၂၀၁၇ ခုနှစ်ကို ကင်မရာတွေရဲ့ နှစ် လို့ ဆိုရမှာပါ။ အဆင့်မြင့် ကင်မရာ အများအပြား ဈေးကွက်ထဲ ရောက်လာဖို့ ရှိနေပါတယ်။ အများစုကတော့ နာမည်ကျော် အမှတ်တံဆိပ်တွေ ဖြစ်ပြီး ဘယ်လို ကင်မရာတွေ ဈေးကွက်ထဲ ရောက်လာ မလဲ ကြည့်ရအောင်ပါ။
(၁) Canon Cinema EOS C100 Mark III – 4K ရုပ်ထွက် ထိအောင် ရိုက်ကူးပေးနိုင်မယ့် ကင်မရာ ဖြစ်ပါတယ်။ PL နဲ့ EF Mount တွေ တပ်ဆင် သုံးရမှာ ဖြစ်ပြီး SD Card စိုက်သုံးနိုင်မယ်၊ အသစ်ဖန်တီးထားတဲ့ Anamorphic Lens လည်း ကင်မရာနဲ့ အတူ ဈေးကွက် တင်လာဖို့ ရှိတယ် လို့ သိရပါတယ်။ ဧပြီလအတွင်း ကြော်ငြာရောင်းချလာဖို့ပြီး ဈေးနှုန်း မသိရသေးပါဘူး။
(၂) Canon EOS 6D Mark II – 4K ရုပ်ထွက်ရအောင် ရိုက်ကူးပေးနိုင်မယ့် အပြင် 1080p နဲ့ ရိုက်မယ် ဆိုရင် တစက္ကန့်ုကို ပုံရိပ် ၆၀ ရိုက်ပေးနိုင်မှာ ဖြစ်ပါတယ်။ 25 MP ရှိမယ့် Sensor ပါရှိလာပြီး SD Card စိုက်နိုင်မယ့် ပုံစံက Dual (၂ ကတ်စိုက်) ဖြစ်ပါတယ်။ Super-telephoto Lens နဲ့ တွဲဖက် ရောင်းချလာမှာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ ဈေးကွက်ထဲ ရောက်လာပါမယ်။ ဈေးနှုန်းတော့ မသိရသေးပါဘူး။
(၃) Sony Alpha a9/a7R III – Full-frame ပုံစံနဲ့ ပုံထွက်ကို 70-80 MP ရှိမယ့် Sensor နဲ့ ရိုက်ကူးနိုင်မှာပါ။ XQD Card ကို ၂ ကတ်စိုက် သုံးနိုင်ပါမယ်။ 4K ရုပ်ထွက်နဲ့ ရိုက်ကူးပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ISO က 102,400 ထိ ရှိပါတယ်။ ယခုနှစ်ကုန်ပိုင်း အတွင်းမှာမှ ဈေးကွက် ဝင်လာမှာ ဖြစ်ပြီး Sensor ရဲ့ MP ပဲ အနည်းငယ် ပြောင်းလဲနိုင်ဖို့ ရှိတယ်လို့ သိရပြီး ဈေးနှုန်း မသိရသေးပါဘူး။
(၄) Panasonic Lumix DC-GH5 – 4K ရုပ်ထွက်ရိုက်နိုင်မယ်၊ 20 MP ရှိမယ်၊ V-log ကို ထည့်သွင်း ဖန်တီးထားတယ်၊ WiFi ရော Bluetooth ပါ ချိတ်ဆက် သုံးနိုင်မယ်၊ USB Type-C ခေါင်း အထိုင်ထည့်ထားပြီး ချိတ်ဆက် အသုံးပြုနိုင်မှု ပိုမို မြန်ဆန်အောင် ဖန်တီးထားတယ်၊ Memory Card ၂ ကတ်စိုက်နိုင်မှာ ဖြစ်ပြီး HDMI ပေါက်လည်း ပါလာမှာပါ။ ဈေးနှုန်း ဒေါ်လာ ၂၀၀၀ နဲ့ အခုနှစ် ပထမ လေးလ အတွင်း ဈေးကွက်ထဲ ရောက်လာမှာပါ။
(၅) Nikon 1 J6 – 20.8 MP ရှိတဲ့ CMOS Sensor ပါရှိပါတယ်။ LCD အမျိုးအစားပြသ မျက်နှာပြင် စနစ် ပါရှိပြီး Touch စနစ်နဲ့ သုံးနိုင်မှာပါ။ 4K ရုပ်ထွက် ဗီဒီယို ရိုက်ကူးနိုင်မှာ ဖြစ်သလို Wi-Fi နဲ့လည်း ချိတ်ဆက် သုံးနိုင်မှာပါ။ 1080p နဲ့ ရိုက်ကူးမှု လုပ်မယ် ဆိုရင် တစက္ကန့်ကို ပုံရိပ် ၆၀ နဲ့ 720p နဲ့ ရိုက်မယ် ဆိုရင်တော့ ပုံရိပ် ၁၂၀ ရိုက်ပေးနိုင်မှာပါ။ ISO 12800 ရှိပြီး အခုလ အတွင်းမှာ ဈေးကွက်ထဲ ရောက်လာမှာဖြစ်ပေမယ့် ဈေးနှုန်း မသတ်မှတ်သေးပါ။ ။