• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ထရမ့်ရဲ့ မဟာစီးပွားရေး လက်တွေ့မှာ ဖြစ်မလာသေး

by ဧရာဝတီ
10 March 2017
in စီးပွားရေး
A A
သမ္မတ ထရမ့်တက်လာပြီး စတော့ဈေးကွက် အရောင်းအဝယ်ကောင်းလာခဲ့သည် / Reuters

သမ္မတ ထရမ့်တက်လာပြီး စတော့ဈေးကွက် အရောင်းအဝယ်ကောင်းလာခဲ့သည် / Reuters

3.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် စတော့ဈေးကွက်များက စံချိန်တင် မြင့်တက်လာခဲ့ပြီး စီးပွားရေး နှင့် ပတ်သက်၍ စိတ်အားထက်သန်မှုများ ပေါ်ပေါက် လာနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့် မီးထိုးပေးနေသည့် စီးပွားရေး အပြောင်းအလဲတွင် စတော့ဝယ်ယူခြင်း မပြုလုပ်မီ သတိထားရမည့် အကြောင်းတခု ရှိကောင်း ရှိနေနိုင်ပါသည်။

ခိုင်မာသော အချက်အလက်များ သို့မဟုတ် မေးခွန်းထုတ် စစ်တမ်းကောက်ယူခြင်း မဟုတ်သေးသည့် လတ်တလော ထုတ်ပြန်သည့် စီးပွားရေး အချက်အလက်များပင်မူ မြင့်တက်လာနေသည့် မျှော်လင့်ချက်များကို အာမခံချက် မပေးနိုင်ပါ။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
204
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.6k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k

ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတခုဖြစ်သည့် Bespoke Investment Group ၏ အဆိုအရ တကိုယ်ရေ သုံးစွဲမှု၊ မော်တော်ကား ရောင်းချရမှု နှင့် ဆောက်လုပ်ရေး အတွက် ငွေကြေးသုံးစွဲမှု ဆိုင်ရာအချက်အလက်များက စီးပွားရေးသည် လူထုက မျှော် လင့်ထားသလောက် အရှိန်မြင့်တက်နေခြင်းမရှိဟု သိရသည်။

ပထမဆုံး အနေဖြင့် စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) က ငွေကြေးဖောင်းပွမှု နှင့် ချိန် ညှိထားသော အမေရိကန် စားသုံးသူတို့၏ ငွေကြေးသုံးစွဲမှုများ (Consumer spending) ကို တိုင်းတာခဲ့ရာတွင် ယခင် တိုင်းတာတွက်ချက်ခဲ့သည်ထက် ကျဆင်းနေကြောင်း တွေ့ရှိရသည်။ တလအတွင်း ပုံမှန်သုံးစွဲမှု ငွေကြေးပမာဏက မျှော်မှန်းထားသည်ထက် နည်းနေပြီး ဝ.၂ ရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့သည်ကို တွေ့ရသည်။ အကယ်၍ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်မည် ဆိုပါက အမှန်တကယ်သုံးစွဲမှု သည် ဝ(သုည)ရာခိုင်နှုန်းထက်ပင် ကျဆင်းသွားမည် ဖြစ်သည်။

“ကျနော်တို့က ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ နှစ်စဉ် ပုဂ္ဂလိက သုံးစွဲမှုတွေရဲ့ တလချင်းစီ အလိုက် အပြောင်းအလဲ တွေကို ဇယားဆွဲခဲ့ပါတယ်။ အဲဒီဇယား အရဆိုရင် အမှန်တကယ် သုံးစွဲမှု အားအနည်းဆုံး ဖြစ်ခဲ့ရတာ ၂၀၀၉ ခုနှစ် ကတည်းကပါ။ ငွေကြေးဖောင်းပွမှု တက်လာတဲ့ သဘာဝကြောင့် ဒါက ယာယီ ဖြစ်ဖွယ်ရာ ရှိပေမယ့် ကျနော်တို့ အမေရိကန် နဲ့ ဥရောပမှာ တွေ့ရှိခဲ့ ရတာတွေက များပြားလာတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စားသုံးသူတွေရဲ့ ယုံကြည်မှုနဲ့ ရှယ်ယာ တန်ဘိုးမြင့်တက်လာခြင်းတွေနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အမြင်ကို ပေးနေဆဲ ဖြစ်ပါတယ်” ဟု Bespoke Investment Group ကဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အမေရိကန်ဈေးကွက်တွင် မော်တော်ကား ရောင်းချနိုင်မှုက မျှော်လင့်ထားသည်ထက် ကျဆင်းသွားခဲ့သည်။ အမြင့်ဆုံး ဖြစ်ခဲ့သည့် ၂၀၁၆ ဒီဇင်ဘာလနောက်ပိုင်း ဈေးကွက် နှေးကွေးသွားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ Bespoke ၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့် သြဂုတ်လ နောက်ပိုင်းတွင် အရောင်း အနည်းဆုံးလလည်း ဖြစ်ခဲ့သည်။ မော်တော်ကား အရောင်းကျဆင်းသွားခြင်းက စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ စားသုံးသူတို့၏ သုံးစွဲမှု တိုင်းတာခြင်းများကို အတည်ပြုပေးသည့် သင်္ကေတ ဖြစ်သည်ဟု Bespoke Investment Group က ပြောသည်။

“ဒါပေမယ့်လည်း ၂၀၁၇ နှစ်လယ်ပိုင်း မော်တော်ကား ရောင်းချရမှု လအလိုက် နှိုင်းယှဉ်ထားတဲ့ နှုန်းထား အတိုင်း အတာကို စီးပွားရေး ကျဆင်းမှု သင်္ကေတအနေနဲ့ ယူဆလို့တော့ မရပါဘူး” ဟု Bespoke က ဆိုသည်။

“ကျနော်တို့ကို ရိုက်ခတ်တာကတော့ ဒီလိုခိုင်မာတဲ့ စီးပွားရေး အချက်အလက်တွေက စီးပွားရေး ဆောင်ရွက်မှုတွေအပေါ် မျှော်လင့်ထားတာတွေနဲ့ ဘယ်လိုကွဲပြားသလဲ ဆိုတာပါပဲ။ အဲဒီထဲမှာ Federal Open Market Committee – FOMC (အမေရိကန် ဗဟိုဘဏ်၏ ဌာနခွဲတခု) ရဲ့ ခန့်မှန်းချက်တွေရော စတော့ ရှယ်ယာ၊ ချေးငွေနဲ့ အမေရိကန် ငွေတိုက်စာချုပ် ဈေးကွက်လိုမျိုး ဈေးကွက်တွေရဲ့ သဘောသဘာဝတွေရော ပူးပေါင်းပါဝင်နေပါတယ်”

စီးပွားရေး လုပ်ငန်းများဘက်မှကြည့်လျှင် ဆောက်လုပ်ရေး အတွက် သုံးစွဲမှုက နှေးကွေးနေပြီး ဝယ်လိုအား တိုးတက်လာ ခြင်း မရှိသည်ကို ပြသနေသည်။ ဆောက်လုပ်ရေး သုံးစွဲမှုက ၁ ရာခိုင်နှုန်း ကျဆင်းသွားသည်။ စီးပွားရေး ပညာရှင်များ ခန့် မှန်းထားသည့် ဝ.၆ ရာခိုင်နှုန်းတိုးတက်မှုထက် များစွာ လျော့နည်းသွားခြင်း ဖြစ်သည်။

ထိုသို့ ကျဆင်းခဲ့ရခြင်း အများအပြားက Bespoke Investment Group က အလွန်ဆိုးရွားသည်ဟု သတ်မှတ်ခဲ့သော ပြည်သူပိုင်ကဏ္ဍ သုံးစွဲမှု ကြောင့် ဖြစ်သည်။ သို့သော်လည်း ပုဂ္ဂလိက ကဏ္ဍမှ သုံးစွဲမှုကလည်း တိုးတက်မလာခဲ့ပါ။

ထို့ကြောင့် ရရှိထားသည့် အချက်အလက်များက လတ်တလောတွင် စိတ်အားထက်သန်မှုများကို စီးပွားရေးအတွက် အပေါင်းလက္ခဏာ ဆောင်သော ရရှိမှုများ အဖြစ် ယူဆ၍ မရနိုင်ကြောင်း အတည်ပြု လိုက်ခြင်း ဖြစ်သည် ဟု Bespoke Investment Group ကပြောသည်။

“ဒါပေမယ့် ထပ်ပြောရရင် ကျနော်တို့ အလွယ်တကူ ဥပေက္ခာပြုထားလို့ မရနိုင်တဲ့ စီးပွားရေး အချက်အလက်တွေကတော့ – ကျနော်တို့မှာ အလုပ်အကိုင်နေရာတွေ ပြည့်လုနီးပါပြီ။ ချေးငွေလည်ပတ်မှုက နှေးကွေးနေပါတယ်။ အိမ်ယာ လုပ်ငန်း တွေမှာ ရောင်းလိုအားက အကန့်အသတ် ရှိနေပါတယ်။ ဆောက်လုပ်ရေး အတွက် သုံးစွဲမှုက ပိုအားနည်းလာပါတယ်။ ဘဏ္ဍာရေး အခြေအနေကလည်း ကာလတိုတခု အတွင်းမှာ သိသိသာသာ ကျပ်တည်းပါတယ်” ဟု Bespoke Investment Group မှတ်ချက်ပေးသည်။

သို့သော်လည်း တိုးတက်မှု ဖြစ်လာမည် မဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ယုံကြည်စိတ်ချရသည့် ညွှန်ပြမှုများ ရှိနေပြီး ၎င်း တို့မှာလည်း အရေးပါပါသည်။ စတော့ဈေးကွက်က သူ၏ သဘာဝအတိုင်း ရှေ့သို့ သွားနေပါသည်။ မူဝါဒတခု ချမှတ်ခြင်း မရှိသေးသည်သာ ရှိပါသည်။ စီးပွားရေး ဆောင်ရွက်မှုများ၏ လက်တွေ့ အခြေအနေမှန်မှ ရရှိသည့် လက်ရှိ အချက်အလက်များအရ ရုတ်တရက် တိုးတက် ကောင်းမွန်လာခြင်းကို မျှော်လင့်နိုင်သည့် အကြောင်းအရာ အနည်းငယ်လည်း ရှိပါသည်။

“ကျနော်တို့က အကျိုးဆက်တခုကို မြင်ရနိုင်ပါတယ်။ ကုမ္ပဏီတွေက ဝန်ထမ်းတွေ စပြီး ငှားရမ်းတော့မယ်။ ထုတ်လုပ် မှုတွေ ဆက်တိုက်လုပ်တော့မယ်။ စားသုံးသူတွေကလည်း သူတို့ ပိုက်ဆံအိတ်ကို ဖွင့်တော့မယ် ဆိုတာမျိုး တော်တော်လေး ဖြစ်နိုင်ပါတယ်။ ကျနော်တို့က ဒီလိုဖြစ်လာနေပြီဆိုတဲ့ သက်သေအထောက်အထား တစုံတရာကို ခုချိန် အထိ မတွေ့သေးတာမျိုးဖြစ်နေပြီး လက်တွေ့မှာ ဆန့်ကျင်ဖက်လည်း ဖြစ်သွားနိုင်ပါတယ်”ဟုလည်း Bespoke Investment Group က ဆိုသည်။

ကိုးကား ။ ။ Business Insider

Your Thoughts …
Tags: ဒေါ်နယ်ထရမ့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

by ဧရာဝတီ
28 February 2025
4.8k

အမေရိကန် သမ္မတသည် ပါလက်စတိုင်း ၂ ဒသမ ၁ သန်းကို ဂါဇာမှ ရွှေ့ပြောင်းနှင်ထုတ်ပြီး ထိုဒေသကို အမေရိကန် ပြည်ထောင်စုပိုင်သည့် ကမ်းခြေအပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန် အဆိုပြုခဲ့သည်။

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်

by ဧရာဝတီ
31 October 2024
4.7k

စစ်တမ်းများကို လျစ်လျူရှုသည့် တယူသန်သော စနစ်တခုကို ပါမောက္ခ လစ်ချ်မင်းက မှီခိုအားထားသည်။

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

by ဧရာဝတီ
7 November 2024
4.2k

နယူးယောက်တွင် လက်ရှိ စီစဉ်ထားသည့် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထောင်ဒဏ် စီရင်မည့်ကိစ္စကို ဆိုင်းငံ့ထားရန် ထရမ့်၏ ရှေ့နေများက တရားသူကြီး မစ္စတာ ဂျူယန် မာချန်ကို ပြောကြားထားသည်။

ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ

ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ

by David Smith
27 February 2025
4.1k

ကမ္ဘာ့အာဏာအရှိဆုံးလူနှင့် ကမ္ဘာ့အချမ်းသာဆုံးလူ ပေါင်းစည်းမိခြင်းသည် ဝေဖန်သူများအမြင်တွင် ဒီမိုကရေစီအတွက် ဒုက္ခ နှစ်ဆတိုးစေသည်။

Next Post
ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

မက်စ်မြန်မာ လုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော် / ဧရာဝတီ

မက်စ်မြန်မာ လုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate