၂၀၁၇ ခုနှစ်ကို ရောက်နေပြီ ဆိုပေမယ့် နှစ်ချုပ် အနေနဲ့ အကောင်းဆုံးလို့ သတ်မှတ် ထုတ်ပြန်ထားတဲ့ အရင်နှစ်က အကောင်းဆုံး ကင်မရာတွေကို ပြောပြချင်ပါတယ်။ ဒီကင်မရာတွေက အမျိုးအစားစုံ ဖြစ်ပြီး DSLR တွေ Mirrorless တွေ စသဖြင့် မခွဲပဲ ပေါင်းပြီး ပြောထားတာပါ။
(၁) Fuji X-T2 (၁၆၀၀ ဒေါ်လာ) – Mirrorless ကင်မရာ အမျိုးအစား ဖြစ်ပြီး 24.3 MP ထိအောင် Resolution ရှိပါတယ်။ တစက္ကန့်အတွင်း Frame ၈ ခုထိအောင် အမြန်ဆုံး ရိုက်ကူးနိုင်ပြီးတော့ ဗီဒီယို ရိုက်မယ် ဆိုရင်တော့ 4K ရုပ်ထွက်နဲ့ ရမှာပါ။ ကျွမ်းကျင် အဆင့် ရှိသူတွေ အတွက် ထုတ်လုပ်ထားတာပါ။
(၂) Canon EOS 5D Mark IV (၃၃၃၀ ဒေါ်လာ) – ပြည်တွင်းမှာ ဈေးကွက်ဝင်နေတဲ့ မော်ဒယ်ပါ။ DSLR တန်းဝင် ဖြစ်ပြီး Resolution က 30.4 MP ရှိပါတယ်။ ပြန်လည် ကြည့်ရှုနိုင်မယ့် ၃ ဒသမ ၂ လက်မ အရွယ် ပြပ မျက်နှာပြင် ပါရှိ ပါသေးတယ်။ ကျွမ်းကျင်အဆင့် ရိုက်ကူးသူတွေ အတွက်ပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
(၃) Nikon D500 (၁၉၉၇ ဒေါ်လာ) – DSLR အမျိုးအစား ဖြစ်ပြီး Resolution က 20.9 MP ရှိပါတယ်။ ၃ ဒသမ ၂ လက်မ အရွယ် Touch စနစ်သုံး ပြသ မျက်နှာပြင် စနစ် ပါရှိပါတယ်။ တစက္ကန့်ကို ပုံရိပ် ၁၀ ခုထိ အမြင့်ဆုံး ရိုက်ကူးနိုင် ပါတယ်။ 4K ရုပ်ထွက် ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး ကျွမ်းကျင် အဆင့် ရိုက်ကူးသူတွေ အတွက် ဖြစ်ပါတယ်။
(၄) Sony Alpha A7R II (၂၆၇၅ ဒေါ်လာ) – Mirrorless တန်းဝင် ဖြစ်ပြီး Full-frame CMOS နဲ့ ရနိုင်ပါတယ်။ Resolution က 42.4 MP ရှိပြီး ဈေးကွက်ထဲမှာ Resolution အကောင်းဆုံးပါ။ ၃.၀ လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပေမယ့် Touch စနစ်နဲ့ သုံးလို့ မရပါဘူး။ တစက္ကန့်ကို ၅ ပုံအထိပဲ အမြင့်ဆုံး ရိုက်နိုင်ပြီး ကျွမ်းကျင်အဆင့်အတွက် ပါ။
(၅) Nikon D3300 (၄၀၀ ဒေါ်လာ) – ပြည်တွင်းမှာလည်း လူသုံးများနေတဲ့ အမျိုးအစား တခု ဖြစ်ပါတယ်။ DSLR တန်းဝင် ဖြစ်ပြီး Resolution က 24.2 MP ရှိပါတယ်။ တစက္ကန့်မှာ ပုံရိပ် ၅ ခုထိအောင် အမြင့်ဆုံး ရနိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှု အတွက်ကိုတော့ 1080 p ရုပ်ထွက်နဲ့ပဲ ရနိုင်ပါတယ်။ စမ်းသပ်ရိုက်ကူးသူတွေ အတွက် ဖြစ်ပါတယ်။
(၆) Panasonic Lumix LX100 (၅၈၀ ဒေါ်လာ) – High-end compact အမျိုးအစား ဖြစ်ပြီး Resolutionက 12.8 MP ပဲ ရှိပါတယ်။ ၃ လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပါတယ်။ Touch စနစ် သုံးလို့ မရပါဘူး။ တစက္ကန့်ကို ပုံရိပ် ၁၁ ခု ရိုက်ကူးနိုင်ပါတယ်။ ကျွမ်းကျင် အဆင့် ရိုက်ကူးသူတွေ အတွက် ဖြစ်ပါတယ်။
(၇) Olympus OM-D E-M10 II (၅၅၀ ဒေါ်လာ) – Mirrorless အမျိုးအစား ဖြစ်ပြီး Resolutionက 16.1 MP ရှိပါတယ်။ Touch စနစ်နဲ့ သုံးနိုင်မယ့် ၃လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပါတယ်။ တစက္ကန့်ကို ပုံရိပ် ၈ ပုံခွဲ ထိအောင် အမြင့်ဆုံး ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးမှု အပိုင်းမှာတော့ 1080 p ရုပ်ထွက်ပဲ ရမှာပါ။ စမ်းသပ် ရိုက်ကူးသူနဲ့ အပျော်တမ်းသမားတွေ အတွက်ပါ။
(၈) Panasonic Lumix ZS100/ TZ100 (၆၆၀ ဒေါ်လာ) – Travel Compact အမျိုးအစား ဖြစ်ပြီး Resolution က 20.1 MP ဖြစ်ပါတယ်။ ၃လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပေမယ့် Touch စနစ်နဲ့ မသုံးနိုင်ပါဘူး။ တစက္ကန့်ကို ပုံရိပ် ၁၀ ခု ထိအောင် အမြင့်ဆုံး ရိုက်ကူးနိုင်ပါတယ်။ စမ်းသပ်ရိုကူးသူနဲ့ အပျော်တမ်းသမားတွေ အတွက်ပါ။
(၉) Canon EOS Rebel T6i/ 750D (၅၄၈ ဒေါ်လာ) – DSLR အမျိုးအစား ဖြစ်ပြီး Resolutionက 24.2 MP ရှိပါတယ်။ Touch စနစ်နဲ့ သုံးနိုင်မယ့် ၃ လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပါတယ်။ ဗီဒီယိုရိုက်ကူးမှု အပိုင်းမှာ 1080 p ရုပ်ထွက်နဲ့ပဲ ရနိုင်ပါတယ်။ စမ်းသပ်ရိုက်ကူးသူတွေ အတွက် ထုတ်လုပ်ထားတာပါ။
(၁၀) Panasonic Lumix FZ1000 (၆၉၇ ဒေါ်လာ) – Bridgeအမျိုးအစား ဖြစ်ပြီး Resolutionက 20.1 MP ရှိပါတယ်။ Touch စနစ်နဲ့ မရပေမယ့် ၃လက်မ ပြသ မျက်နှာပြင် ပါရှိပါတယ်။ တစက္ကန့်ကို ၁၂ ပုံ ထိအောင် အမြင့်ဆုံး ရိုက်ကူး နိုင်ပါတယ်။ 4K ရုပ်ထွက်နဲ့ ဗီဒီယိုတွေ ရိုက်နိုင်ပါတယ်။ အပျော်တမ်းသမားတွေ အတွက် ဖြစ်ပါတယ်။ ။