စီးပွားရေး

i3 နဲ့ i5 နှစ်မျိုး ရွေးချယ်နိုင်မယ့် Lenovo IdeaPad 310

Want create site? Find Free WordPress Themes and plugins.

Lenovo ကနေ အသစ် ထုတ်လုပ်ရောင်းချလာတဲ့ တန်ကြေးသင့် Lenovo IdeaPad 310 Notebook မော်ဒယ် ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ကတော့ i3 နဲ့ i5 ပုံစံ ၂ မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဥရောပ ဈေးကွက်မျိုးမှာတော့ i7 မော်ဒယ်ထိအောင် ရွေးချယ်နိုင်စရာ ရှိနေတာလည်း တွေ့ရပါတယ်။ Processor ရဲ့ မြန်နှုန်းက i5 မှာ ဆိုရင် 2.5 GHz ရှိပြီး ဈေးလည်း သိပ်မကွာသလို စွမ်းဆောင်ရည် ပိုကောင်းမယ့် i5 မော်ဒယ်ကို သဘောကျမိပါတယ်။

ပြသ မျက်နှာပြင်စနစ်က ၁၅ ဒသမ ၆ လက်မ အရွယ်အစားပါ။ Resolutionက 1920x1080p ရှိမှာ ဖြစ်ပြီး ရုပ်ထွက် တော်တော်လေး ကောင်းပါတယ်၊ မော်ဒယ်မှာ Touch စနစ်နဲ့ ဖြစ်ပြီး Multi-Touch စနစ်ကို သုံးနိုင်မှာပါ။ FHD ပြသစနစ်ကို ထည့်ထားတာ တချက်က မော်ဒယ်ကို အကောင်းဆုံး ရုပ်ထွက်တော့ ရမလာစေခဲ့ပါဘူး။ IPS တွေလောက် ရုပ်ထွက်မကောင်းစေခဲ့တာပါ။

Graphic များတဲ့ ဂိမ်းတွေ ကစားကြည့်ချိန်မှာတောင် ရုပ်ထွက်က သဘောကျစရာပါ။ ဒါပေမယ့် မြင်မိသလောက် Company of Heroes 2 နဲ့ Rise of the Tomb Raider လို ဂိမ်းတွေကိုတော့ ထည့်ကစားလို့ မရပါဘူး။ Notebook တခုလုံးက အလေးချိန် ၂ ဒသမ ၂ ကီလိုဂရမ်ပဲ လေးမှာ ဖြစ်ပြီး သယ်ဆောင်ရလည်း ပေါ့ပါးမှာဖြစ်သလို ခန္ဓာကိုယ်ပေါ် တင်ပြီး သုံးတတ်သူတွေ အတွက်လည်း အချိန်ကြာ တဆက်တည်း သုံးမှု အတွက် အဆင်ပြေပါလိမ့်မယ်။

Power Supply ထပ် ထည့်မယ် ဆိုရင်တော့ အလေးချိန် ၁၆၈ ဂရမ် တိုးလာနိုင်ပေမယ့် ကိုယ်က ဘက်ထရီနဲ့ပဲ အသုံးမများပဲ တိုက်ရိုက် အားသွင်း သုံးစွဲမှု ပြုမယ် ဆိုရင် Power Supply မလိုပါဘူး။ မော်ဒယ်မှာ Memory က 4GB, 6GB နဲ့ 8GB ပုံစံတွေ ရနိုင်သလို Hard Drive က 500 GB နဲ့ 1TB ၂ မျိုး ရှိမှာပါ။

ချိတ်ဆက် အသုံးပြုနိုင်မှု အတွက်က ဘေးတဖက်မှာ USB 2.0 ပေါက် ၂ ပေါက် ပါရှိမယ်၊ Kensington Lock ပါမယ်၊ နောက်တဖက်မှာ DC အား အဝင်ပေါက် တခု၊ VGA ကတ်ပေါက် တခု၊ Ethernet ပေါက် တခု၊ HDMI ချိတ်ဆက် နိုင်စရာနေရာ တခု၊ USB 3.0 ပေါက် တခု၊ ၃ ဒသမ ၅ မီလီမီတာ နားကျပ်ပေါက် တခု၊ SD ကတ်ဖတ်ပေးနိုင်မယ့် ချိတ်ဆက်ပေါက် တခု ပါရှိမှာပါ။

Notebook မှာ USB 2.0 ရော 3.0 ပါ ချိတ်ဆက်နိုင်အောင် ထည့်ပေးထားရှိမှုနဲ့ HDMI ပေါက် ပါရှိမှုက သဘောကျ စရာ ဖြစ်နေပါတယ်။ SD ကတ်ကနေ Data စီးဆင်းနှုန်းကို ကြည့်မယ် ဆိုရင် Dell XPS 13 ထက် နှေးတယ် ဆိုပေမယ့့် Acer TravelMate X3 လို မော်ဒယ်ထက် ပိုမို မြန်ဆန်ပြီး တစက္ကန့်ကို အချက်အလက် 23.1 MB စီးဆင်းစေနိုင်ပါတယ်။ ဒါက SD ကတ်ထဲကနေ Notebook ထဲကို ကူးနှုန်း ဖြစ်ပြီး SD ကတ်ထဲကို အချက်အလက် ပြန်ကူးထည့်မယ် ဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့ Dell ရဲ့ မော်ဒယ်ထက်ရော Acer ရဲ့ မော်ဒယ်ထက်ပါ နည်းနည်း နှေးသွားပြီး တစက္ကန့်ကို အချက်အလက် 24.9 MB ပဲ စီးဆင်းစေနိုင်မှာပါ။

အင်တာနက်လို ချိတ်ဆက်မှု အတွက် ကြိုးမဲ့ချိတ်ဆက်နိုင်မှု အပိုင်းမှာတော့ Xiaomi Mi Notebook Air လောက် မကောင်းပေမယ့် ဈေးကွက်မှာ ပြိုင်ဖက် ဖြစ်မယ့် Acer Aspire E5-774-54HJ နဲ့ ချိတ်ဆက် နိုင်မှုနှုန်း သိပ် မကွာ ပါဘူး။ တစက္ကန့်ကို 321 Mbit နှုန်း စီးဆင်း ချိတ်ဆက်ပေးနိုင်ပါတယ်။ Touchpad ကလည်း မြန်ဆန်ပါတယ်၊ သွက်ပါတယ်၊ သုံးလို့ ကောင်းပါတယ်။

ဘက်ထရီကလည်း ၁ နှစ် အာမခံ ပါရှိပါတယ်။ အချိန်ကြာ တဆက်တည်း အသုံပြုမှု အတွက် ဆူညံသံပေးမှု နည်းပါတယ်။ Notebook ရဲ့ အပူချိန်က အမြင့်ဆုံး အခြေအနေမှာ ၃၄ ဒသမ ၁ ဒီဂရီ စင်တီဂရိတ်ကနေ အနိမ့်ဆုံး ၂၈ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်ပဲ ရှိမှာပါ။ ပန်ကာ ထည့်မယ် ဆိုရင် ပိုကောင်းပေမယ့် ဒီလာက်ကြီးတော့ အအေးခံ ပန်ကာ မလိုအပ်ပါဘူး။

Notebook မှာ ပါတဲ့ စပီကာရဲ့ အသံထွက်လည်း မဆိုးပါဘူး။ ဒါပေမယ့် စတီရီယို အသံထွက်တော့ အနည်းငယ် လိုအပ်ချက် ရှိနေသလိုပါ။ ဘက်ထရီမှာ 30 Wh စွမ်းအင် ဘက်ထရီကို သုံးထားပြီး WLAN နဲ့ ချိတ်ဆက် အသုံးပြုမှုမှာ ၃ နာရီ မိနစ် ၅၀ သုံးနိုင်ပါတယ်။ ပုံမှန် ဆိုရင်တော့ ၁၀ နာရီနဲ့ ၁၂ မိနစ် ခံပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ i3 ရော i5 မော်ဒယ်မှာ ရနိုင်ပြီး i3 က ဒေါ်လာ ၄၈၉ နဲ့ i5 ကတော့ ၆၀၉ ဒေါ်လာ ရှိနေပါတယ်။ Memory, Hard Drive နဲ့ Processor တွေ အပေါ်ကို အခြေခံပြီးတော့ ဈေးနှုန်း ကွာခြာချက် ရှိနိုင်တာလည်း ဖြစ်ပါတယ်။

Ref: www.notebookcheck.net

Did you find apk for android? You can find new Free Android Games and apps.
Loading