စီးပွားရေး

2017 ထုတ် Genesis ရဲ့မော်ဒယ်သစ် G80

Want create site? Find Free WordPress Themes and plugins.

Toyota မှာဆိုရင် Lexus, Honda မှာ Acura နဲ့ Nissan မှာ Infiniti ဆိုတဲ့ မူရင်းအမှတ်တံဆိပ် မဟုတ်ဘဲ ဇိမ်ခံ မော်ဒယ်တွေကိုပဲ သီးခြားထုတ်လုပ်တဲ့ လက်ခွဲတံဆိပ်တွေ ကားကုမ္ပဏီကြီးတိုင်းမှာ ရှိနေပါတယ်။

အခုလည်း တောင်ကိုရီးယား အခြေစိုက် ကုမ္ပဏီတွေထဲမှာတော့ ဆရာအကျဆုံး ဖြစ်လာတဲ့ Hyundai ရဲ့ ဇိမ်ခံအမှတ်တံ ဆိပ် Genesis ရဲ့နောက်ထပ်မော်ဒယ်သစ် ဈေးကွက်ထဲ ရောက်လာပါပြီ။ အခုနှစ်မှာ စတင် ထုတ်လုပ်လာတာကြောင့် ဘယ်လောက်အောင်မြင်မယ် ဆိုတာကတော့ စောင့်ကြည့်ချင်စရာပါ။

မော်ဒယ်ကို လေ့လာမိသလောက် အဆင့်မြင့် ဆီဒင်ကားတွေမှာ ထည့်သွင်းပါရှိတဲ့ နည်းပညာအခင်းအကျင်းနဲ့ တပ်ဆင် မှုအတိုင်း တွေ့ရပါတယ်။ သားရေသား အခင်းအကျင်း၊ အလိုအလျောက် အချက်ပြစနစ်တွေ၊ ကြိုးမဲ့ ချိတ်ဆက်နိုင်မှုတွေ အပါအဝင် ဂြိုလ်တု အခြေပြု မြေပုံပြစနစ်တွေပေါ့။

ဒီအချက်တွေကို စိတ်ဝင်စားမိတာ အမှန်ပါ။ နောက်ပြီးတော့ အတွင်းခန်း ကျယ်ဝန်းတယ်၊ အပြင်အဆင်ကောင်းမွန်တယ်၊ ဒီဇိုင်းလှတယ်၊ ဆွဲဆောင်မှု ကောင်းတယ်၊ မြန်နှုန်းမြင့် မောင်းနှင်နေသည့်တိုင်အောင် လိုက်ပါ စီးနင်းရမှုအပိုင်းမှာ တ ကယ်ပဲ တည်ငြိမ်လွန်းတာ တချက်ကိုလည်း တွေ့ရပါတယ်။

နောက်ထပ် သဘောကျမိတဲ့ အချက်က ကိုယ်ထည်ပိုင်း မာကျောမှု ဖြစ်ပါတယ်။ အကြမ်းခံနိုင်ရည် စစ်ဆေးမှုအပိုင်းမှာ ရ မှတ် အကောင်းဆုံး မော်ဒယ်တန်းဝင် ဖြစ်နေပါတယ်။ နောက်ဆုံး သဘောကျမိတဲ့အချက်ကတော့ အာမခံ သက်တမ်း ရှည်ကြာ ကောင်းမွန်တာပဲ ဖြစ်ပါတယ်။

မော်ဒယ်သစ်မှာ အားနည်းချက်အဖြစ်နဲ့ မြင်မိတာလေး နည်းနည်းလောက် ဆက်ပြောချင်ပါတယ်။ လမ်းကြောင်း အနေ အထားကြောင့် ထွက်လာတဲ့ အသံပိုင်းမှာ ပြိုင်ဘက် မော်ဒယ်တွေလောက် မတည်ငြိမ်ချင်ဘဲ နည်းနည်း ဆူညံချင်နေတာ တွေ့ရပါတယ်။

တကယ်ဆို ဇိမ်ခံ မော်ဒယ် အနေနဲ့က အင်ဂျင်သံရော လမ်းကြောင့် ဆူညံသံပါ တည်ငြိမ်နေသင့်တာပါ။ နောက် တချက်က နောက်ဘက် ခရီးသည်ခန်း အနေအထားပါ၊ နောက်ပိုင်းထုတ် မော်ဒယ်တိုင်းမှာ တွေ့နေရတဲ့ အားနည်းချက် ဖြစ်ပါတယ်။ ခေါင်းပိုင်း နေရာနည်းချင်တာပါ။ ဒါက Sport ဆန်အောင် ကိုယ်ထည်ကို ချိုးဆစ်မှုရဲ့နောက်ဆက်တွဲပါ။ အခုလည်း G80 မှာ နောက်ဘက်ခန်း ခေါင်းပိုင်း ကျဉ်းချင်နေပါတယ်။

Hyundai Genesis လို့ လူသိများတဲ့ အမှတ်တံဆိပ်ရဲ့ မော်ဒယ်သစ်ပါပဲ။ နည်းပညာအစုံ ထည့်သွင်းထားတယ်။ လက်ရှိ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ Hyundai ရဲ့ မော်ဒယ်တွေထဲက လူကြိုက်အများဆုံး နည်းပညာတွေကို စုစည်းထည့် သွင်းထားတယ်။

အမှတ်တံဆိပ်ရဲ့နာမည်ကို ရချင်လို့ ထုတ်လုပ်လာတဲ့ မော်ဒယ်ဖြစ်လို့ စိတ်ချယုံကြည်ရမှုလည်း အားကောင်းပါတယ်။ နည်းပညာပိုင်းမှာ Package တွေ ခွဲထားပြီး ကိုယ်စိတ်ကြိုက်ဖြစ်မယ့် စနစ်ကို ထည့်နိုင်တယ်။ စမတ်ဖုန်းကနေ တဆင့် ချိတ်ဆက် သုံးနိုင်မယ့် Android Auto တို့ Apple CarPlay တို့လည်း သုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရတယ်။ Touch စနစ်နဲ့ သုံးရတဲ့ အပိုင်းကလည်း တကယ့် စိတ်ကြိုက် အနေအထားပါပဲ။

အင်ဂျင်ပိုင်းမှာ V6 အင်ဂျင်နဲ့ V8 အင်ဂျင် နှစ်မျိုး ရနိုင်ပါတယ်။ ၃.၈ လီတာသုံး V6 အင်ဂျင်က ရုန်းအား ၂၉၃ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၁၁ ကောင်အား ထွက်ရှိမှာ ဖြစ်ပြီး ၅.၀ လီတာသုံး V8 အင်ဂျင်ကတော့ ရုန်းအား ၃၈၃ ပေါင်-ပေမှာ မြင်း ကောင်ရေ ၄၂၀ အား ထွက်ရှိမှာပါ။

နောက်ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို ဘီးစုံယက်စနစ်နဲ့လည်း လာပါတယ်။
ဘီးစုံယက်စနစ်နဲ့ဆိုရင်တော့ ဆီစားနည်းနည်းပိုပြီး ပျမ်းမျှ ၁၉ မိုင်လောက်ပဲ စီးနင်းနိုင်မှာဖြစ်ကာ ပုံမှန်ဆိုရင်တော့ ၂၃ မိုင် လောက်ထိအောင် ရနိုင်ပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာတော့ V6 အင်ဂျင်မော်ဒယ်ဆိုရင်ပဲ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆.၆ စက္ကန့်ယူမှာ ဖြစ်ပြီး ပုံမှန်နှုန်းထက်တော့ နည်းနည်း နှေးချင်နေတာပါ။ V8 ဆိုရင်တော့ ၅.၃ စက္ကန့်ပဲ ကြာပါလိ့်မ်မယ်။

အခု မော်ဒယ်က ဒီနှစ်မှာ ထုတ်လုပ်ရောင်းချလာတာဖြစ်သလို အခြားနိုင်ငံတကာ ကားဈေးကွက်ကြီးတွေကိုပဲ စတင် ရောင်းချနေဆဲဖြစ်တာကြောင့် ပြည်တွင်းမှာတော့ ဈေးကွက်ဝင်မှာ မဟုတ်သေးပါဘူး။

နိုင်ငံတကာ ဈေးနှုန်းကတော့ ၃.၈ လီတာသုံး နောက်ဘီးယက် မော်ဒယ်ကို ဒေါ်လာ ၄၁၄၀၀၊ ၃.၈ လီတာသုံး ဘီးစုံယက် မော်ဒယ်က ဒေါ်လာ ၄၃၉၀၀ နဲ့ ၅.၀ လီတာသုံး မော်ဒယ်ဆိုရင် ဒေါ်လာ ၅၄၅၅၀ ဈေးရှိနေတာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading