Bokeh (ဘိုခေး) လုပ်ဆောင်ချက် ဆိုတာကတော့ ဓာတ်ပုံရိုက်တဲ့ အခါ မိမိချိန်ထားတဲ့ ပုံမှာ ကိုယ်လိုချင်တဲ့ အရာကိုပဲ ထင်းအောင်၊ ပေါ်အောင်လုပ်ပြီး တခြားမလိုအပ်တဲ့ နေရာတွေကို မထင်မရှား ဝေဝါးအောင် (Blur) လုပ်ခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီလို ပုံတွေ ရဖို့ DSLR ကင်မရာတွေနဲ့ပဲ ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ Bokeh (ဘိုခေး) ပုံ ရိုက်ဖို့ အတွက် အလွယ်ကူဆုံးနဲ့ အသင့်တော်ဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်းတွေ ရှိနေပါပြီ။
ဒါဟာ ကင်မရာရဲ့ ချို့ယွင်းချက် တခုခုကြောင့် ဝါးနေတာမျိုး မဟုတ်ဘဲ မိမိချိန်ထားတဲ့ အရာဝတ္ထု၊ပုံရိပ်ကိုပဲ ကြည်ကြည် လင်လင် ထင်ထင်ရှားရှား ဖြစ်အောင် ရိုက်ကူးတဲ့ ဓာတ်ပုံနည်းပညာ တခုဖြစ်ပါတယ်။
မလိုအပ်တဲ့ အရာတွေကို ဝါးထားပြီး အဓိက နေရာကိုသာ ထင်ထင်ရှားရှား ပြသပေးထားခြင်းက ကြည့်ရှုသူကို မျက်စိပသာဒ ဖြစ်စေရုံသာမက ဓာတ်ပုံကိုလည်း ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ ကဲ ဘိုခေး (Bokeh) နည်းပညာ သုံးပြီး ဘယ်လို ဖန်တီးတယ် ဆိုတာ ကြည့်ကြရအောင်ပါ။
၁။ Bokeh (ဘိုခေး) ပုံရိုက်ကူးဖို့အတွက် GR5 2017 ရဲ့ ကင်မရာကို အရင်ဆုံးဖွင့်လိုက်ပါ။ ကိုယ်ရိုက်ချင်တဲ့ နေရာ၊ ပုံကို ချိန်လိုက်ပါ။
၂။ ပုံမှာ ပြထားတဲ့ အတိုင်း အပြာကွက်လေးလင်းနေတဲ့ Wide Aperture Mode ၊ တနည်းအားဖြင့် Bokeh (ဘိုခေး) လုပ်ဆောင်ချက် (အပေါ်ဘားတန်းရဲ့ ဘယ်ဘက်ကနေရေရင် အပြာရောင် ပြထားတဲ့ ဒုတိယတခု) ကို နှိပ်လိုက်ပါ။
၃။ Wide Aperture Mode ကို ရောက်သွားရင် မိမိ ချိန်လိုတဲ့ အရာဝတ္ထုကို တချက်နှိပ်လိုက်ပါ။ ပုံမှာပြထား တဲ့ အတိုင်း Aperture ညှိလို့ရမယ့် Aperture Point လေး ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီ Aperture Point ကို အပေါ်အောက် ဆွဲနိုင်ပြီးတော့ အပေါ်ကို ဆွဲလိုက်ရင် Aperture ပွင့်ပြီး မိမိ ချိန်လိုက်တဲ့ အရာမှအပ အခြားအရာတွေ ဝေဝါးသွားမှာ ဖြစ်ပါတယ်။ အောက်ကိုဆွဲလိုက်ရင် Aperture ပိတ်သွားပြီး ပုံမှန် ဓာတ်ပုံ ရိုက်သလို အားလုံးကြည်လင်သွားမှာပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထား ရရင် ရိုက်လိုက်ရုံပါ။
၄။ ဓာတ်ပုံရိုက်ပြီးသွားရင်လဲ နဂိုရိုက်ထားတဲ့ ဓာတ်ပုံရဲ့ Aperture Point ကို ပြန်လည်ပြုပြင်လိုပါက ပုံမှာပြထားတဲ့အတိုင်း Aperture ပုံလေးကို နှိပ်ပြီး ကိုယ်လိုချင်တဲ့ နေရာကို ပြန်ချိန်ညှိပြီး Aperture အတိုးအလျှော့ လုပ်နိုင်ပါတယ်။
၅။ ပုံမှာတော့ နဂို ပန်းအိုးကို ချိန်ထားရကနေ အနောက်က Dream Catcher ကို ပြောင်းပြီး ချိန်လိုက်တာ ကို မြင်ရမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထားရရင် ညာဘက်အပေါ်ထောင့်က Save ကို နှိပ်ပြီး ဓာတ်ပုံအသစ်ကို သိမ်းဆည်းနိုင်ပါတယ်။
၆။ Save လုပ်ပြီးသွားရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းပြီး ချိန်ထားတဲ့ ပုံအသစ် တပုံ ရရှိမှာ ဖြစ်ပါတယ်။