• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဒီဇယ်အင်ဂျင်နဲ့ ရနိုင်တဲ့ Mercedes-Benz E-Class

by လင်းထက်(IA)
25 February 2017
in စီးပွားရေး
A A
Mercedes-Benz E-Class ကားအမျိုးအစား

Mercedes-Benz E-Class ကားအမျိုးအစား

12.2k
VIEWS
Share on FacebookShare on Twitter

E-Class တန်းဝင်အဖြစ် ထုတ်လုပ်ခဲ့တဲ့ သမိုင်းတလျှောက်မှာတော့ အခုမော်ဒယ်က သက်တမ်းအရှည်ကြာဆုံး ဆီဒင်တန်းဝင်မော်ဒယ်ပါ။

လက်ရှိမှာတော့ အလတ်တန်းစား ကိုယ်ထည်အနေနဲ့ ဇိမ်ခံပုံစံဈေးကွက်မှာ ရောက်ရှိနေတာပါ။ မော်ဒယ်မှာ သဘောကျစရာ ကောင်းတာက မောင်းနှင်မှုအပိုင်းမှာ စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင်တယ်။ ဆိုလိုတာက ရုန်းအားကောင်းတယ်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.5k
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
1k
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
937

ခရီးဝေးမောင်းနှင်ချိန်တွေ အထိအောင် ငြီးငေ့ွမှုမရှိဘဲ မောင်းနှင်နိုင်တယ်။ E-Class အနေနဲ့ ရွေးချယ်နိုင်စရာ ကိုယ်ထည် အမျိုးအစားတွေ အများကြီး ရှိသေးတယ်။ ဒါပေမယ့် အခု ကျနော်ပြောနေတာက ဆီဒင်တန်းဝင် မော်ဒယ်ပါ။ နောက်ပြီး ဒီဇယ်အင်ဂျင်နဲ့လည်း ရနိုင်သလို ဓာတ်ဆီအင်ဂျင်နဲ့လည်း ရရှိပြီး တကယ်လို့ သင့်အနေနဲ့ ဓာတ်ဆီအင်ဂျင်နဲ့ မော်ဒယ်ကို ရွေးချယ်မယ်ဆိုရင်တော့ စွမ်းဆောင်ရည်မြင့် မော်ဒယ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဇိမ်ခံမော်ဒယ်အနေနဲ့ မိတ်ဆက်နေတဲ့ အနေအထားမှာ Sport ကားတွေရဲ့စွမ်းဆောင်ရည်ထက် အင်ဂျင်သံတည်ငြိမ်မှု၊ ရုန်းအားကောင်းမွန်မှုနဲ့ လိုက်ပါ စီးနင်းရမှုအပိုင်းမှာ သက်တောင့်သက်သာရှိမှုကတော့ အခု ဒီဇယ် အင်ဂျင်တပ် မော်ဒယ်က ပိုကောင်းတာ တွေ့ရပါတယ်။

နောက်ဆုံးတချက်ကတော့ အသက်ကယ်စနစ်နဲ့ လုံခြုံရေးစနစ်အပိုင်းမှာ နောက်ဆုံးပေါ် နည်းပညာအများအပြား ထည့် သွင်းထားတာ တွေ့ရပြီး သတိပေးမှု၊ အချက်ပြမှုနဲ့ အလိုအလျောက် ကူညီစနစ်တွေ စုံလင်စွာ ပါရှိပါတယ်။

အားနည်းချက်အဖြစ်နဲ့ မြင်မိတာလေးတွေက တခုပဲရှိပြီး အထက်မှာ ပြောခဲ့သလို လမ်းဖြောင့်လမ်းကောင်း မောင်းနှင်မှုအပိုင်းမှာ အရှိန်ယူမောင်းနှင်နိုင်မှု အားနည်းချင်တာကြောင့် တနာရီ မိုင် ၆၀ နှုန်းကို အမြန်နှုန်း မြှင့်တင်မောင်းနှင်မှု အပိုင်းတွေမှာ ဈေးကွက် ပြိုင်ဘက်မော်ဒယ်တွေထက် နှေးချင်နေတာပဲ ဖြစ်ပါတယ်။

E400 မော်ဒယ်ကတော့ ဈေးကွက်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာ တွေ့ရပြီး E 63 AMG လို ပုံမှန် မော်ဒယ်အနေနဲ့ရမယ်၊ E 63 AMG S လို ဆီဒင်ကိုယ်ထည်နဲ့ ရမယ်၊ Wagon အနေနဲ့လည်း ရနိုင်မယ်၊ Coupe ပုံစံနဲ့လည်း ရမယ်။

Mercedes-Benz E-Class အတွင်းပိုင်းပုံ

အင်ဂျင်စနစ်မှာတော့ အခု ပြောနေတဲ့ ဒီဇယ်အင်ဂျင်အနေနဲ့က E250 မော်ဒယ်ခွဲမှာ ၂.၁ လီတာသုံး လေးလုံးထိုး Turbocharged စနစ်နဲ့ အင်ဂျင်က ရုန်းအား ၃၆၉ပေါင်-ပေရှိပြီး စွမ်းအင် ထွက်နှုန်းက မြင်းကောင်ရေ ၁၉၅ ကောင်အားပါ။ E350မော်ဒယ်ခွဲဆိုရင် ၃.၅ လီတာသုံး V6 အင်ဂျင်တပ်ဆင် ထားပြီး ရုန်းအား ၂၇၃ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၀၂ ကောင် အားရှိလာပါတယ်။

ဒါအပြင် အင်ဂျင်စနစ် အကြီးစားဖြစ်တဲ့ ၅.၅ လီတာသုံး အင်ဂျင်အရွယ်လောက်ထိအောင် ရနိုင်ပေမယ့် ဆီစားနှုန်းများတာကြောင့် သဘောမကျမိပါဘူး။

အခု E 250 မော်ဒယ်ခွဲကတော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၇.၆စက္ကန့်မှ ရောက်ရှိမှာ ဖြစ်ပြီး ပြိုင်ဘက်မော်ဒယ်တွေ ထက် နှေးနေချင်ပေမယ့် အင်ဂျင်စနစ် အကြီးစားတပ် E 63 AMG S လို မော်ဒယ်မှာ ဆိုရင် မိုင် ၆၀နှုန်းကို အချိန် ၃.၇ စက္ကန့်နဲ့ ရောက်မှာဖြစ်လို့ အမြန်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။

ကျနော် သဘောကျမိတဲ့ E 250 မော်ဒယ်ကတော့ ဆီတဂါလံကို ပျမ်းမျှ ၁၃၃ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီး တန်းတူ မော်ဒယ်တွေထက် ဆီစားနှုန်း ချိုသာတာလည်း ဖြစ်ပါတယ်။ မြန်နှုန်းမြင့် E 63 AMG S ဆိုရင်တော့ ၁၈ မိုင် လောက်ပဲ မောင်းနှင်နိုင်မှာပါ။

နောက်ဘီးယက်စနစ်နဲ့လည်း လာသလို ဘီးစုံယက်စနစ်နဲ့လည်း ရနိုင်မှာပါ။ နိုင်ငံတကာ ဈေးကွက်မှာတော့ အင်ဂျင်အရွယ်အစား၊ ကိုယ်ထည် အမျိုးအစားနဲ့ ရုန်းအားယူစနစ်အပေါ်ကို မူတည်ပြီးတော့ ဈေးနှုန်း ဒေါ်လာ ၅၃၀၀၀ ကနေ ၇၀၀၀၀ အတွင်း ရှိနေတာပါ။

ပြည်တွင်းမှာတော့ E-Class တချို့မှာ ယူနိုင်တယ်လို့သိရပြီး Mercedes-Benz အရောင်းပြခန်းမှာ စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Mercedes-Benz
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

Mercedes-Benz F015 Luxury in Motion မောင်းသူမဲ့ကား ရှေ့ပြေးဒီဇိုင်း

Mercedes-Benz နဲ့ Bosch တို့ ပူးပေါင်းကာ မောင်းသူမဲ့ တက္ကစီများ ထုတ်လုပ်မည်

by Nigma
12 July 2018
11.2k

မောင်းသူမဲ့စနစ်ကို ပထမဆုံး အသုံးပြုမယ့် ကားတွေ ကတော့ Mercedes ရဲ့ S-Class Sedans ကားတွေနဲ့ V-Class Vans ကားတွေ ဖြစ်ပါတယ်။

Next Post
တယ်လီနော၊ ရိုးမဘဏ်နှင့် FMI တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်သော Wave Money / Forbes

အမျိုးသမီးများကို ဒီဂျစ်တယ် ဘဏ်စနစ်နှင့် ရင်းနှီးစေမည်

လူသတ်ကောင်

လူသတ်ကောင်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate