GPS ရဲ့ သဘောတရားကို အလွယ်ဆုံး ပြန်ပြောရမယ်ဆိုရင် ဂြိုဟ်တု အခြေပြု တည်နေရာပြစနစ်ပါ။
GPS က တပ်ဆင်ထားတဲ့ ကား၊ ဖုန်း စတဲ့ အရာတွေကို တည်နေရာ၊ ရောက်ရှိနေရာနဲ့ မြေပုံတွေကို ပြသပေးနိုင်တာ ဖြစ်ပါတယ်။ ကားတွေမှာ မောင်းနှင်နေရင်းလည်း သုံးနိုင်သလို ကားခိုးခံရရင်လည်း လိုက်ပြီး ခြေရာခံနိုင်ပါတယ်။
GPS စနစ်အကြောင်း သိပြီဆိုရင် ဒီစနစ်မှာ ဘာတွေပါဝင် ဖွဲ့စည်းထားပါသလဲ။ နည်းနည်းလောက် ကြည့်ရအောင်ပါ။ အဓိက အနေနဲ့တော့ ၃ ပိုင်းပါ။
(၁) GPS Tracking Device
ဒါကတော့ ကျနော်တို့ရဲ့ကားမှာ GPS စနစ် ထည့်တော့မယ်ဆိုရင် မဖြစ်မနေ ထည့်ရမယ့် ပစ္စည်းပါပဲ။ သူက လမ်းကြောင်းပြ စနစ်ကို လုပ်ဆောင်ပေမယ့် စက်ပါ။ သူ့မှာ အဝင်လက်ခံနဲ့ အထွက်ထုတ်လွှတ် အပိုင်းတွေ ပါရှိပါတယ်။
အဝင်လက်ခံ အပိုင်းက ပင်မ Server ကနေ ထုတ်လွှတ်ပေးလိုက်တဲ့ လှိုင်းအရ မိမိကားရဲ့ တည်နေရာကို လက်ခံပါတယ်။ နောက်ထပ် အဝင်လက်ခံစနစ်က တခြား GPS စနစ် တပ်ဆင်ထားတဲ့ ကားတွေက ထုတ်လွှတ်လှိုင်းကို လက်ခံပေးခြင်း ဖြစ်ပြီး သင့်ကားမှာ တခြား GPS တပ်ဆင်ထားတဲ့ ကားတွေရဲ့ တည်နေရာကို ပတ်ဝန်းကျင် အနီးအနား သတ်မှတ် နယ်ပယ်အတိုင်း ပြပေးနိုင်ပါတယ်။
နောက်ထပ် အထွက်ထုတ်လွှတ်မှုကတော့ ရောက်ရှိ တည်နေရာအတိုင်း လှိုင်းထုတ်လွှတ်ခြင်း ဖြစ်ပြီး အဆိုပါလှိုင်း ထုတ် လွှတ်တည်နေရာကို ပင်မ Server က ဘယ်နေရာဆိုတာ ပြန်လည် အတည်ပြုပေးဖို့ ဖြစ်ပါတယ်။
(၂) GPS Tracking Server
သူကတော့ ကျနော်တို့ လူတွေလိုဆိုရင် Operator လို လုပ်ဆောင်ချက်မျိုး လုပ်ဆောင်ပေးသူပါ။ လမ်းကြောင်း အနေအထားနဲ့ ပတ်သက်သမျှကို GPS Device ဆီက လာသမျှ လက်ခံတယ်၊ ဘယ်နေရာလဲ အတည်ပြုတယ်၊ ပြန်ပြီး ထုတ်လွှင့် ပေးတယ်။ သူ့ရဲ့အလုပ်က ဂြိုဟ်တုရဲ့ လုပ်ဆောင်ချက်နဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။
(၃) User Interface
သူကတော့ ပြသမျက်နှာပြင်နဲ့ ဖန်တီးထားတဲ့ အသုံးပြုသူ မြင်နိုင်မယ့်အပိုင်း ဖြစ်ပါတယ်။ အထက်က အပိုင်း ၂ ခုရဲ့ လုပ်ဆောင်ချက်အရ သင့်ရဲ့ကား ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာ သင်မြင်နိုင်ပါပြီ။
ဘေးနားမှာ သင့်လို GPS တပ်ဆင်ထားတဲ့ ကား ဘယ်နှစီးရှိလဲ သိနိုင်ပါတယ်။ သင့်ရဲ့ပျောက်သွားတဲ့ကား ဘယ်မှာလဲ သိနိုင်ပါတယ်။ သူကတော့ သတင်းအချက်အလက်ပြ စနစ်ပါပဲ။