စီးပွားရေး

ဒေါ်လာ ၂၀၀ အောက်တန်ဖိုးရှိ အကောင်းဆုံး စမတ်ဖုန်းများ

Want create site? Find Free WordPress Themes and plugins.

ဒေါ်လာ ၂၀၀ ဆိုတော့ ပြည်တွင်း ငွေဈေးနှုန်းနဲ့ တွက်ရင် ကျပ် ၂ သိန်းခွဲနဲ့အောက် တန်ဖိုးရှိ တန်ကြေးသင့် ဖုန်းတွေပါ။ ပြည်တွင်းဈေးကွက်မှာလည်း ရနိုင်ပြီး နိုင်ငံတကာ ဈေးကွက်မှာပါ လူကြိုက်များနေတဲ့ ဖုန်းတွေကို ရွေးချယ် ဖော်ပြချင်ပါတယ်။ ကြိုပြီး ပြောထားချင်တာက ဖုန်းတွေရဲ့ တန်ဖိုးတွေကို ဒေါ်လာနဲ့ ဖော်ပြထားပြီး ပြည်တွင်း ဈေးကွက်မှာတော့ အခွန်နှုန်းထားအပေါ် မူတည်ပြီး ဈေးအနည်းငယ် ကွာဟချက် ရှိနိုင်တယ် ဆိုတာပါပဲ။

(၁) Honor 5X – ပြည်တွင်းမှာ လူကြိုက်များခဲ့တဲ့ Honor ရဲ့ နောက်ဆက်တွဲ မော်ဒယ်ပါ။ RAM 2GB ဖြစ်လာ ပါတယ်။ Internal Memory 16 GB ပါရှိတယ်၊ ကင်မရာက နောက်ဘက် 13 MP နဲ့ ရှေ့ဘက် 5 MP ဖြစ်ပါတယ်။ ပြသ မျက်နှာပြင်က ၅ ဒသမ ၅ လက်မ အရွယ်၊ LTE စနစ်ထိအောင် ချိတ်ဆက် သုံးနိုင်မယ်၊ Fingerprint နည်းပညာ ထည့်ထားပြီး ဝ.၅ စက္ကန့်အတွင်း လက်ဗွေရာကို ဖတ်ပြီး ဖုန်းဖွင့်နိုင်မယ်။ Android စနစ်သုံး ဖြစ်ပြီး v5.1 Lollopop ကို သုံးနိုင်မှာပါ။ RAM 3GB နဲ့ Internal Memory 32 GB မော်ဒယ်ပါ ရွေးချယ်နိုင်အောင် နောက်ဆက်တွဲ ထွက်ရှိ နေတာ တွေ့ရပါတယ်။ တန်ကြေးကတော့ ဒေါ်လာ ၁၇၀ ဖြစ်ပါတယ်။

(၂) Moto G (4th Generation) – ဒီဖုန်းက အခု မတွေ့ရသေးပေမယ့် နောက်ပိုင်း ဈေးကွက် ဝင်လာမယ်လို့ ယူဆရပါတယ်။ ကင်မရာပိုင်းမှာ ဒီနေ့ခေတ် ပုံမှန် ဖုန်းတွေ အတိုင်း နောက်ဖက် 15 MP နဲ့ ရှေ့ဖက် 5 MP ထိုင်ထားတယ်။ ၅ ဒသမ ၅ လက်မ အရွယ် ဖုန်းမှာ RAM တမျိုးတည်း 2GB ပုံစံနဲ့ ရနိုင်ပေမယ့် Internal Memory ကတော့ 16 GB နဲ့ 32 GB နှစ်မျိုး ရနိုင်ပါတယ်။ ၁၅ မိနစ် အားသွင်းရုံနဲ့ ၆ နာရီကြာ သုံးနိုင်မယ့် အပြင် အား အပြည့်သွင်းထားရင်တော့ ၄၈ နာရီကျော်ထိအောင် သုံးနိုင်မှာပါ။ Android စနစ်သုံး ဖြစ်ပြီး v6.0 ကို သုံးနိုင်မှာ ဖြစ်ကာ ဈေးနှုန်းက ဒေါ်လာ ၁၈၀ ဖြစ်ပါတယ်။

(၃) Alcatel OneTouch Idol 3 – ပြင်သစ် အခြေစိုက် ကမ္ဘာကျော် အမှတ်တံဆိပ်ရဲ့ မော်ဒယ်ပါ။ အာရှ ဈေးကွက်မှာတော့ လူသိနည်းပေမယ့် ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ဖုန်းအမှတ်တံဆိပ် Top Ten စာရင်းမှာ ပါဝင်တဲ့ ဖုန်းပါ။ 4G စနစ်ထိအောင် ချိတ်ဆက် သုံးနိုင်မှာ ဖြစ်ပြီး 2.5GHz မြန်နှုန်းရှိ Octa-core ကို ထိုင်ထားလို့ ဖုန်းသုံးရတာ အရမ်း မြန်ပါတယ်။ Android စနစ်သုံးပဲ ဖြစ်ပြီး v-6.0 ကို သုံးနိုင်မှာ ပါ။ ၅ ဒသမ ၅ လက်မ အရွယ်ပဲ ဖြစ်ပြီး RAM က 2 GB ထိုင်ထားပြီး Internal Memory ကတော့ 16 GB ပဲ ပါမှာပါ။ ရှေ့ဘက် ကင်မရာက 8 MP ထိအောင် ရှိပြီး ဈေးကွက်ထဲက ဖုန်းတွေထက် ပိုကောင်းနေပါတယ်။ နောက်ဘက် ကင်မရာကတော့ 15 MP ပုံမှန်ပါပဲ။ ကျောင်းသူ ကျောင်းသားတွေနဲ့ အိမ်သုံးဖုန်း အဖြစ် အကောင်းဆုံး ဖုန်းလို့ သတ်မှတ်ခံထားရပြီး ဈေးနှုန်းက ဒေါ်လာ ၂၀၀ ဖြစ်ပါတယ်။

(၄) Huawei P8 Lite ALE-L23 – ပြည်တွင်းမှာပါ ဈေးကွက်ဝင်နေတဲ့ ဖုန်းမော်ဒယ် ဖြစ်ပြီး သူက 4G စနစ်မှာပါ သုံးနိုင်ပါတယ်။ ပြသမျက်နှာပြင်က ၅ လက်မပဲ ရှိပါတယ်။ Gorilla Glass 3 ကို ထည့်ထားလို့ အကြမ်းခံနိုင်ရည် အထူး ကောင်းလာပါတယ်။ ကင်မရာစနစ်က နောက်ဘက်မှာ 13 MP ထိုင်ထားပြီး ရှေ့ဘက်က 5 MP ဖြစ်ပါတယ်။ သဘောကျစရာ တခုက မော်ဒယ်ရဲ့ ကင်မရာစနစ်က အလင်းအားနည်းချိန်မှာပါ ရုပ်ထွက်ကောင်းကောင်းရအောင် ရိုက်ကူးနိုင်တာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းက ၁၇၅ ဒေါ်လာ ရှိပါတယ်။

(၅) HTC One E9 Plus – ပြည်တွင်း ဈေးကွက်မှာ HTC အတွေ့ရ နည်းသွားပေမယ့် အရည်အသွေးပိုင်း ကောင်းမွန်မှု ကိုတော့ နိုင်ငံတကာ ဈေးကွက် အတွက် ထိန်းထားနိုင်ဆဲပါ။ နောက်ဘက် ကင်မရာက 20 MP ထိအောင် ရှိပြီး ရှေ့ဘက် ကင်မရာက 13 MP ရှိပါတယ်။ လက်ရှိ ဈေးကွက်ဝင် ဖုန်းတွေထဲက ကင်မရာတွေထဲမှာ အကောင်းဆုံး မော်ဒယ် ဖြစ်လာပါတယ်။ အရောင် သုံးရောင် ထုတ်လုပ်ထားတာ တွေ့ရပြီး Internal Memory က 32 GB ပဲ ပါရှိပေမယ့် ကတ်စိုက်သုံးမယ် ဆိုရင် 2 TB ထိအောင် သုံးနိုင်မှာ ဖြစ်လို့ တကယ် စိတ်ဝင်စားစရာပါ။ 4G စနစ်မှာ သုံးနိုင်ပြီး ၅ ဒသမ ၅ လက်မ အရွယ် ရှိပါတယ်။ Android စနစ်နဲ့ ဖြစ်ပြီး v5 ကို သုံးနိုင်မှာပါ။ ဈေးနှုန်းက ဒေါ်လာ ၃၀၀ ဖြစ်ပြီး ကင်မရာနဲ့ Memory ပိုင်းမှာ သဘောကျလို့ အခု စာရင်းထဲမှာ ထည့်ပြောလိုက်တာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading