၂၁ ရာစုထဲကို ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီး ကမ္ဘာ့ နည်းပညာ ကဏ္ဍ အတွက် အရေးပါဆုံးနဲ့ အကောင်းဆုံး ဖန်တီးနိုင်မှုတွေ အကြောင်းကို သိထားရအောင် နည်းနည်းလောက် ပြောပြချင်ပါတယ်။
(၁) Bluetooth – ၁၉၉၉ ခုနှစ်မှာ မိတ်ဆက်ပြီး ၂၀၀၀ နှစ်မှာစတင် အသုံးပြုနိုင်ခဲ့ပါတယ်။ ဖုန်းနဲ့ ကွန်ပျုတာတွေမှာ ကြိုးမဲ့ ချိတ်ဆက်နိုင်မှု ရရှိစေခဲ့ပါတယ်။
(၂) iPod – ၂၀၀၁ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ သယ်ဆောင်နိုင်သော MP3 စက်ပါ။ ဒီစက်ရဲ့ ဖန်တီးမှုက သမိုင်းဝင်တာ ထက် သူ့မှာ ပါရှိတဲ့ iTunes စနစ်ရဲ့ ကောင်းမွန်မှုကြောင့်လည်း နာမည်ကြီး လာတာ ဖြစ်ပါတယ်။ CD ခွေတွေ တိပ်ခွေတွေ သယ် စရာမလိုတော့သလို အနာဂတ်ရဲ့ သယ်ဆောင်နိုင်သော စက်တွေရဲ့ အစ ဖြစ်စေခဲ့ပါတယ်။
(၃) AbioCor Artificial Heart လူ့ရဲ့ နှလုံးသားကို အစားထိုး ထည့်သွင်းနိုင်တဲ့ နှလုံးတု ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ စတင် အသုံးပြုနိုင် ခဲ့တာပါ။ ကူးစက်ရောဂါ မဝင်နိုင်သလို စက်ဖြစ်ပေမယ့် ဝါယာကြိုးတွေ မပါရှိပါဘူး။
(၄) Mozilla Firefox – Microsoft ရဲ့ Internet Explorer ကို အကောင်းဆုံး စိန်ခေါ်လာနိုင်တဲ့ ၂၀၀၂ ခုနှစ်ထုတ် Web Browser ဖြစ်ပါတယ်။ Chrome ထွက်ရှိလာချိန်မှာ အသုံးနည်းသွားပေမယ့် ဒီနေ့ထိ အောင်မြင်နေဆဲပါပဲ။
(၅) Skype – နယ်စည်း ဖြတ်ကျော် ချိတ်ဆက်မှု စနစ်ကို လုပ်ဆောင်ပေးလာနိုင်တဲ့ အင်တာနက်သုံး စနစ်ပါ။ စကားလည်း ပြောနိုင်၊ Video Chat တွေပါ လုပ်နိုင်ပါတယ်။ WiFi နဲ့လည်း သုံးနိုင်တယ်၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အစပိုင်းမှာ ကွန်ပျူတာသုံး စနစ်ဖြစ်ပေမယ့် နောက်ပိုင်း ဖုန်းတွေ အတွက်ပါ မိတ်ဆက်ခဲ့တာပါ။
(၆) Facebook – ပထမဆုံး Social Network မဟုတ်ပေမယ့် ပုံတွေ တင်နိုင်မှု၊ Chat နိုင်မှု။ Comment ပေးနိုင်မှုတွေ ကြောင့် လူကြိုက်များသလို ၂၀၀၄ ခုနှစ်ကနေ စတင် ဖန်တီးခဲ့ပြီး ဒီနေ့ ကမ္ဘာမှာ Facebookသုံးသူ ၁ ဒသမ ၆ ဘီလီယံ ရှိနေပါပြီ။
(၇) YouTube – PayPal ရဲ့ ပညာရှင် သုံးယောက်က ၂၀၀၅ ခုနှစ်မှာ ဖန်တီးခဲ့တာပါ။ Video-Sharing Website အဖြစ် ဒီနေ့ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်နေပါပြီ။ သတင်း၊ ဖြစ်ရပ်၊ သီးချင်း၊ ရုပ်သံ အားလုံး တင်နိုင်၊ ကြည့်နိုင်ပါတယ်။
(၈) Nintendo Wii – Sony PlayStation နဲ့ Microsoft Xbox တွေရဲ့ ပြိုင်ဖက်ကောင်း အဖြစ် ရပ်တည်နိုင်လာခဲ့တဲ့ ဂိမ်းစက် ဖြစ်လာပါတယ်။ 3D ရုပ်ထွက် မြင်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။
(၉) Apple iPhone – ဈေးကွက်မှာ အများဆုံး စတင် ရောင်းချခဲ့ရတဲ့ Touch စနစ်သုံး ဖုန်းပါ။ ၂၀၀၇ ခုနှစ်မှာ စတင် ထွက်ရှိခဲ့တာ ဖြစ်ပြီး ဒီနေ့ ကမ္ဘာမှာ iPhone အလုံးရေ သန်း ၉၀၀ ကျော်ရောင်းချထားခဲ့ပြီး ဖြစ်ပါတယ်။
(၁၀) BBC iPlayer – နာမည်ကျော် BBC သတင်းဌာနရဲ့ TV အစီအစဉ်တွေကို ကြည့်နိုင်မယ့် အခု iPlayer က ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ITV, Channel 4 နဲ့ Channel 5 တွေပါ တပါတည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။
(၁၁) Amazon Kindle – e-reader ဈေးကွက် အတွက် ရောက်ရှိလာတဲ့ စနစ် ဖြစ်ပြီး စတင်ထွက်ရှိစဉ်က Sonyရှိခဲ့ပေမယ့် e-book Store ကိုပါ အကောင်းဆုံး ဖန်တီးပေးထားနိုင်တာကြောင့် Kindle က အောင်မြင်မှု ရရှိသွားခဲ့ပြီး ဒီနေ့ခေတ် e-book ဈေးကွက်ရဲ့ ရာခိုင်နှုန်း ၈၀ ကို ရယူထားနိုင်တာ တွေ့ရပါတယ်။
(၁၂) Google Android – Apple iPhone ထွက်လာပြီး ၂၀၀၈ ခုနှစ်မှာ ဆက်တိုက် ထွက်လာခဲ့တဲ့ ဖုန်းသုံး OS စနစ်ပါ။ အများပိုင် အခမဲ့စနစ် ဖြစ်လို့ အဆင့်မြှင့်တင်မှု မြန်ဆန်သလို ဒီနေ့ခေတ် စမတ်ဖုန်း လောကမှာ သူ့ရဲ့ ဖုန်းတွေ အများဆုံး ဖြစ်နေပါပြီ။
(၁၃) 4G – နိုင်ငံတကာ တယ်လီဖုန်း ချိတ်ဆက်စနစ်ရဲ့ ၄ ဆက်မြောက် မျိုးဆက်ပါ။ အင်တာနက် သုံးနိုင်မှု လိုင်းအား ပိုကောင်းလာတယ်၊ အချက်အလက် စီးဆင်းနှုန်း မြန်ဆန်လာတယ်၊ IP စနစ်သုံးနိုင်လာတယ်၊ ဂိမ်းကစားနိုင်တယ်၊ HD Mobile TV ရလာတယ်၊ ဗီဒီယို အစည်းအဝေးတွေ လုပ်နိုင်လာတယ်၊ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။
(၁၄) Nissan Leaf – ဂျပန် အခြေစိုက် Nissan ရဲ့ ၂၀၁၀ ခုနှစ်မှာ ရောင်းချလာခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်ပါ။ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံး၀ မရှိဘဲ ဒီနေ့ခေတ်မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံရဲ့ ဈေးကွက်မှာ အစီးရေ ၂ သိန်းကျော် ရောင်းချထား နိုင်နေပါပြီ။
(၁၅) Google Driverless car – ၂၀၁၂ ခုနှစ် အတွင်း ကယ်လီဖိုးနီးယားမှာ စမ်းသပ်မောင်းနှင်မှု လုပ်ဆောင် အောင်မြင်ခဲ့ ပါတယ်။ ၂၀၁၇ ခုနှစ် အတွင်းမှာ အစီးရေ အများအပြား စတင် အသုံးပြုတော့မယ့် မောင်းသူမဲ့ ကားပါ။ အနာဂတ်ရဲ့ မြို့ပြပို့ဆောင်ရေးသုံး ယာဉ် ဖြစ်လာမှာပါ။
Ref: www.telegraph.co.uk