ပြီးခဲ့တဲ့နှစ်အတွက် နှစ်ချုပ် ကားရောင်းချရမှု စာရင်းတွေကတော့ အခုလဆန်းပိုင်းကနေမှ စတင်ပြီး ဖြည်းဖြည်းချင်း ထုတ်ပြန်လာတာ တွေ့ရသလို ကျနော်က လက်ရှိတိုးတက်များပြားလာတဲ့ ပြည်တွင်းမော် တော်ယာဉ် အသုံးပြုမှုနဲ့အတူ ဈေးကွက်ဝင်မော်ဒယ်တွေထဲမှာလည်း လူကြိုက်များမော်ဒယ်တွေကို သိထားရအောင် ပြောပြချင်ပါတယ်။
ရာစုနှစ်ဝက်ဝန်းကျင် သက်တမ်းရှိ Toyota Corolla အနေနဲ့ ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဘာ့အရောင်းရဆုံး မော်ဒယ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာလည်း တနှစ်အတွင်းအစီးရေ ၁၃၁၆၃၈၃စီး ရောင်းချနိုင်ခဲ့သလို နံပါတ် (၁) နေရာကို ဆက်ထိန်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါဟာ ၂၀၁၅ခုနှစ် အတွင်းရောင်းချရမှု အစီးရေ ၁၃၆၅၃၉၄ စီးထက် အနည်းငယ်လျော့ကျသွားတာဖြစ်ပြီး ရာခိုင်နှုန်း အရ တော့ ၃.၆ ရာခိုင်နှုန်း ရောင်းအားကျသွားတာ ဖြစ်ပါတယ်။
အရောင်းရဆုံးနံပါတ်(၂) နေရာမှာတော့ ၂၀၁၅ခုနှစ် အတွင်းက နေရာဖယ်ပေးခဲ့ရတဲ့ အမေရိကန်အခြေစိုက် Ford ရဲ့ နာမည် ကျော်မော်ဒယ် F-Series က ရပ်တည်နေပါတယ်။ ၂၀၁၆ခုနှစ်အတွင်းမှာတော့ F-Series က အစီးရေ ၉၉၃၇၇၉ စီး ရောင်းချနိုင်ခဲ့ပြီး ရောင်းအား ၇.၆ ရာခိုင်နှုန်းတက်လာသလို ဒုတိယနေရာ ရောက်လာ ပါတယ်။
၂၀၁၅ခုနှစ်အတွင်း ဂျာမနီအခြေစိုက် Volkswagen ရဲ့ မော်ဒယ် Golfက ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး F-Series က နံပါတ်(၃)နေရာပဲရခဲ့တာပါ။
တတိယနေရာကိုတော့ VW Golf က ပြန်ဆင်းသွားပြီး ရောင်းအား ၆.၂ရာခိုင်နှုန်းကျဆင်းသွားတာကြောင့် အစီးရေ ၉၉၁၄၁၄ စီးပဲ ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါကလည်း ပြီးခဲ့တဲ့နှစ်အတွင်းက VWရဲ့ကားတွေမှာ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာအားနည်းချက် ပေါ်ပေါက် ခဲ့လို့ ရောင်း အားကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
ရောင်းအားအမြင့်ဆုံး နံပါတ် (၄)နေရာမှာတော့ တောင်ကိုရီးယားအခြေစိုက် Hyundaiရဲ့ မော်ဒယ် Elantraက အစီးရေ ၇၈၈၀၈၁ စီး၊ (၅) နေရာမှာ ဂျပန်အခြေစိုက် Hondaရဲ့ CR-V မော်ဒယ်က အစီးရေ ၇၅၂၄၆၃စီး၊ (၆) နေရာမှာ အမေရိ ကန်အခြေ စိုက် Fordရဲ့ Focus မော်ဒယ်က အစီးရေ ၇၃၄၉၃၅ စီး စသဖြင့် အသီးသီးရှိ နေပါတယ်။
နံပါတ်(၇)နေရာမှာ ဂျပန်အခြေစိုက် Toyotaရဲ့ RAV-4 မော်ဒယ်က အစီးရေ ၇၂၄၁၉၈ စီး၊ (၈)နေရာမှာ ဂျာမနီ အခြေစိုက် Volkswagenရဲ့ Polo မော်ဒယ်က အစီးရေ ၇၀၄၀၆၂စီးနဲ့ ဖြစ်ပါတယ်။
နံပါတ်(၉)နေရာမှာ ဂျပန်အခြေစိုက် Hondaရဲ့ Civic မော်ဒယ်ကအစီးရေ ၆၆၈၇၀၇စီးနဲ့ နံပါတ် (၁၀)နေရာမှာ တော့ ဂျပန် အခြေစိုက် Toyotaရဲ့Camry မော်ဒယ်က အစီးရေ ၆၆၀၈၆၈ စီး ရောင်းချခဲ့ရပြီး အစဉ်လိုက် ရပ် တည်နေတာ တွေ့ရပါ တယ်။
အဆိုပါ မော်ဒယ်အားလုံးထဲမှာတော့ Honda Civic က ရောင်းအားတက်နှုန်း အမြင့်ဆုံး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရောင်းအား ထက် ၁၈.၇ရာခိုင်နှုန်း မြင့်တက်လာတာလည်း ဖြစ်ပါတယ်။