စီးပွားရေး

ရန်ကုန်မြို့ရှိ တက္ကစီအရေအတွက် လျှော့မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း လမ်းအသုံးပြုမှု အများဆုံးဖြစ်သည့် အငှားယာဉ် အရေအတွက် လျှော့ချရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“တဝက်လျှော့မယ်ဆိုတဲ့ အဆင့်ကတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ၆ သောင်းကျော် ဆိုတာက များနေတယ်။ ဒါကြောင့် အရေအတွက် ဘယ်လောက်ဆိုရင် အဆင်ပြေမလဲဆိုတာ အစည်းအဝေး ထိုင်ရဦး မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။

၎င်းက ““အစည်းအဝေး ထိုင်ပြီး ဘယ်လိုစနစ်မျိုး ဘယ်လိုပုံစံမျိုးနဲ့ လျှော့ချမလဲ။ ဘယ်လိုပုံစံနဲ့သွားမှာလဲပေါ့ ။ ချက်ခြင်းကြီးတော့  လုပ်မှာ မဟုတ်ပါဘူး။ အစည်းအဝေးထိုင်ပြီး လေ့လာပြီးတော့မှ လုပ်မှာပါ” ဟု ရှင်းပြသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က တက္ကစီစာရင်း ကောက်ယူပြီးနောက် ရှိသင့်သည့် လိုအပ်ချက်ထက် ကျော်လွန်နေပါက အချို့ တက္ကစီနံပါတ် အနီများကို အိမ်စီးနံပါတ်အနက်အဖြစ် ပြန်လည် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

“ ပြန်သုံးသပ်မှာက အနက်ကအနီပြောင်း အရေအတွက် ဘယ်လောက်ရှိထားလဲ။ AA, BB ဘယ်လောက်ရှိလဲ။ လိုအပ်တဲ့ အချိုးအရ ဘယ်အချိုးပေါ်မှုတည်ပြီး လုပ်သွားမယ်ဆိုတာ ကျနော်တို့ အစည်းအဝေး လုပ်ပြီးမှ ဆုံးဖြတ်သွားမယ် ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ရှင်းပြသည်။

နေ့စဉ်သွားလာနေသည့် ယာဉ်များထဲတွင် လမ်းအသုံးပြုမှု အများဆုံးမှာ အငှားယာဉ်များ ဖြစ်ခြင်း၊ ယာဉ်ကြောကျပ် တည်းမှုအရ သက်ရောက်မှု ရှိနေပြီး ရန်ကုန်မြို့ အတိုင်းအတာ အရ အငှားယာဉ် အစီးရေသည် ရှိသင့်သည်ထက် များနေခြင်းကြောင့် လျှော့ချရန် စီစဉ်ခြင်းသာ ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း AA၊ BB၊ CC စသည့် နံပတ် အနီ အငှားယာဉ် စုစုပေါင်း ၄ သောင်းနီးပါးရှိပြီး ကိုယ်ပိုင်ကား နံပတ် အနက်မှ အငှားယာဉ် အဖြစ် ပြောင်းလာသော ယာဉ်အရေအတွက်မှာ ၂၇၀၀၀ ရှိရာ ပျှမ်းမျှ အစီးရေ ၆၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် အခြားမြို့များမှ ဝင်ရောက်ပြေးဆွဲနေသည့် တက္ကစီများလည်း ရှိနေရာ တရားမဝင် လိုင်စင်မဲ့ တက္ကစီများလည်း ပြေးဆွဲနေခြင်းများ ရှိနေသည့် အတွက် စနစ်တကျ စိစစ် အရေးယူသွားမည်ဟု သိရသည်။

တက္ကစီများ စာရင်းကို စနစ်တကျ ကောက်ယူပြီးပါက ခရီးသည်များကို ဝန်ဆောင်မှု ပေးမည့် Taxi Call Center တခုကို လည်း ထားရှိမည်ဖြစ်ကာ အွန်လိုင်းမှတဆင့် တက္ကစီ ငှားရမ်း စီးနင်းနိုင်သည့် စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်သည်။

တက္ကစီယာဉ်မောင်း ဦးရဲကိုက “ကျနော်တို့ အမြင်အနေနဲ့ အက္ခရာတန်းတွေ နံပါတ်အနက် ပြန်ပြောင်းသွားရင် လမ်းကြောင်း ရှင်းသွားနိုင်ပါတယ်။ လမ်းကြောပိတ်တဲ့အချိန်က ရုံးတက် ရုံးဆင်းချိန်ပါပဲ။ နောက်ပိုင်းမှာ စနစ်တခု ဖြစ်လာမယ်ဆိုရင် ငှားရမ်းမယ့်ဈေးနှုန်းတွေကလည်း ကုမ္ပဏီက သတ်မှတ်တဲ့နှုန်းအတိုင်း ဖြစ်လာမှာပဲ။ အခုလိုမျိုး မဖြစ်တော့ဘဲ ကုမ္ပဏီပေါ်မှာ မူတည်သွားမှာပဲ”ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီများနှင့် ပတ်သက်ပြီး အမှန်တကယ် ရှိသင့်သည့် အရေအတွက်ကိုသာ ခွင့်ပြုနိုင် ရန် တက္ကစီစာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ နေ့က တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် ရန်ကုန်မြို့ပြ၏ ယာဉ်ကြောကြပ်တည်းကို ဖြေလျှော့နိုင်ရန် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင် ရေးအာဏာပိုင် တရပ်ကို ဖွဲ့စည်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုစနစ်သစ် (YBS)ကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading