စီးပွားရေး

Nissan ရဲ့မော်ဒယ်အသစ် Juke

ပြည်တွင်းမှာ SUVဆန်ဆန် ကိုယ်ထည်နဲ့ မော်ဒယ်မြင့်တွေထိအောင်ပါ လူကြိုက်များလာနေတဲ့ Hatchback မော်ဒယ် Jukeနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဂျပန်အခြေစိုက် Nissanရဲ့ထုတ်လုပ်မှု ဖြစ်ပြီးတော့ Infiniti ESQ မော်ဒယ်လို့လည်း ခေါ်ပြီးတော့ ဒါက ဈေးကွက်မှာ လူ ကြိုက်များ အောင်မြင်မှုရဲ့နောက်ဆက်တွဲအဖြစ် ဇိမ်ခံမော်ဒယ်ခွဲကိုပါ ထုတ်လုပ်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ခုနှစ် သြဂုတ်လအတွင်းကမှ စတင်ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး သက်တမ်းတိုကာလအတွင်းမှာ ဈေးကွက်နေ ရာ ခိုင်ခိုင်မာမာရရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုစရာကတော့ မော်ဒယ်နှစ်သတ်မှတ်ချက်က ၂၀၁၁ ခုနှစ် မော်ဒယ်အဖြစ်မှ စတင်သတ်မှတ်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျပန်၊ အင်္ဂလန်နဲ့ အင်ဒိုနီးရှား ၃ နိုင်ငံတည်းမှာပဲ ထုတ်လုပ်ပါတယ်။ ကိုယ်ထည်က Hatchback ဒီဇိုင်း၊ သတ်မှတ်ရမယ့်အ တန်းအစားက အသေးစား SUV မော်ဒယ်ပါ၊ ရှေ့ဘက် အင်ဂျင်အထိုင်ပုံစံမှာ ရှေ့ဘီးယက်စနစ်နဲ့ရော လေးဘီးယက်စနစ် နဲ့ပါ ရနိုင်ပါတယ်။

ပြည်တွင်းမှာ ရနိုင်နေတဲ့မော်ဒယ်ကတော့ ရှေ့ထွက်ပိုင်းတွေ များပြီး အင်ဂျင်က ၁.၅ လီတာသုံး ဖြစ်ပါတယ်။ မြို့တွင်းသုံး ဦးစားပေး မော်ဒယ်ဆိုပေမယ့် ဝန်တင်ဆောင်နိုင်မှု အားနည်းလို့ ဝန်များများ တင်ချင်တယ်ဆိုရင်တောင် နေရာအခက်အ ခဲကြောင့် တင်ဖို့ ခက်ပါတယ်။

အင်ဂျင်က ငယ်ပေမယ့် ဝန်မပါတဲ့အနေအထားမှာ ခရီးဝေးမောင်းနှင်မှုအတွက်လည်း အဆင်ပြေမှာပါ။ ဒါပေမယ့် တ ဆက်တည်း မောင်းနှင်မှုအတွက် မိုင် ၁၀၀ လောက်ပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ညာမောင်းပုံစံအထိုင် ဖြစ်ပြီး Auto စနစ်နဲ့ လာပါတယ်။ Gasoline အင်ဂျင်စနစ်၊ Smart Key နဲ့ ဖန်တီးထားပြီး အတွင်းခန်း တပ်ဆင်မှုက အပြည့်စုံ ပါရှိပါတယ်။ ဒါကလည်း နောက်ပိုင်းထုတ်မော်ဒယ် ဖြစ်နေတာကြောင့် ပစ္စည်းစုံပါတယ်လို့ ဆိုရပေ မယ့် တချို့မော်ဒယ်တွေမှာတော့ TV ဒါမှမဟုတ် CD-DVD ကို ပြန်ထည့်ထားတာမျိုး တွေ့ရတတ်ပါတယ်။

ဒီနေရာမှာ တခုရှိတာက Ori ကို မက်နေမယ့်အစား ပြန်ထည့်ထားသည့်တိုင်အောင် မိမိသုံးရအဆင်ပြေနေရင် ကောင်း တာပါပဲ။ အကြောင်းက တချို့ Ori စနစ်ဖြစ်ပေမယ့် ဂျပန်စာလို ဖော်ပြနေရင် အသားမကျသရွေ့သုံးရတာ အဆင်မပြေနိုင် လို့ပါ။

Power စီယာတိုင်စနစ်က မောင်းနှင်လို့ ကောင်းပါတယ်၊ ဂီယာလည်း ညက်ပါတယ်။ နောက်ကြည့်ကင်မရာစနစ် ထိုင် ထားတယ်၊ နောက်ဘက်အချက်ပြစနစ်ကပါတဲ့ မော်ဒယ်လည်း ပါသလို မပါသေးရင်လည်းထည့်လို့ လွယ်ပါတယ်။

ဂျပန်သုံးမော်ဒယ် အများစု ဈေးကွက်မှာ ဝင်နေလို့ Juke အများစုက မောင်းနှင်ပြီး ကီလို သိပ်မတက်သေးပါဘူး။ ဈေး ကွက်မှာတော့ အနီရောင် Juke ၂၀၁၀ခုနှစ်ထုတ် ကီလို ၆သောင်း ဝန်းကျင်ကို သိန်း ၂၉၀လောက် ခေါ်ပါတယ်။

တန်ကြေးသင့် မော်ဒယ်တွေ ဈေးငြိမ်တဲ့အနေအထားမှာ Juke က ဇိမ်ခံအဖြစ်ရော မြို့တွင်းသုံးအဖြစ်ပါ အဆင်ပြေ ပေမယ့် နယ်ဝယ်လက်အတွက်တော့ အကောင်းဆုံးလို့ မဆိုချင်ပါဘူး။

သီရိမင်္ဂလာမော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းဘက်မှာ Juke တွေ အများဆုံးရနိုင်ပြီး ကားအရောင်းပြခန်းတွေမှာလည်း လွယ်လွယ်ရနိုင်ပါတယ်။ Showroom တွေမှာတော့ ဈေးနည်းနည်း မာချင်ပြီး အာမခံ ကာလအနည်းငယ် ပါရှိတာ တခု တော့ အားသာချက် ရှိပါတယ်။

Loading