ဒီနေ့ခေတ် လူငယ်တွေ အကြားမှာ Play-Station လို ဂိမ်း ကစားစက်တွေထက် ပိုပြီး လူကြိုက်များတဲ့ ကွန်ပျူတာ ဂိမ်းတွေ အများအပြား ရှိနေသလို စွဲစွဲလမ်းလမ်းလည်း ကစားနေကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာ တိုင်းကတော့ ဂိမ်းကစားလို့ အဆင်မပြေပါဘူး။ GPU ပိုင်းနဲ့ ရုပ်ထွက်ပိုင်း အကောင်းဆုံး ဖန်တီးထားတဲ့ ကွန်ပျူတာ တွေကပဲ စိတ်ကြိုက် ဖြစ်စေမှာပါ။ ဒါဆို ဂိမ်း ကစားဖို့ ကွန်ပျူတာ ဝယ်မယ့်သူတွေ အတွက် ဘယ်လို မော်ဒယ်မျိုး ရွေးချယ်ကြမလဲ ကြည့်ရအောင်ပါ။
(၁) Asus ROG Strix GL502 – i7 စနစ်ထိုင်ထားပြီး GPU မှာက Nvidia GeForce GTX 1060-1070 ကို သုံးထား ပါတယ်။ RAM 16 GB ပါရှိပြီး Memoryက 128 GB နဲ့လည်း ရနိုင်သလို 256 GB လည်း ရှိပါတယ်။ တကယ်လို့ ကိုယ်က စိတ်ကြိုက် Memory ထပ်စိုက်ချင်တယ်ဆိုရင် 1 TB ထိအောင် စိုက်နိုင်ပါတယ်။ ပြသမျက်နှာပြင် ၁၅ ဒသမ ၆ လက်မ အရွယ်ဖြစ်ပြီး HD ရုပ်ထွက် ပြသပေးနိုင်မှာပါ။ ဘက်ထရီသက်တမ်း တိုတောင်းချင်တာက လွဲရင် စိတ်ကြိုက် ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၁၂၉၉ ရှိပါတယ်။
(၂) Razer Blade ကတော့ ပြည်တွင်းမှာ လူသိနည်းတဲ့ မော်ဒယ်ဖြစ်ပြီး MacBook Pro ရဲ့ ပြိုင်ဖက်ကောင်း အဖြစ် နိုင်ငံတကာ ဈေးကွက်မှာ ရပ်တည်နေနိုင်တာလည်း တွေ့ရပါတယ်။ i7 အထိုင်ပဲ ဖြစ်ပြီး GPU မှာ Nvidia GeForce GTX 1060 ထည့်ထားပြီး RAM 16 GB နဲ့ Memoryက 256 GB ပါရှိကာ ထပ်စိုက်ချင်တယ် ဆိုရင် 1 TB ထိအောင် ရမှာပါ။ မျက်နှာပြင် အရွယ် နည်းနည်းသေးသွားပြီး ၁၄လက်မပဲ ရှိကာ FHD ရုပ်ထွက်စနစ်က စိတ်ကြိုက် အနေအထားပါ။ ဘက်ထရီ သက်တမ်း ကောင်းပေမယ့် စက်ကို အချိန်ကြာ သုံးမယ် ဆိုရင် Fans ထည့်လိုက်တာနဲ့ အသံ ဆူညံစေချင်တာ တွေ့ရပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၂၀၄၆ ဖြစ်ပါတယ်။
(၃) Alienware 13 R3 ကလည်း ပြည်တွင်းဈေးကွက်နဲ့ စိမ်းနေမှာပါ။ OLED စနစ်နဲ့ ပြသမျက်နှာပြင်ကို ဖန်တီးထား တာက Gaming Laptop တွေထဲမှာ ပထမဆုံး ဖြစ်လာပါတယ်။ i5 နဲ့ i7 နှစ်မျိုး ရနိုင်ပြီး GPUမှာ GeForce GTX 1060 ထည့်ထားပါတယ်။ RAM မှာ 8GBနဲ့ 16GB နှစ်မျိုး ရနိုင်ပါတယ်။ Memory က 180GB နဲ့ 512 GB နှစ်မျိုး ရပါတယ်။ မျက်နှာပြင် အရွယ်က ၁၃ ဒသမ ၃ လက်မ ဖြစ်လို့ Gaming အတွက် နည်းနည်း သေးချင်နေပါတယ်။ HD ရုပ်ထွက် ပေးစွမ်းနိုင်ပြီး ဘက်ထရီ သက်တမ်း တိုတောင်းမှုနဲ့ Laptop က ပွယောင်းယောင်း ဖြစ်မနေဘူးဆိုရင် သဘောကျစရာ ပါ။ ဈေးနှုန်းက ဒေါ်လာ ၁၇၉၉ ဖြစ်ပါတယ်။
(၄) Gigabyte Aero 14 ကတော့ ပြည်တွင်းမှာလည်း ရနိုင်နေပါတယ်။ စွမ်းဆောင်ရည် အထူးကောင်းမွန်ပြီး ဈေးလည်း ချိုပါတယ်။ i7 တမျိုးတည်း ရပါတယ်၊ Nvidia GeForce GTX 1060 ကိုပဲ ထည့်ထားပြီး RAM မှာ 16 GB နဲ့ 32 GB နှစ်မျိုးရမှာပါ။ မျက်နှာပြင် အရွယ် ၁၄ လက်မ ဖြစ်ပြီး QHD ရုပ်ထွက် ပေးစွမ်းနိုင်မှာပါ။ IPS မျက်နှာပြင်စနစ်က အလင်းဖြာနှုန်း ပိုကောင်းစေတာလည်း တွေ့ရပါတယ်။ Memoryမှာ 512 GB နဲ့ 1TB နှစ်မျိုး ရပါတယ်။ ပေါ့ပါးတယ်၊ ဘက်ထရီတော့ သက်တမ်းတိုးတယ်၊ ဈေးနှုန်းက ဒေါ်လာ ၁၆၉၉ ဖြစ်ပါတယ်။
(၅) Acer Predator 17 X ကတော့ ပြည်တွင်း ဈေးကွက်မှာလည်း ရှိနေပြီး i7 အထိုင်နဲ့ Nvidia GeForce GTX 980 ကို GPU အတွက် သုံးထားပါတယ်။ RAM က 32 GB နဲ့ Memory က 1TB ရှိမှာပါ။ သဘောကျစရာ ကောင်းတာက အတွင်းခန်း အအေးခံ စနစ် အတွက် ထည့်ထားတဲ့ Fans က စက်ကို အပူချိန် မတက်စေနိုင်တာ ဖြစ်ပေမယ့် ဘက်ထရီ သက်တမ်း တိုနေသလို GPU က အခြား မော်ဒယ်တွေမှာ GTX 1060 ဖြစ်ပေမယ့် အခု GTX 980 အတွက် ဈေးနှုန်းက များချင်နေတာပါ။ ဈေးနှုန်း ဒေါ်လာ ၁၇၉၉ ဖြစ်ပါတယ်။
Ref: techradar.com