စီးပွားရေး

ကမ္ဘာကျော် ဖက်ရှင်၊ အနုပညာ အမှတ်တံဆိပ်တို့နဲ့ ပူးပေါင်းမယ့် Huawei

Want create site? Find Free WordPress Themes and plugins.

Huawei စမတ်ဖုန်း ကုမ္ပဏီမှ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ ဖက်ရှင်နဲ့ အနုပညာအမှတ်တံဆိပ်တချို့တို့နဲ့ ပူးပေါင်းပြီး ထူးခြားတဲ့လမ်းကြောင်းသစ်ကို ဖော်ဆောင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ Huawei စမတ်ဖုန်း ထုတ်ကုန်အသစ်ကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့၊ တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။

Huawei ဟာ မနှစ်ကဆိုရင် Leica ရဲ့ အထင်ကရ ကင်မရာဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီး ကင်မရာ ၂ ခုပါ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ကာ အထူးအောင်မြင်ခဲ့တဲ့ စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရေပန်စား လူသိများ ခဲ့ပါတယ်။

Huawei မှ ယခုနှစ်အတွင်း မတ်လ ၃၁ ရက်နေ့ကနေ မေလ ၃၀ ရက်နေ့အထိ ၂ လကြာပြုလုပ်မယ့် “Selfie မှသည် ဖန်တီးမှုများ” အစီအစဉ်ကို Saatchi Gallery နဲ့ ပူးပေါင်းမယ်လို့ ကြေညာထားပြီး ပြပွဲအတွင်း အရင်ခေတ်ကနေ လက်ရှိခေတ်အထိ Selfie သမိုင်းကို လေ့လာခွင့်ရရှိမယ့် ပွဲမျိုး ဖြစ်တယ်လို့ သိရပါတယ်။

“Selfie မှသည် ဖန်တီးမှုများ” ပြပွဲအတွင်းမှာ Selfie ရဲ့ ဖန်တီးနိုင်မှု အလားအလာကို အနုပညာဆန်တဲ့ ဖန်တီး သရုပ်ဖော်မှု ပုံစံအဖြစ်ပြသမှာဖြစ်ပါတယ်။ ပြပွဲမှာ Leica နဲ့ Huawei ပူးပေါင်းထားတဲ့ ကင်မရာ ၂ လုံးပါ စမတ်ဖုန်း အသုံးပြုပြီး အနုပညာလက်ရာအသစ်တွေ ဖန်တီးမယ့် ဗြိတိန်နိုင်ငံသား ဓာတ်ပုံဆရာ ၁၀ ယောက် ကို ရွေးချယ်မှာလည်း ဖြစ်ပါတယ်။

Huawei မှ Pantone ဆိုတဲ့ အရောင်ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့အစည်းနဲ့လည်း ပူးပေါင်းထားတာကြောင့် အရောင်နဲ့ ဖက်ရှင်မြတ်နိုးသူတွေအတွက် Huawei ရဲ့ အသစ်ထွက်မယ့် ထုတ်ကုန်သစ်တိုင်းမှာ အရောင် ဒီဇိုင်းဆန်းအသစ်တွေ ထွက်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် Huawei ဟာ ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် Ricostru နဲ့လည်း ပူးပေါင်းပြီး စမတ်ဖုန်း အပိုပစ္စည်း ဒီဇိုင်းအသစ်များ ပေါ်ထွက်လာအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြသမယ့် Huawei စမတ်ဖုန်း ထုတ်ကုန်အသစ်ဟာ ကမ္ဘာကျော် ဖက်ရှင်နဲ့အနုပညာ အမှတ်တံဆိပ်တချို့တို့နဲ့ ပူးပေါင်းထားတာကြောင့် ဘယ်လို ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်း တလုံးအဖြစ် ထွက်ပေါ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading