စီးပွားရေး

လုပ်ငန်းသုံးအတွက် တန်ကြေးနည်း Hyundai Porter II

Light Truck တန်းဝင် အလတ်တန်းစား မော်ဒယ်တွေထဲမှာ ဂျပန်ထုတ် Twonace တွေရဲ့ဈေးနှုန်းက တော်တော်လေး မာနေပါတယ်။ Mazda နဲ့ Toyota ရဲ့ မော်ဒယ် အများစု ဈေးကွက်မှာ လူကြိုက်များနေပြီး နယ်ဘက်တွေမှာ ပိုပြီး လူကြိုက်များပါတယ်။

ဒါပေမယ့် အခုရက်ပိုင်းအတွင်း ကားဈေးတွေ အတက်ကြမ်းနေသလို အဆိုပါ ဂျပန်မော်ဒယ်တွေလည်း သိန်း ၄၀ လောက် ထိအောင် ခုန်တက်သွားပါတယ်။

အခု ကိုရီးယားမော်ဒယ် Porter တွေကတော့ ဈေးသိပ် မတက်သေးသလို မော်ဒယ်နှစ် ရွေးချယ်နိုင်မှုလည်း များနေတာမို့ စိတ်ဝင်စားစရာပါ။ Porter II တွေက လုပ်ငန်းသုံး မော်ဒယ်အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီသုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်။

ဆီစား အရမ်းချိုတယ်၊ ဝယ်ရ လွယ်တယ်၊ ဈေး အတက်အကျလည်း မကြမ်းဘူး။ ကိုယ်ထည်လည်း သေးတာကြောင့် မြို့တွင်းသုံး မော်ဒယ်အနေနဲ့ပါ အဆင်ပြေတာကြောင့် ဝယ်လက် ကြိုက်ပေမယ့် အခု Porter II အနေနဲ့က နယ်ဝယ်လက်ပဲ အဓိက ကြိုက်ကြပြီး ရန်ကုန်မှာက ကိုယ်ထည်အလျား ရှည်တာကြောင့် ဝယ်လက်နည်းပြီး ဈေးတန့်နေတာ တခုက နယ် ဝယ်လက်အတွက် ဈေးချိုချိုနဲ့ ရနိုင်စေမယ့် အားသာချက် ဖြစ်လာစေပါတယ်။

ကုန်တင်လုပ်ငန်းသုံး မော်ဒယ်ဖြစ်လို့ ဂီယာပိုင်းမှာ Manual နဲ့ ဖြစ်နေတာက အပြစ်ပြောဖို့ ခက်ပါတယ်။ ဒီဇယ်အင်ဂျင် စနစ်က ရုန်းအားကောင်းပြီး ဝန်တင်ဆောင်နိုင်မှုလည်း မဆိုးပါဘူး။ ၁ တန်တင်နိုင်မှာ ဖြစ်ပြီးလမ်းကြမ်းပိ်ုင်း ရုန်းအား အထူး ကောင်းပါတယ်။

အခန်းဖွဲ့မှာ ၁ ခန်းဖွဲ့ရော ၂ ခန်းဖွဲ့ ပုံစံနဲ့ပါ ရနိုင်ပါတယ်။ တခန်းဖွဲ့ ပုံစံနဲ့ Porter II တွေကတော့ နောက်ဘက် ဝန်တင်ခန်း ပိုမိုကျယ်ဝန်းမှာ ဖြစ်ပြီး လုပ်ငန်းသုံး မော်ဒယ်စစ်စစ်ပါ။ ၂.၅ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီး ဆီစားနှုန်းက ပျမ်းမျှ တဂါလံကို ၂၅ မိုင် စီးနင်းနိုင်မှာပါ။

ဒါတောင် မော်ဒယ်မြင့်မယ်ဆိုရင် ပိုပြီး ဆီစား သက်သာပါတယ်။ ဈေးကွက်ကိုတော့ ၂၀ဝ၇ ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ အများဆုံးဝင်တာ တွေ့ရပေမယ့် အဲဒီထက် နိမ့်တဲ့ မော်ဒယ်ရော မြင့်တဲ့မော်ဒယ်တွေပါ ရနိုင်ပါတယ်။ အခု နောက် ပိုင်း ၂၀၁၀ ခုနှစ်နဲ့ နောက်ပိုင်းထုတ်တွေ ဈေးကွက်ဝင်လာပြီး ကီလိုနည်းသွားတာရယ်၊ နည်းပညာ ပိုကောင်းလာတာကြောင့် ဈေးနည်းနည်း ပိုချင်ပါတယ်။

အများဆုံးကတော့ ၂၀ဝ၇ ခုနှစ် ဝန်းကျင်ထုတ်တွေပါ။ Grade အများအပြား မထွက်ပေမယ့် ကီလိုအပေါ်မှာ မူတည်ပြီး ဈေးနှုန်း အနည်းငယ်လေးပဲ ကွာပါတယ်။ အတွင်းခန်းကတော့ အော်ရီဂျင်နယ်အတိုင်း အားလုံး တပ်ဆင်ပြီး ဖြစ်ပါလိမ့်မယ်။

၂၀ဝ၇ ခုနှစ်ထုတ် ကီလို ၅ သောင်းဝန်းကျင် အဖြူရောင် Porter II ကို သိန်း ၁၃၀ အခေါ်ရှိပါတယ်၊ Bongo ထက်စာရင် ဈေးနိမ့်နေတာကြောင့် ဈေးကွက် အနေအထားအရ မဆိုးပါဘူး။ မော်ဒယ်မြင့်ထဲကဆိုရင် ၂၀၁၁ ခုနှစ်ထုတ် ကီလို ၄ သောင်း Porter II ကို ၁၄၅ သိန်းလာက် ခေါ်ပါတယ်။

မော်ဒယ်နှစ် ကွာပေမယ့် လုပ်ငန်းသုံး မော်ဒယ်ဖြစ်လို့ ဈေးက သိပ်မကွာပါဘူး။ ဘယ်မောင်း မော်ဒယ်တွေ ဖြစ်နေတဲ့ တချက်မှာပဲ ဈေးနည်းနည်းကျအောင် ဆွဲနိုင်မှာဖြစ်ပြီး ကျပ် ၅ သိန်းလောက်တော့ အကျဘက်မှာ ရှိနိုင်ပါလိမ့်မယ်။

Loading