• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကားဈေးကွက် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် အေးစက်

by မေစိုးစံ
1 February 2017
in စီးပွားရေး
A A
ရန်ကုန်မြို့က ကားဈေးကွက် တခု / WSJ

ရန်ကုန်မြို့က ကားဈေးကွက် တခု / WSJ

14k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ကားဈေးကွက်အတွင်း ပြီးခဲ့သည့်တလခန့်မှ စတင်၍ အရောင်းအဝယ် အေးစက်နေပြီး ကားဈေးနှုန်းများ လည်း ကျဆင်းနေကြောင်း ရန်ကုန် အခြေစိုက် ကားဈေးကွက်အတွင်း လုပ်ကိုင်သူများထံမှ သိရသည်။
ကားဈေးကွက်အတွင်း အရောင်းအဝယ် အဖြစ်များသော ကားများသည် လွန်ခဲ့သော တလခန့်ကမှစ၍ ဈေးကွက် အေး သွား ခြင်းဖြစ်ပြီး ဟွန်ဒါဖစ် တစီးလျှင် ယခင် ကျပ်သိန်း ၁၇၀ မှ သိန်း ၁၆၀ ၊ ပရိုဘောက်စ် တစီးလျှင် ယခင် ကျပ်သိန်း ၁၄၅ မှ သိန်း ၁၃၀ သို့ ဈေးနှုန်းများ ကျဆင်းနေကြောင်း ကား အရောင်းအဝယ် လုပ်ကိုင်နေသူများက ပြောသည်။

ယင်းသို့ ဈေးနှုန်းများ ကျဆင်းနေသော်လည်း အရောင်းအဝယ် အခြေအနေသည် အေးစက်နေကြောင်း ရန်ကုန်တိုင်း ကားဝယ်ရောင်း အသင်းမှ သိရသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
815
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.6k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
4.6k

ရန်ကုန်တိုင်း ကားဝယ်ရောင်းအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက “ကားဈေးကွက်က တန်ဖိုး အကြီးရော အသေးရော အရောင်းအဝယ် အေးတယ်။ နိုင်ငံတော်က ထုတ်လိုက်တဲ့ ကားမူဝါဒကြောင့်လည်း ကားသွင်းတာ အကြပ်အတည်းရှိ တာကို သိတယ်။ ဒါပေမယ့် ဈေးကွက်က မလိုက်ဘူး။ နောက်ပိုင်း ဧပြီမှာ ကားမူဝါဒသစ်နဲ့အတူ ဈေးကွက်ပြန်ကောင်းမယ် လို့ ထင်တယ်”ဟု ပြောသည်။

ထို့အပြင် အရည်ကြိုအပ်နှံသည့် အစီအစဉ်အရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စလစ်ကပ်ထားသည့် ကားများကိုလည်း တဦးချင်း တင်သွင်းခွင့် ကားများအတိုင်း ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည့် သတင်းများ ထွက်ပေါ်နေပြီး ကား မူဝါဒ အမျိုးမျိုး ထွက်ပေါ်နေသည့် အခြေအနေများကြောင့်လည်း အရောင်းအဝယ် ရပ်တန့်နေခြင်း ဖြစ်ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောဆိုသည်။

စလစ်ကပ်ကား ဆိုသည်မှာ သက်တမ်း နှစ်၂၀ ရှိသော ယာဉ်အိုယာဉ်ဟောင်းများကို အရည်ကြိုအပ်နှံပြီး ပြန်လည် တင်သွင်းခွင့် ရထားသည့် ကားများကို ခေါ်ဆိုခြင်း ဖြစ်သည်။

ကားဝယ်ရောင်း လုပ်ကိုင်နေသူ ကိုတင်အောင်ဝင်း ကလည်း “မူဝါဒ မတည်ငြိမ်မှုကြောင့် ကားလောကက ရပ်နေတယ်။ နဂိုက ကားလောကမှာ ရပ်တယ်ဆိုရင် အသစ်မရောင်းရရင် အဟောင်းရောင်းရတယ်။ ကားလောက အကုန်လုံး ရပ်သွား တာ”ဟု ပြောသည်။

လက်ရှိ ကားလောကအတွင်းတွင် ဆိပ်ကမ်းရောက် တန်ဖိုး (CIF) ကိစ္စ၊ စလစ်ကပ် ကားများ အခွန်ဆောင်ရမည့် ကိစ္စ၊ နယ်ကားများ နှင်မည့်ကိစ္စ ၊ ဘတ်စ်ကားများ အပ်နှံရမည့်ကိစ္စများဖြင့် အပြောင်းအလဲ အလွန်များနေသည့် ကာလဖြစ် သောကြောင့် ဝယ်သူများ ဘက်မှလည်း စောင့်ကြည့်နေပြီး အရောင်းအဝယ် လုပ်ကိုင်သူများ ဘက်ကလည်း ခက်ခဲ နေကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူးသူများအသင်း (MAMDA)မှ သိရသည်။

MAMDA ဒု ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက “ဈေးကွက်မကောင်း အရောင်းအဝယ် အ နေတယ်။ ကားမော်ဒယ် မြင့်တဲ့ ကိစ္စ ရယ် အခု ရန်ကုန်တိုင်းအစိုးရက YBS တွေပြီးရင် ကားတွေကို နယ်နှင်မယ့်ကိစ္စ လုပ်မယ်။ အများစုသွင်းတာက နယ်အနေနဲ့ သွင်းတဲ့ကား များတယ်။ လူတွေကလည်း သိန်း ၁၀၀ လောက် ကားပဲ စီးနိုင်တာ။ ရန်ကုန်လိုင်စင်က ပိတ်ထားတာ။ ဘာလုပ် မှန်း မသိဘူး၊ ဝယ်ပြီး Action ယူရင် လက်ထဲက ဘယ်မှာထားရမှန်း မသိဖြစ်မှာ၊ ဒါတွေကို စဉ်းစားနေတာ ကြောင့်လည်း ပါပါတယ်”ဟု ပြောသည်။

လက်ရှိ စလစ်ပေါက်ဈေးမှာလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စလစ်ပေါက်ဈေး ကျပ် သိန်း ၁၀၀ ခန့်ရှိခဲ့ရာမှ ယခု ရက်ပိုင်း အတွင်းပင် မော်တော်ယာဉ်လိုင်းများမှ ယာဉ်လိုင်းများ အပ်နှံနေသည့်အတွက် စလစ်ဈေး ပြန်လည်ကျဆင်းနေပြီး လတ် တလော စလစ်ပေါက်ဈေးနှုန်းသည် ကျပ်သိန်း ၉၀ သို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် ကားအရောင်းစင်တာများက အပ်ကုန်စနစ် (Consignment) ဖြင့် တင်သွင်းထားသည့် ကားများကိုရောင်းချရန် ခွင့်ပြုထားမှုသည် ၂၀၁၇ ခုနှစ် ဇွန်လ အထိသာ သက်တမ်းတိုးထားပေးပြီး အဆိုုပါ ကားများ ရောင်းမကုန်လျှင် ဥပဒေ အတိုင်း အရေးယူခြင်းများကိုလည်း ဆက်လက်လုပ်ကိုင် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ဆိုသည်။

Your Thoughts …
Tags: ကားဈေးကွက်
မေစိုးစံ

မေစိုးစံ

Similar Picks:

ဆူဇူကီး ကားမော်ဒယ်သစ် အရောင်းပြပွဲတပွဲကို ၂၀၁၈ ခုနှစ်အတွင်း မြင်ခဲ့ရစဉ် / Kyodo

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

by ဧရာဝတီ
29 June 2022
17.6k

စစ်ကောင်စီသည် သွင်းကုန်များအား အကြီးအကျယ် ကန့်သတ်နေရာ ပြည်ပမှ ကားတင်သွင်းခွင့်များကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ရပ်ဆိုင်းခဲ့သည်။

ကား ဆီအရမ်းစားနေပြီဆိုုရင် ဘာတွေကိုု စစ်ဆေးမလဲ

ကား ဆီအရမ်းစားနေပြီဆိုုရင် ဘာတွေကိုု စစ်ဆေးမလဲ

by လင်းထက်(IA)
29 September 2016
10.4k

Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး...

Honda CR-Z

ဒီဇိုင်းဆန်းတဲ့ Honda CR-Z

by လင်းထက်(IA)
27 August 2016
3k

အင်ဂျင်ကို Hybridစနစ်နဲ့ တွဲထားတာကြောင့် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဖြစ်နိုင် တော့ပါဘူး။ ၁ ဒသမ ၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်က လက်ရှိ ပြည်တွင်းမှာ ဆိုရင်တော့ လူကြိုက် အများဆုံး မော်ဒယ်မျိုးပါ။...

ကိုးရီးယား ကုမ်မဏီထုတျ KIA ကား / ဧရာဝတီ

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ

by ဧရာဝတီ
9 July 2022
3.9k

အခုက ညွှန်ကြားချက်တွေ ထွက်လာတယ် ဆိုပေမယ့် ဘာမှ ရှင်းရှင်းလင်းလင်းလည်း မရှိသလို အခုက နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ်စနစ် ဒါတွေ အားလုံးကလည်း တည်ငြိမ်မှု မရှိဘူး။ နောက် ကားမူဝါဒကိုလည်း ဘယ်လို ပြောင်းမလဲတော့ SKD...

Toyota Rush

လမ်းကြောင်းပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတဲ့ Toyota Rush

by လင်းထက်(IA)
6 September 2016
1.3k

Rushကလမ်းကြမ်းပိုင်းတွေမှာပါ စွမ်းဆောင်ရည် ကောင်းပြသနိုင်တဲ့ မော်ဒယ်ပါ။ ဒါဆို Rush ဈေးချိုနေရတဲ့ အကြောင်းက အင်ဂျင်ပိုင်းကြောင့်ပါပဲ။ အသေးစား အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး မြို့တွင်းသုံး SUV မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်း အားနည်းလို့ ဈေးချိုနေတာပါ

Nissan Caravan

လုပ်ငန်းသုံး၊ အိမ်စီး ၂ မျိုးစလုံး သင့်တော်တဲ့ Nissan Caravan

by လင်းထက်(IA)
24 September 2016
12.5k

Hiaceလို ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ပုံမှန် မော်ဒယ်နဲ့ ဇိမ်ခံနဲ့ ကွာဟချက်မှာ အင်ဂျင်၊ စွမ်းဆောင် ရည် စသဖြင့် အားနည်းချက် ရှိနိုင်ပေမယ့် ဈေးနှုန်းပိုင်းမှာတော့ ချိုချိုသာသာနဲ့ ရနိုင်တာလည်း ဖြစ်ပါတယ်။ အလွယ်ဆုံး ပြောရရင်...

Next Post
ငလျင်ဒဏ်ခံ နံရံပန်းချီများ အီတလီပညာရှင်နှင့် ပြုပြင်ရန် စီစဉ်

ငလျင်ဒဏ်ခံ နံရံပန်းချီများ အီတလီပညာရှင်နှင့် ပြုပြင်ရန် စီစဉ်

ကလောမြို့မြင်ကွင်း / ဧရာဝတီ

ကျောင်းသူကို အဓမ္မကျင့်မှုဖြင့် ကလောမြို့က အဆောင်ပိုင်ရှင်ကို အမှုဖွင့်ထား

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.6k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate