊ စိမ်းလန်းအမိမြေအဖွဲ့၏ ဥက္ကဌ ဦးဝင်းမျိုးသူက ဥရောပသမဂ္ဂ တရားရုံး၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှ သစ်တင်ပို့မှု၏ အနာဂတ်အပေါ် ကြီးမားစွာ သက်ရောက်နေသည်ဟု ဧရာဝတီသို့ပြောသည်။

“တကယ်လို့ ကုမ္ပဏီနဲ့ အစိုးရက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ရင်၊ တကယ်လို့ မြန်မာ့သစ်တွေက ဈေးကွက်မှာ စိတ်မချရဘူး ဆိုတဲ့သဘောရှိရင် (တရားမဝင် သစ်ထုတ်လုပ်မှုတွေနဲ့ မလွတ်ကင်းခဲ့ရင်) ကျနော်တို့ စီးပွားရေးအရလည်း ထိခိုက်နိုင်သလို ဂုဏ်သိက္ခာ အားဖြင့်လည်း ထိခိုက်နိုင်တာပေါ့” ဟု သူကပြောသည်။ ဆွီဒင် တရားရုံးက မြန်မာနိုင်ငံမှ ကျွန်းသစ်များသည် ဥရောပ စံနှုန်းနှင့်သော်လည်းကောင်း နိုင်ငံတကာစံနှုန်းနှင့် သော်လည်းကောင်း ကိုက်ညီခြင်းမရှိဟု ပြောခဲ့သည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

လက်ရှိတွင် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်မှ အစိုးရပိုင် မြန်မာ့ သစ်လုပ်ငန်းကသာ သစ်ထုတ်လုပ်မှုမှန်သမျှကို ဆောင်ရွက်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ် အစောပိုင်းမှ စ၍ သစ်ခုတ်ခြင်းကို တားမြစ်ထားပြီး နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့ ခြင်းကိုလည်း ၂၀၁၄ ခုနှစ်မှ စ၍ ပိတ်ပင်ခဲ့သည်။

မြန်မာ့သစ်လုပ်ငန်း၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက ဆွီဒင်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာ့သစ်တောထောက်ချက် (သက်သေခံ ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့) နှင့် အတူ သုံးသပ်မှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်ခဲ့သည့် လွန်ခဲ့သော ၂ နှစ်က စ၍ မြန်မာ့ သစ်လုပ်ငန်းက သက်သေခံလက်မှတ် (certificates) ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။

“တကယ်လို့ ဆွီဒင်တရားရုံးကဖြစ်စေ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြစ်စေ ကျနော်တို့ကို မေးမယ်ရင် ကျနော် တို့က စစ်ဆေးပြီးတော့ ဒီကျွန်းသစ်တွေက အမှန်တကယ် မြန်မာနိုင်ငံကလာတာ ဟုတ်မဟုတ် သေချာပြောပြနိုင်မယ်။ ကျနော်တို့ရဲ့ ကျွန်းသစ်တွေက တရားဝင်သစ်တွေချည်းပဲ။ အခုအချိန် အထိတော့ ကျနော်တို့ အနေနဲ့လည်း စင်ကာပူ ကုန်သွယ်ရေး ကုမ္ပဏီ်ပါတာလောက်ပဲ သိရပါတယ်။ ကုမ္ပဏီ နာမည်ကို မသိရပါဘူး။ ကျနော်တို့ဆီက ဝယ်တဲ့ အထောက်အထားရှိရင် မေးပါ” ဟု ဦးအေးချိုသောင်းက ပြောသည်။

မြန်မာနိုင်ငံမှ ကျွန်းသစ်များကို နယ်သာလန်၊ ဒိန်းမတ်၊ အီတလီ နှင့် ဂျာမနီ အပါအဝင် ဥရောပနိုင်ငံ အများအပြားသို့ တင်ပို့နေသည်။

“ဒီအမှုက ခု ပထမဆုံး ဖြစ်တယ်။ ဒါ အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်တယ်။ အခု ဥရောပက ဒီလိုု ပြဿနာ ရှိတယ်ဆိုပြီး ဥရောပ တရားရုံးတခုက ဆုံးဖြတ်တာဖြစ်တဲ့အတွက် ဥရောပ နိုင်ငံတွေ အကုန်လုံး အကျိုးသက်ရောက်မှု ရှိမယ်။ နောက်ဆက်တွဲက သြစတြေးလျနဲ့ အမေရိကကို သွားမယ်။ သူတို့ ဒါကို ပြန်ရည်ညွှန်းရင် အမေရိက ဝယ်လက်နဲ့ သြစတြေးလျ ဝယ်လက်တွေက စဉ်းစားသွားလိမ့်မယ်” ဟု ဦးဝင်းမျိုးသူက ဈေးကွက်လျော့သွားနိုင်ကြောင်း ပြောသည်။

Forest Trends ၏ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အစီအစဉ်မှ သစ်တော မူဝါဒဆိုင်ရာ ဒါရိုက်တာ Kerstin Canby က ဆွီ ဒင်နိုင်ငံမှ အခြားကုမ္ပဏီများကလည်း မြန်မာသစ်ရောင်းချသူများထံမှ စာရွက်စာတမ်း အထောက်အထားများ ပိုမိုတောင်းခံ လာကြဖွယ်ရာ ရှိသည်ဟု ဧရာဝတီသို့ အီးမေးလ်မှ တဆင့်ပြောသည်။

“တကယ်လို့ အခုအမှုမှာ လိုနေတယ်လို့ ဆွီဒင်တရားရုံးက ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို သူတို့ အနေနဲ့ မရနိုင်ဆိုရင် ဆွီဒင် ကုမ္ပဏီတွေကလည်း ဒဏ်ရိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် မြန်မာနိုင်ငံကနေ ဝယ်တော့မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

၂၀၁၂ မှ ၂၀၁၅ အတွင်းတွင် ဥရောပ သစ်ဈေးကွက်၌ မြန်မာ့သစ်များ၏ တန်ဖိုးမှာ ယူရိုငွေ သန်း ၅၀ နီးပါး ရှိခဲ့သည်။ အကယ်၍ မြန်မာနိုင်ငံက ထိုဈေးကွက်ဝေစုကို ဆက်လက်ထိန်းသိမ်းလိုခဲ့လျှင် ထောက်ပံ့မှုကွင်းဆက် အတွင်းမှ ပွင့်လင်း မြင်သာမှုရှိရန် EUTR ၏ သတ်မှတ်ချက်များနှင့် အညီ ကိုက်ညီကြောင်း သက်သေပြရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်သည်ဟု Forest Trends က ပြောသည်။

ပုဂ္ဂလိက အဖွဲ့ အစည်းဖြစ်သည့် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ ်(MFPMF)နှင့် အစိုးရ၏ မြန်မာသစ်တော ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ တို့က ထုတ်ပေးသည့် အထောက်အထား စာရွက်စာတမ်းများ ရှိသည် ဆိုလျှင်ပင် သစ်ထုတ်ယူမှုကို ဥပဒေများနှင့် အညီဆောင်ရွက်ခဲ့ခြင်း အမြဲတမ်း မဖြစ်နိုင်ကြောင်း တရားဝင်သစ်ဟုဆိုတိုင်း တရားဝင်မဖြစ်နိုင်ကြောင်း ဦးဝင်းမျိုးသူက ထပ်ပြော သည်။

“ခုက အစိုးရကထုတ်တဲ့သစ်မို့ တရားဝင်တယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် သစ်ထုတ်တဲ့ ဝန်ထမ်းတွေ၊ အစိုးရသစ်ထုတ်ခွင့်ရခဲ့တဲ့ ပုဂ္ဂလိကကုမဏီတွေကရော အစိုးရတကယ်ပြဌာန်းထားတဲ့စည်းကမ်းအတိုင်း အမှန်တကယ်လုပ်ရဲ့လားဆိုတာကို ဆရာတို့ အရပ်ဖက်အဖွဲ့အစည်းတွေက အစဉ်တစိုက် ထောက်ပြပြောဆိုနေတာလေ။ အောင်စာရင်းကတော့ အကုန်ကောင်းနေတယ်။ ဒါပေမယ့် လက်တွေ့လုပ်တဲ့အခါမှာ တကယ် ခုတ်ရမယ်ဆိုတဲ့နေရာကို ရောက်အောင်သွားပီးခုတ်လား။ တကယ်လုပ်လား။ ပြီးတော့ တရားဝင်သစ်နဲ့ တရားမဝင်သစ်ကို ရောပြီးတော့ ညှပ်ပီးတော့ နိုင်ငံခြားပို့လား။ ဒါတွေက သေသေချာချာ စစ်ဆေးဖို့ လိုနေတယ်လို့ ဆရာတို့က အစဉ်တဆက် ထောက်ပြထားတာ” ဟု ဦးဝင်းမျိုးသူကပြောသည်။

“တကယ်လို့ သူတို့ (ဆွီဒင်ကုမ္ပဏီများ) က Almträ Nordic ကုမ္ပဏီ အသုံးပြုခဲ့တဲ့ (Green Folder လို့ခေါ်နိုင်တဲ့) အလား တူ စာရွက်စာတမ်းတွေ သုံးမယ်၊ ဆွီဒင် တရားရုံးက ပျောက်ဆုံးနေတယ်လို့ ယူဆတဲ့ သက်သေ အထောက်အထားတွေ မပါဘူး ဆိုရင် ဆွီဒင် တာဝန်ရှိသူတွေက ဆွီဒင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ အဲဒီကုမ္ပဏီတွေက EUTR စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်လို့ ယူဆမှာပဲ” ဟု Kerstin Canby က ထပ်ရှင်းပြသည်။

အခြား EU နိုင်ငံများမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ပတ်သက်သည့် အလားတူ အမှုများကို စုံစမ်း စစ်ဆေးနေကြသည်ဟု Forest Trends ၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် အလားတူ တရားရုံး အဆုံးအဖြတ်များ လည်း မြင်တွေ့ရနိုင်သည်ဟု သူတို့က မျှော်လင့်ထားသည်။

“ဒီအမှုက မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းချုပ် (MFPMF) က ထုတ်ပေးတဲ့ အထောက်အထား တွေက တရားဝင်ဖြစ်တယ်ဆိုတဲ့သက်သေမလုံလောက်ဘူးလို့ တရားရုံးတရုံးက ဆုံးဖြတ်လိုက်တဲ့ ပထမဆုံး အမှုဖြစ်ပါတယ်။ တခြားတရားရုံး တွေအတွက်လည်း ဒါကို ဥပမာ ယူပြီးတော့ ဥရောပ ကုမ္ပဏီတွေက EUTR စည်းမျဉ်းတွေနဲ့ အညီဆောင်ရွက်ခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်တဲ့ နေရာမှာလည်း လမ်းညွှန်တခု ဖြစ်လာဖွယ်ရာ ရှိပါတယ်။” ဟု Forest Trends မှ ဝါရင့် မူဝါဒရေးရာလေ့လာဆန်းစစ်သူ တဦး ဖြစ်သည့် Jade Saunders ကပြောသည်။ သူက ဥရောပနှင့် အမေရိကန်မှ ဥပဒေ အရာရှိများနှင့် အတူ အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

ယခုအချိန်အထိ ပွင့်လင်းမြင်သာအားကောင်းသည့် စနစ်မရှိသေးသော နိုင်ငံများမှ သစ်များဝယ်ယူရောင်းချမှုများတွင် ကမ္ဘာ့စံနှုန်းသစ် တခု အဖြစ် သစ်ဝယ်ယူသူများအနေဖြင့် တာဝန်ယူမှုရှိစေရန် တတိယအဖွဲ့တခုက ကြားဝင် စာရင်းစစ်ပေးရန်လည်း လိုအပ်ကြောင်း သူက အကြံပြုသည်။

“ဥရောပ ကုမ္ပဏီတွေ အနေနဲ့ လုပ်ကိုင်နိုင်အောင်၊ အန္တရယ်နည်းအောင် အတွက် ထုတ်လုပ်တဲ့ နေရာအထိပါဝင်တဲ့ ထောက်ပံ့မှုကွင်းဆက်ကို အပြည့်အဝမှတ်တမ်းယူရမယ်ဆိုတာကို ဒီစီရင်ချက်က ရှင်းရှင်းလင်းလင်း ဖော်ပြနေပါ တယ်။” ဟု Jade Saunders က ဧရာဝတီသို့ ပြောသည်။

“အခု ကျမတို့က ဥရောပကို အာရုံ စိုက်နေပေမယ့် ဆွီဒင် တရားရုံးရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်သွင်းတဲ့နေရာမှာလည်း သက်ရောက်မှုရှိလာနိုင်ပြီးတော့ Lacey Act (တရားမဝင် သဘာဝတောရိုင်း ပစ္စည်းများတင် သွင်းခြင်းကို တားမြစ်သည့် အမေရိကန် ဥပဒေ) နဲ့ အညီ စနစ်တကျ ဆောင်ရွက်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ပြောသည်။

Your Thoughts …
Tags: သစ်တင်ပို့မှု
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
တွံတေးတွင် ပယောဂဆရာက ကလေးငယ်များကို သတ်မှု ယနေ့ အချုပ်ရမန်ယူစဉ် / မျိုးမင်းစိုး / ဧရာဝတီ

အပြစ်ရှိကြောင်း တရားရုံးမှာ ပယောဂဆရာ ဝန်ခံ

၂၀၁၅ ခုနှစ်အတွင်း ဆေးရုံမှ ဆင်းလာစဉ် တွေ့ရသော ထိုင်းမိဖုရားကြီး သီရိခေတ် / Reuters

ထိုင်းမိဖုရားကြီး အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတင်ရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate