Selfie Stick တွေရဲ့ ခေတ်က တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာတော့မလား။ လက်နဲ့လည်း ကိုင်ပြီး ရိုက်ကူးနေရသေး တယ်၊ အကွာအဝေးလည်း အများဆုံး ၅ ပေထက် ပိုပြီး ဝေးဝေးကနေ မရနိုင်ဘူး။ ဒီကြားထဲ Built-in Cam လည်း မပါဘူး။ သူတို့နေရာကို Drone ကင်မရာတွေ နေရာ ယူလာနိုင်ပါတယ်။ ဈေးနှုန်း ချိုသာပြီး သုံးရ လွယ်ကူ ရိုးရှင်းမယ် ဆိုရင် Drone ပဲ သုံးမှာပါ။
Video တွေပါ ရိုက်ကူးနိုင် ပြီး အပျော်အနေနဲ့ကတော့ အမြင့်ပေ ၁၀၀ လောက်ကနေ ရိုက်ကူး ပေးနိုင်မယ်၊ အရွယ်အစား သေးငယ်လို့ သယ်ယူရ လွယ်မယ် ဆိုရင် Drone ပဲ သုံးမှာပါ။ ဈေးချိုချိုနဲ့ Built-in Cam ပါရှိတဲ့ Drone တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အလေးချိန် ၁၂၇ ဂရမ်၊ အရွယ်အစားက 330x330x100 mm ၊ ပျံသန်းရိုက်ကူးချိန်မှာလည်း High နဲ့ Low ဆိုပြီး ပျံနှုန်း ပုံစံ ၂ မျိုးနဲ့ ရနိုင်တာကြောင့် သင့် စိတ်ကြိုက် မြန်နှုန်းချိန်ပြီး ရိုက်ကူးနိုင်မှာပါ။ ကင်မရာရဲ့ ကြည်လင်နှုန်းက 0.3 MP ရှိပြီး ဗီဒီယို ရိုက်ကူးမှု အတွက်ဆိုရင် 640×480 Pix ရှိတဲ့ ရုပ်ထွက်နဲ့ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ အတွက် ဆိုရင် JPEG ပုံစံနဲ့ ထွက်လာမှာ ဖြစ်ပြီး ဗီဒီယိုမှာက 3GP နဲ့ ရမှာပါ။ 3GP အနေအထားက ရုပ်ထွက် အကောင်းကြီး မဟုတ်ပေမယ့် အပျော်တမ်း အတွက်ကတော့ အဆင်ပြေပါတယ်။
ဒီနေရာမှာ Syma ရဲ့ အားနည်းချက် တခုက အချိန်ကြာကြာ ပျံသန်းရိုက်ကူးနိုင်ခြင်း မရှိတာပါပဲ။ Drone ရဲ့ အလေးချိန် ၁၂၇ ဂရမ်က ဘက်ထရီပါ ပါပြီးသား အနေအထားမှာ ပြောရရင် Drone အလေးချိန်ကို ပေါ့ပါးစေချင်တာကြောင့် ဘက်ထရီ သေးသေးကို ထည့်ထားတော့ အကြာကြီး အသုံးမခံတာပါ။
ပျမ်းမျှ ၈ မိနစ်ကနေ ၁၀ မိနစ်လောက်ပဲ ပျံသန်း ရိုက်ကူးပေးနိုင်ပါတယ်။ ဘက်ထရီက 500 mAh အားဆံ့တဲ့ Li Po ဘက်ထရီကို ထည့်ထားပြီး အားသွင်းချိန် မိနစ် ၁၂၀ မှာ အားပြည့်မှာပါ။ Drone ကို မြေပြင်ကနေ အမြင့်နဲ့ ပတ်လည် မီတာ ၅၀ ကနေ ၁၀၀ အတွင်းမှာ အကောင်းဆုံး ထိန်းချုပ် အသုံးပြုနိုင်မှာပါ။
အောက်ဘက်ကနေ ထိန်းချုပ်စနစ် အတွက်ကိုတော့ 1.5V AA ဘက်ထရီ လေးလုံး ထည့်သုံးလိုက်ရုံပါပဲ။ ရှေ့ထွက် X54HC မော်ဒယ်ထက် အခု ပိုပြီး ပါးလွှာလာသလို ပိုမို ပေါ့ပါးလာတာလည်း ဖြစ်ပါတယ်။ ပျံသန်းမှု အထူးပြု Drone တခု အတွက် အရေးကြီးတဲ့ လေထဲမှာ တည်ငြိမ်မှု အပိုင်းမှာတော့ အခု X5HWက အားရစရာ ပါ။
လေတိုက်ခတ် နေချိန်မှာ ကိုပဲ တည်ငြိမ် အနေအထား ရိုက်ကူးမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ Wifi စနစ်နဲ့ Drone နဲ့ အောက်ဘက် ထိန်းချုပ်စနစ် အကြား ဆက်သွယ်ထားတာ ဖြစ်ပြီး ပြည်တွင်း ဈေးကွက်မှာတော့ အစိမ်းနဲ့ အဖြူ ရောစပ်အရောင်နဲ့ ရနိုင်ပြီး ဈေးနှုန်းက ကျပ် ၆၃၀၀၀ ပဲ ရှိပါတယ်။