စီးပွားရေး

ရုပ်ထွက်ကြောင့် ဈေးငြိမ်နေတဲ့ Hyundai Libero

Want create site? Find Free WordPress Themes and plugins.

တကယ်ဆို အလတ်တန်းစား ကုန်တင်မော်ဒယ်တွေမှာ ဂျပန်ထုတ် Toyota TownAce တွေနဲ့ Mazda Bongo တွေက ဈေးမြောက်နေတာကြောင့် ကိုယ်ထည်လည်း နည်းနည်းပိုကြီး၊ ဒီဇိုင်းလည်း လှ၊ ဆီစားလည်း သင့်ပြီး အရောင်စုံရနိုင်တဲ့ ကိုရီးယားမော်ဒယ်တွေ နေရာရလာခဲ့တာ အမှန်ပါ။

Bongo နဲ့ Porter လို မော်ဒယ်တွေက အဖြူ၊ အပြာ၊ ငွေရောင်၊ အစိမ်း စသဖြင့် ၄ရောင်လောက် ရွေးနိုင်တဲ့ အနေအထားမှာ ဂျပန်မော်ဒယ်တွေက အဖြူတမျိုးတည်းပဲ အများဆုံး ရနိုင်နေတာပါ၊ နောက်ပြီး ဂျပန်မော်ဒယ်က တခန်းဖွဲ့ ဖြစ်ပေမယ့် ကိုရီးယား မော်ဒယ်တွေက တခန်းဖွဲ့၊ အပိုခန်းဖွဲ့၊ နှစ်ခန်းဖွဲ့ ဆိုပြီး ၃ မျိုး ရနိုင်ပါသေးတယ်။

ဒီလို အချက်တွေကြောင့် ကိုရီးယား မော်ဒယ်တွေရဲ့ ဈေးကွက်နေရာက ပိုပြီး အားကောင်းလာပါတယ်။ အများဆုံး ဈေးကွက်ထဲမှာတော့ Bongo, Porter နဲ့ Libero တွေ ဝင်ပါတယ်။ ဒီနေရာမှာ လက်ရှိ ကားတင်သွင်းခွင့် မူဝါဒနဲ့အတူ ကားဈေးတွေ တက်သွားတော့ Bongo နဲ့ Porter တွေလည်း ဈေးလိုက်တက်သွားပါတယ်။

အကြောင်းကတော့ ဒီဇိုင်းလှတယ်၊ ရွေးချယ်နိုင်စရာများတယ်၊ ဈေးသင့်တယ်၊ လုပ်ငန်းသုံးများပြီး လူကြိုက်ကြတော့ ဈေးလည်း လိုက်တက်သွားတာပါ။ ဒါပေမယ့် Libero ကတော့ ဈေးငြိမ်ပြီး ကျန်ခဲ့ပါတယ်။ အောက်ပိုင်း နည်းနည်း ပျော့ချင်ပေမယ့် မြို့လမ်းမှာပဲ သုံးမယ်ဆို အဆင်ပြေပါတယ်။

အင်ဂျင်လည်း ဒီလောက် မသေးပါဘူး၊ ခရီးဝေး မောင်းနှင်နိုင်မှုရော ဝန်တင်ဆောင် ရုန်းကန်နိုင်မှုပါ အားကောင်းပါတယ်။

တခန်းဖွဲ့အနေနဲ့ပဲ အဝင်များလို့ ရွေးချယ်နိုင်စရာ နည်းပါတယ်။ နောက်တခုက ခေါင်းပိုင်း တည်ဆောက်ပုံက ရုပ်ထွက် မလှသလို အင်ဂျင်ခန်းက ရှေ့ကို ထွက်နေပါတယ်။ ဒီအချက်က ရုပ်ထွက်နဲ့ မောင်းနှင်မှုအပိုင်းမှာ အကွေ့ပိုင်း အားနည်းလို့ လူကြိုက်နည်းပါတယ်။ ဒါပေမယ့် ကျနော်တို့ အတွက်တော့ ဈေးနည်းနည်းနဲ့ ရနိုင်လာတာပဲ ဖြစ်ပါတယ်။

အင်ဂျင်စနစ်က ၂.၅ လီတာသုံး ဒီဇယ်အင်ဂျင် ဖြစ်ပါတယ်။ အရောင်ပိုင်းမှာလည်း အစိမ်း၊ အဖြူနဲ့ ငွေရောင်တွေ ရနိုင်ပါတယ်။ Manual နဲ့ ဖြစ်ပြီး တောင်တက် လမ်းတွေမှာပါ ဝန်တင်ဆောင်ပြီး ရုန်းကန်နိုင်ပါတယ်။

ခေါင်းခန်း နည်းနည်း ရှည်လို့ နောက်ဘက် ဝန်တင်ခန်း တိုသွားချင်ပေမယ့် မဆိုးပါဘူး။ တချို့လည်း နောက်ဘက်မှာ ခရီးသည်ခုံ ၃ တန်းတင်၊ အမိုးတပ်ပြီး ခေါက်တို ခရီးသည်တင် ကားအဖြစ် သုံးကြပါတယ်။ ဒါလည်း အဆင်ပြေပါတယ်။

အတွင်းခန်း တပ်ဆင် ပစ္စည်း အစုံပါရှိပါတယ်။ လေအေးပေးစက် ပါပါတယ်၊ အင်ဂျင်စနစ် အရွယ်အစားက ခရီးဝေး မောင်းနှင်မှု အတွက်ပါ လေးအေးပေးစက် ဖွင့်မောင်းနိုင်မှာပါ။ CD Player ထိုင်ထားပြီးသား ဖြစ်သလို TV ထည့်ဖို့လည်း လွယ်ပါတယ်။

၂၀ဝ၃ ခုနှစ် မော်ဒယ်ကနေ အနိမ့်ဆုံး ဈေးကွက် ဝင်နေပြီး ၂၀ဝ၆ ခုနှစ်အတွင်း မော်ဒယ်စုံ ရနိုင်ပါတယ်။ Ext Cab ပုံစံလည်း ရနိုင်ပြီး သဘောကျမိတဲ့ ၂၀ဝ၅ ခုနှစ်ထုတ် အဖြူရောင် ကီလို ၅ သောင်းကျော် ဝန်းကျင် မော်ဒယ်ဆိုရင် ဈေး ၁၀၂ သိန်းပဲ ခေါ်ဈေးရှိပါတယ်။

ကားဈေး တက်နေချိ်န်ဖြစ်လို့ ဈေးငြိမ်ချင်ပေမယ့် Bongo နဲ့ Porter တွေ သိန်း ၁၃၀ နဲ့ အထက် ရှိနေချိန်မှာ သဘောကျစရာ အနေအထားပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading