စီးပွားရေး

၂၀၁၆ ခုနှစ်အတွင်း စမတ်ဖုန်းဈေးကွက်ကို သိမ်းပိုက်ခဲ့တဲ့ Samsung

ဒီနေ့ခေတ် စမတ်ဖုန်းအသုံးပြုမှုကတော့ နေ့စဉ် တိုးတက်သည်ထက် တိုးတက်များပြားနေတာတွေ့ရပြီး အခု နောက်ပိုင်းနှစ်တွေမှာ အာရှ အခြေစိုက် ဖုန်းကုမ္ပဏီတွေရဲ့ ဖုန်းရောင်းချနိုင်မှု အားကောင်းလာတာလည်း တွေ့ရပါတယ်။

အထူးသဖြင့် Android စနစ်သုံးဖုန်းတွေ လူကြိုက်များမှုနဲ့အတူ အမေရိကန် အခြေစိုက် Apple အတွက် ဖုန်းအများဆုံးရောင်းချရသူအဖြစ် ရပ်တည်ဖို့ ခက်ခဲနေစေတာလည်း ဖြစ်ပါတယ်။ အမှန်တကယ် လုံခြုံစိတ်ချရမှုနဲ့ အရည်အသွေးတွေအရ iPhone တွေက ပိုမိုကောင်းမွန်ပေမယ့် ဈေးနှုန်းနဲ့ အသုံးပြုရမှု လွယ်ကူခြင်းအချက်တွေကြောင့် Android ဖုန်းတွေက လူပိုကြိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိ နောက်ဆုံး ထုတ်ပြန်စာရင်းများအရတော့ တောင်ကိုရီးယားအခြေစိုက် Samsung ကပဲ ၂၀၁၂ ခုနှစ်ကတည်းက ကမ္ဘာ့ဖုန်း အများဆုံးရောင်းချရသူနေရာကို ဖင်လန်အခြေစိုက် Nokia ဆီက ရယူနိုင်ခဲ့ပြီး လက်ရှိ ၂၀၁၆ ခု နှစ်ကုန်စာရင်း ထိအောင်ပါ နံပါတ်တစ်နေရာမှာ ဆက်လက်ရပ်တည်နိုင်နေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း Samsung အနေနဲ့ စမတ်ဖုန်းဈေးကွက် အားလုံးရဲ့ ၂၀.၅ ရာခိုင်နှုန်းထိအောင် ရရှိခဲ့ပြီး တစ်နှစ်အတွင်း ဖုန်းအလုံးရေ ၃၀၆.၄၄၆၆ သန်း ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာသမိုင်းတလျှောက် Samsung ရဲ့ တစ်နှစ်အတွင်း ဖုန်းအလုံးရေအများဆုံး ရောင်းချနိုင်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စုစုပေါင်း ၄၄၄.၄၄၄၂ သန်းရောင်းချရမှုထက် သိသိသာသာလျော့နည်းသွားတာ ဖြစ်သလို လက်ရှိဖုန်းအများဆုံးရောင်းချရသူအဖြစ် ရပ်တည်နိုင်နေပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်းရောင်းချမှု တဖြည်းဖြည်းချင်းလျော့နည်းလာနေတာလည်း ဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ အမေရိကန် အခြေစိုက် Apple ရှိနေပြီး ဈေးကွက်ရဲ့ ၁၄.၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဖုန်းအလုံးရေ ၂၁၆.၀၆၄၀ သန်းရောင်းချနိုင်ခဲ့သလို တတိယနေရာမှာ Huawei ကဈေးကွက်နေရာ ၈.၉ ရာခိုင်နှုန်းနဲ့ အလုံးရေ ၁၃၂.၈၂၄၉ သန်း ရောင်းချနိုင်ခဲ့တာပါ။ ထူးခြားချက်အနေနဲ့ကတော့ လက်ရှိ ပြည်တွင်းမှာပါ ကြော်ငြာအား ကောင်းကောင်းနဲ့ ဈေးကွက်ဝင်နေတဲ့ OPPO က နံပါတ် ၄ နေရာ ရလာခဲ့တာဖြစ်ပြီး ဈေးကွက်အားလုံးရဲ့ ၅.၇ ရာခိုင်နှုန်းထိအောင် ပိုင်ဆိုင်ခဲ့သလို ဖုန်းအလုံးရေ ၈၅.၂၉၉၅ သန်း ရောင်းချ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာမည်ကျော် Xiaomi ကတော့ ၂၀၁၆ ခုနှစ် ပထမခြောက်လအတွင်း ရောင်းအားတက်ခဲ့ပေမယ့် နောက်ပိုင်း ၆ လမှာ ရောင်းအားကျသွားလို့ အရောင်းရဆုံးစာရင်းမဝင်ခဲ့ပါဘူး။

Ref: http://en.m.wikipedia.org

Loading