6GB RAM Processor နဲ့ မျက်နှာပြင်အရွယ်အစား ၆ လက်မရှိတဲ့ Samsung Galaxy C9 Pro စမတ်ဖုန်းကို ယနေ့၊ မတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံမှာ တရားဝင် စတင် မိတ်ဆက်လိုက်ပါတယ်။
FHD sAMOLED မျက်နှာပြင်နဲ့ ပြုလုပ်ထားတဲ့ Galaxy C9 Pro စမတ်ဖုန်းမှာ အရှေ့၊ အနောက် ကင်မရာ အရည်အသွေး 16 Megapixel ပါဝင်ပြီး အရှေ့၊ အနောက် ကင်မရာ နှစ်ခုစလုံးမှာ F1.9 Aperture ထည့်သွင်းပေးထားပါတယ်။ ကင်မရာ နှစ်ဖက်လုံးကိုလည်း Dual LED Flash ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။
Galaxy C9 Pro စမတ်ဖုန်းဟာ တပြိုင်နက်တည်း ဆောင်ရွက်နိုင်တဲ့ Multi-tasking အသုံးပြုမှုများ အတွက် 6GB RAM Processor ထည့်သွင်းပေးထားတဲ့ ပထမဆုံး Samsung ဖုန်းတလုံး ဖြစ်ပါတယ်။
ဖုန်းအတွင်း မူလမှတ်ဉာဏ် 64GB ပါဝင်ပြီး 256GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ အားပမာဏ 4,000 mAh ပါဝင်ပြီး ဒေတာများ လျင်မြန်စွာ ကူးပြောင်းနိုင်မယ့် USB Type-C စနစ်ကိုလည်း ပံ့ပို့ပေးထားတာ တွေ့ရပါတယ်။
ဆင်းမ်ကတ် ၂ ကတ်ထိုး အသုံးပြုနိုင်မယ့် Galaxy C9 Pro စမတ်ဖုန်းကို အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ ပန်းရွှေရောင် စတဲ့ အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။
Samsung Galaxy C9 Pro စမတ်ဖုန်းကို ဈေးနှုန်း မြန်မာငွေ ကျပ် ၇ သိန်း ၂ သောင်းဝန်းကျင်နဲ့ မတ်လ ၁၃ ရက်နေ့မှ စတင်ကာ မြန်မာ တနိုင်ငံလုံးမှာရှိတဲ Samsung Brand Shop များနဲ့ ဖုန်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။