• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Wi-Fi ဆိုတာ ဘာလဲ

by သက်နိုင်ဦး
1 February 2017
in စီးပွားရေး
A A
Wi-Fi ဆိုတာ ဘာလဲ
38.5k
VIEWS
Share on FacebookShare on Twitter

အင်တာနက် ချိတ်ဆက် အသုံးပြုရာမှာ ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Wi-Fi စနစ် အကြောင်း တင်ပြပါမယ်။ Wi-Fi Allianceကနေ တီထွင်ခဲ့တဲ့ ဒီစနစ်ဟာ ဖုန်းအချင်းချင်းလည်း ချိတ်ဆက်နိုင်သလို ကိုယ်ပိုင် ကွန်ပျုတာ တွေလည်း ချိတ်ဆက်လို့ ရပါတယ်။ နောက်ပြီး ဂိမ်းစက်တွေ အထိပေါ့။

ဖုန်း အသုံးပြုသူအချင်းချင်း တယောက်မှာ ဘေလ် (Bill) မရှိလို့ လိုင်းမကောင်းလို့ နောက်တယောက်က Hotspot ရိုက်ပေးပြီး ချိတ်ဆက်အသုံးပြုနိုင်တာလည်း Wi-Fi စနစ်ပါပဲ။ စားသောက်ဆိုင်လို နေရာတွေမှာ Wi-Fi Free ဆိုပြီး ဝန်ဆောင်မှု ပေးလာတာလည်း ကိုယ့်ရဲ့ဖောက်သည်ကို Smartphone ပါရုံ ဒါမှမဟုတ် ကွန်ပျုတာ ပါရှိရုံနဲ့ အင်တာနက် အခမဲ့ သုံးနိုင်အောင် ဝန်ဆောင်မှုပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
742
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

စကားလုံးအနေနဲ့ Wi-Fi လို့လည်း သုံးနိုင်သလို WiFi လို့လည်း ရေးနိုင်ပါတယ်။ သူက LAN လို့ခေါ်တဲ့ Local Aera Network ကို ပုံဖော်ပြီး ကြိုးမဲ့စနစ်နဲ့ အင်တာနက် ချိတ်ဆက်နိုင်စေမယ့် စနစ်ပါ။ ဒီလို Wi-Fi လွှင့်ပေးနိုင်ဖို့ Radio Band တွေကို သုံးပါတယ်၊ အဓိကအနေနဲ့တော့ ၁၂ စင်တီမီတာ အရွယ်ရှိ 2.4 GHz UHF နဲ့ ၆ စင်တီမီတာရှိ 5 GHz SHF လို ISM Radio Band တွေကို သုံးပါတယ်။ များသောအားဖြင့်တော့ Wi-Fi စနစ်ကို Password နဲ့ ပိတ်ထားပေမယ့် တချို့ကလည်း Open ပုံစံနဲ့ ထားတာတွေ ရှိပါတယ်။ Wi-Fi စနစ်ကို တီထွင်ခဲ့တဲ့ Wi-Fi Alliance ကတော့ Wi-Fi ဆိုတာကို Wireless Local Area Network (WLAN) လို့ အဓိပါယ်ဖွင့်ပြီး ကြိုးမဲ့ချိတ်ဆက်နိုင်သော အင်တာနက် အသေးစားကွန်ရက်လို့ ခေါ်ရမှာပါ။

တဆက်တည်းမှာ Wi-Fi အသုံးပြုမှုနဲ့ ကျန်းမာရေးအပိုင်းကို ပြောချင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ Base Station နဲ့ ချိတ်ဆက်အသုံးပြုသူအကြား Wi-Fi လှိုင်းတွေကြောင့် ကျန်းမာရေး ထိခိုက်မှု တစုံတရာ ဖြစ်နိုင်ခြေ မရှိလောက်ဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာ ကင်ဆာရောဂါ လေ့လာစမ်းသပ်စောင့်ကြည့်ရေးအဖွဲ့ (IARC) ရဲ့ စမ်းသပ်ချက်အရတော့ Radiofrequency (ရေဒီယိုကြိမ်နှုန်း) တွေရဲ့ ထိခတ်မှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိစေနိုင်တယ်လို့ဆိုပေမယ့် တိကျတဲ့ ထုတ်ပြန်ချက်တော့ မတွေ့ရသေးပါဘူး။

အင်္ဂလန်အခြေစိုက် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအဖွဲ့ကတော့ Wi-Fi တနှစ်ကြာသုံးစွဲမှုက မိနစ် ၂၀ ကြာ ဖုန်းခေါ်ဆိုမှုကြောင့်ဖြစ်လာတဲ့ ဓာတ်ရောင်ခြည်သင့်မှု ပမာဏနဲ့ တူညီတယ်လို့ ဆိုပါတယ်။

Wi-Fi စနစ်က အသုံးပြုရမှု လွယ်ကူတယ်၊ အလွယ်တကူ လှိုင်းလွှင့်နိုင်တယ်၊ ချိတ်ဆက်အသုံးပြုနိုင်တယ်၊ အလွယ်တကူ နေရာ ရွှေပြောင်းနိုင်တယ်၊ ကွန်ရက်နယ်ပယ်အတွင်း မည်သည့်နေရာက မဆို ချိတ်ဆက်နိုင်တယ်၊ တပ်ဆင်စရိတ် ကုန်ကျမှုနည်းတယ်၊ အထိုင် တခုတည်းနဲ့ အသုံးပြုသူ အများအပြား တပြိုင်နက်တည်း ချိတ်ဆက်သုံးနိုင်တယ်။

ဒါတွေက Wi-Fi စနစ်ရဲ့ အားသာချက်တွေပါ။ ဒါပေမယ့် လုံခြုံရေး စနစ်မှာ Passwordခံထားသည့်တိုင်အောင် အလွယ်တကူ ဝင်ရောက်ချိုးဖောက်နိုင်မှု လွယ်ကူတဲ့ အားနည်းချက် ရှိပါတယ်။ ပြီးတော့ နယ်ပယ် အကျယ်အဝန်း အများအပြား ကွန်ရက်ချိတ်ဆက်နိုင်မှု အားနည်းတာလည်း တွေ့ရပါတယ်။ နောက်ဆုံး အားနည်းချက်က လိုင်းချိတ်ဆက် အသုံးပြုသူများရင် များသလို လိုင်းအားကျဆင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Your Thoughts …
Tags: WiFi
သက်နိုင်ဦး

သက်နိုင်ဦး

Similar Picks:

No Content Available
Next Post
သေနတ်သမား ကြည်လင်း၏ နေအိမ်ကို မန္တလေး ရဲတပ်ဖွဲ့ ရှာဖွေစဉ် / ဇော်ဇော် / ဧရာဝတီ

သေနတ်သမား ကြည်လင်းကို ခိုင်းစေသူဟု ယူဆရသူအား မြဝတီ CID ဖမ်းဆီးစစ်ဆေး

ခေတ်ပညာတတ် ဘွဲ့ရဆိုသူတွေပင် အမုန်းစကား မှိုင်းကွန်ရက်မှာ ငြိတွယ် နေကြတယ်

အမုန်းမှိုင်းမိသူများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate