Bluetooth 5 ဗားရှင်းသစ်ကို ဘယ်လို သုံးရမလဲ
ဖုန်းတွေ Tablet တွေနဲ့ အခြားကွန်ရက် ဖြန့်ကျက်စနစ် ဆိုင်ရာ စက်ပစ္စည်းတွေမှာ ထည့်သွင်းထားတဲ့ ကြိုးမဲ့ ချိတ်ဆက်မှု ဆိုင်ရာ နည်းပညာ Bluetooth ဟာ ၁၉၉၄ ခုနှစ် အတွင်း Ericsson ကနေ ဖန်တီးနိုင်ခဲ့ပါတယ်။
နောက်ပိုင်း Android စနစ်တွေလိုပဲ လိုအပ်တဲ့ အားနည်းချက်တွေ ပြင်ဆင်ရင်း၊ ပိုမို ကောင်းမွန်အောင် ဖန်တီးနေရင်း ကနေ အဆင့်တွေ မြှင့်လာခဲ့တာ အခုဆိုရင် မကြာခင် လပိုင်း အတွင်း Bluetooth 5 ကို သုံးနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့ လက်ရှိ နောက်ဆုံး သုံးနေကျ Versionကနေ ဘာတွေများ ပြောင်းလဲ တိုးတက် ကောင်းမွန်လာမှာ ပါလဲ။ ကြိုတင်ပြီး လေ့လာထားရအောင်ပါ။ ဒါမှလည်း Versionအသစ် ထွက်လာတာနဲ့ အသားကျမှာ ပေါ့။
– ဒီVersion အသစ်ကို ပြီးခဲ့တဲ့နှစ် ဇွန်လက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုနှစ် နှစ်ဆန်းပိုင်းမှာ ထွက်ရှိလာဖို့ ရှိနေတာပါ၊
– အရင်က Version နာမည် 4.0 လို့ မခေါ်တော့ပါဘူး၊ နာမည်ကို ချုံ့လိုက်ပြီး 5 လို့ပဲ ခေါ်မှာ ဖြစ်ပါတယ်။
– သုံးနိုင်မှု ကွန်ရက် အကျယ်က ၄ ဆ တိုးလာမယ်၊ လိုင်းမြန်နှုန်း ၂ ဆ တက်လာမယ်၊ အချက်အလက် ဖြန့်နှုန်း အဆ ၈၀၀ တက်လာမယ်၊ အရင်က တစက္ကန့်ကို 1 Mb ကူးနိုင်နေရာကနေ အခု တစ်စက္ကန့်ကို 2 Mb ကူးနိုင်လာမယ်၊ နောက်ပြီး Bandwidth ကိုပါ ချိန်ညှိလာနိုင်မယ်၊ စွမ်းအင်စားလည်း သိသိသာသာ လျော့နည်းလာမှာ ဖြစ်ပါတယ်၊
– Slot Availability Mask (SAM) စနစ်ပါလာမယ်၊
– ပင်မစက် ကနေ အကွာအဝေး ပေ ၈၀၀ (မီတာ၂၄၀) အထိအောင် ချိတ်ဆက် အသုံးပြုလာနိုင်မှာ ပါ။
– ထူထဲတဲ့ နံရံတွေ ကြားခံ အနေနဲ့ ရှိနေမယ် ဆိုရင်တောင်မှ သတ်မှတ် အကွာအဝေးအတွင်း ရှိနေမယ် ဆိုရင် သတင်းအချက်အလက် ပေးပို့နှုန်း ပုံမှန်နဲ့ ပေးပို့နိုင်ပါလိမ့်မယ်၊
– နောက်ပြီး Internet of Things လို့ ခေါ်တဲ့ အိမ်တွင်း အင်တာနက်နဲ့ စမတ်စနစ် ချိတ်ဆက်နိုင်အောင် ထည့်သွင်း ဖန်တီးထားတဲ့ စနစ်တွေနဲ့ အလွယ်တကူ ချိတ်ဆက် အသုံးပြုလာနိုင်မှာပါ၊
– Navigation စနစ် ပါရှိလာဖို့ ရှိနေပြီး သူက မြေပုံစနစ် အပြင် တည်နေရာပြ လုပ်ဆောင်ချက်ကိုပါ Bluetooth 5 အနေနဲ့ လုပ်ဆောင်ပေးလာနိုင်ဖို့ ရှိနေပါတယ်။ ။