စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ Operating System မှာ Android နဲ့ iPhone ရဲ့ OS စနစ် iOS ပဲ လူသိများကြပါတယ်။ သို့ပေမယ့် နောက်ထပ် အသုံးများတဲ့ OS စနစ်တွေ အကြောင်း ပြောပြပါမယ့်။
(၁) Symbian – သူကတော့ ဖင်လန် အခြေစိုက် နာမည်ကျော် ဖုန်းကုမ္ပဏီ Nokia ရဲ့ ကိုယ်ပိုင် OS စနစ်ပါ။ Nokia ရဲ့ ကိုယ်ပိုင် စနစ် ဖြစ်လို့ သူ့ကို သုံးမယ် ဆိုရင် Nokia ကို လိုင်စင်တင်ရပါတယ်။ ဒီတော့ စနစ်ကလည်း အကောင်းဆုံး မဟုတ်သလို အခမဲ့ မဟုတ်တဲ့ အတွက် Symbian ကို သုံးပြီး ဖုန်းထုတ်လုပ်မှု မရှိသလို Nokiaကိုယ်တိုင်ကလည်း သူ့စနစ်ကို အဆင့်မြှင့်နိုင်မှု အားနည်းပါတယ်။ နောက်ဆုံး အဆင့်မြှင့်ထားတာက ANNA နဲ့ BELLE တွေ တွေ ဖြစ်ပြီး ဈေးကွက်ထဲက Symbian စနစ်သုံး နာမည်ကျော် ဖုန်းတွေကတော့ Nokia 700, E6 နဲ့ 701 တွေ ဖြစ်ပါတယ်။
(၂) Android – ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ အများဆုံး သုံးထားတဲ့ OS စနစ်ပါ။ လိုင်စင်တင်စရာ မလိုဘဲ အခမဲ့ ယူသုံးနိုင်တာကြောင့် ဒီစနစ်နဲ့ ဖုန်းထုတ်လုပ်သူ များနေတာ ဖြစ်ပါတယ်။ Google ကနေ ၂၀၀၈ခုနှစ် အတွင်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Astro နာမည်နဲ့ ဝင်လာခဲ့တာပါ။ နောက်ပိုင်း Bender, Cupcake စသဖြင့် နာမည်လေးတွေနဲ့ အခုဆိုရင် Version 7 ထိအောင် ထွက်နေပါပြီ။ Google Play ကနေ Game တွေ ဆော့နိုင်တယ်၊ Play Store ကနေ App တွေ Down နိုင်တဲ့ အားသာချက်တွေ အများကြီး ရှိနေပါတယ်။ Android စနစ်သုံး နာမည်ကျော် ဖုန်းတွေကတော့ HTC Desire, Samsung Galaxy Gio, Motorola Droid Razr တို့ ဖြစ်ပါတယ်။
(၃) Apple iOS – ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ပထမဆုံး iPhone ထွက်လာရာကနေ စတင် အသုံးပြုလာတဲ့ iOS စနစ်ဟာ ယနေ့အထိ လူကြိုက်များနေပြီး အဆင့်တာလည်း Version iOS 9 ထိအောင် ရောက်နေပါပြီ။ ဒီစနစ် ကလည်း Nokia ရဲ့ Symbian လိုပဲ Apple ကိုယ်ပိုင် ဖြစ်လို့ တခြားကုမဏီကို OS နည်းပညာ ပေးသုံးခြင်း မရှိတာ ကြောင့် ဒီနေ့ Appleရဲ့ ဖုန်းတွေကလွဲရင် တခြား မည်သည့်ဖုန်းမှာမှ ဒီစနစ် အသုံးပြု ထုတ်လုပ်တာ မတွေ့ရပါဘူး။ လက်ရှိ iOS စနစ်သုံး စမတ် ပစ္စည်းတွေကတော့ iPhone တွေ အပြင် iPod နဲ့ iPad တွေ ဖြစ်ပါတယ်။
(၄) BlackBerry OS – ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ OS စနစ် ဖြစ်ပြီး Blackberry ဖုန်းတွေမှာပဲ အသုံးပြုဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ဒီနေ့ခေတ် စမတ်ဖုန်းတွေနဲ့ ဆင်ပေမယ့် ခလုတ်နဲ့ ဖြစ်ပါတယ်။ iOS စနစ်လိုပဲ တခြားကုမ္ပဏီကို ပေးမသုံး ပါဘူး။ နောက်ဆုံး Versionက OS 7.1 ဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလကတည်းက အသုံးပြုနေနိုင်တာပါ။ အဆိုပါ စနစ်ကို Bold 9930 မော်ဒယ်မှာ သုံးထားပါတယ်။ လက်ရှိ ဖုန်းသုံး OSတွေထဲမှာ စိတ်အချရဆုံး OS အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ လက်ရှိ Blackberry OS သုံးထားတဲ့ ဖုန်းအချို့ကတော့ Blackberry Curve, Bold, 8520 တွေ ဖြစ်ပါတယ်။
(၅) Windows OS – Windows စနစ်သုံး ကွန်ပျူတာတွေနဲ့ အသားကျနေတဲ့ နည်းပညာလောကမှာ အခု စနစ်က ဖုန်းတွေမှာ သုံးဖို့ အတွက် ရောက်ရှိလာခဲ့ပေမယ့် Android စနစ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ လူတိုင်း ကွန်ပျူတာ မတတ်တာကြောင့်လို့ ဆိုရမှာပါ။
အသားမကျသေးသူတွေ အတွက် အသုံးပြုရ နည်းနည်း ခက်နေစေ ပါတယ်။ Nokia နဲ့ Microsoft တို့ရဲ့ ပူးပေါင်းဖန်းတီးမှုကနေ ဖုန်းတွေ ထုတ်လုပ်လာခဲ့ပါတယ်။ အသုံးပြုပြီး သူတိုင်းကလည်း Windows ဖုန်းတွေကို စွဲလမ်းသွားတတ်ကြပါတယ်။ ဒါပေမယ့် Androidနဲ့ အသားကျနှင့် နေတာကတော့ Windows ဖုန်းတွေကို နေရာ ရမလာစေခဲ့ပါဘူး။ Samsung နဲ့ HTC ကိုယ်တိုင်လည်း Windows ဖုန်းဈေးကွက် အတွက် ထုတ်လုပ်မှု တချို့ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီနေ့ ဈေးကွက်ထဲက Windows OS စနစ်သုံး ဖုန်းအချို့ကတော့ Samsung Focus, HTC Titan 2, Nokia Lumia 800, 900 တို့ ဖြစ်ပါတယ်။