(၁) လိုအပ်တဲ့ အမြန်နှုန်း၊ အရှိန်ထက် ပိုမိုမြှင့်တင်မောင်းနှင်ခြင်းဟာ သင့်ကားရဲ့ဆီစားနှုန်းကို ပိုမို များပြားစေမယ့် အချက် ဖြစ်လာပါတယ်။မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် သွားလိုရာခရီးအတွက် သွားလာရမှု အချိန်ပေးရခြင်း သက်သာမှုထက် မတော်တဆမှု လည်း နည်းပါးစေသလို အင်ဂျင်လည်း အထိနာ သက်သာစေပြီး ဆီစားနှုန်းပါ ချိုသာစေပါတယ်။ အရှိန်၊ အမြန်နှုန်းကို လို အပ်သည်ထက် ပိုမမောင်းပါနဲ့။
(၂) လူငယ်အများစု မောင်းနှင်လေ့ရှိတဲ့ မောင်းနှင်မှု တခုဖြစ်တဲ့ အမြန်နှုန်း အတင်အချ မောင်းနှင်ခြင်းဟာ ဆီစားနှုန်းများ စေတဲ့ အချက်ဖြစ်လို့ ပုံမှန်နှုန်းထားနဲ့ မောင်းနှင်မယ်ဆိုရင် ဆီစားချိုသာစေနိုင်ပါတယ်။ Sport ကားတွေ ပုံစံမျိုး အမြန်နှုန်း ကစားပြီး မောင်းနှင်ခြင်းမျိုး ရှောင်ကြဉ်ပါ။
(၃) ကြိုတင်လမ်းကြောင်း ရွေးချယ်မောင်းနှင်ခြင်းဟာ သင်လိုရာ ခရီးသွားလာနိုင်မှုအတွက် အချိန်ပေးရမှုအပိုင်းမှာ သက် သာပြီး မောင်းနှင်ရမှု အချိန်နည်းလေလေ ဆီစားနည်းလာလေလေ ဖြစ်လာပါတယ်။ ဒီအတွက် သင် သွားမယ့်ခရီးစဉ်ကို ကြိုတင်တွေးဆပြီး လမ်းကြောင်း ကြိုတင် ရွေးချယ်မောင်းနှင်ပါ။
(၄) မီးပွိုင့်၊ လမ်းကွေ့၊ ရပ်တန့်မယ်နေရာတွေအတွက် အမြန်နှုန်း ကြိုတင် လျော့ချခြင်းမျိုး လုပ်ဆောင်ပါ၊ ရပ်ခါနီးမှ ထိုးရပ် ခြင်း ရှောင်ကြည်ပါ။ ဆိုလိုတာကတော့ ကိုယ်ရပ်နားမယ့် ခရီးနဲ့ ညီမျှတဲ့ မြန်နှုန်းနဲ့ ရွေ့လျားမှု ရှိနေသေးရင် လီဗာထပ် မနင်း ပါနဲ့တော့၊ ရှိလက်စ အရှိန်နဲ့ပဲ ဆက်သွားလိုက်ပါ။
(၅) လေအေးပေးစက် ဖွင့်လှစ်မောင်းနှင်ခြင်းဟာ မသုံးဘဲ မောင်းနှင်ခြင်းထက် အင်ဂျင်အရွယ်အစားအပေါ် မူတည်ပြီး ပျမ်းမျှ ဆီစားနှုန်း ၂၀ရာခိုင်နှုန်းလောက်ထိအောင် ပိုစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ လေအေးပေးစက် မဖွင့်ပါနဲ့။ အင်ဂျင်အပူချိန်လည်း အတက်မြန်စေတာကြောင့် မိမိကားရဲ့အင်ဂျင်သေးငယ်မယ်ဆိုရင် ခရီးဝေးမောင်းနှင်မှုအတွက် လေအေး ပေးစက် ပိတ်ပြီး မောင်းနှင်ပါ။