ပြည်တွင်း ဈေးကွက်မှာ ရနိုင်ပြီ ဖြစ်တဲ့ တန်ဖိုးသင့် ကင်မရာ အမျိုးအစား Power Shot SX60 HS အကြောင်း ပြောပြချင်ပါတယ်။ Resolution အနေနဲ့ 16.1 MP ထိရှိမှာ ဖြစ်ပြီး Sensor အမျိုးအစားက BSI-CMOS ဖြစ်ပါတယ်။ ကြိုးမဲ့ ချိတ်ဆက်မှု စနစ် သုံးနိုင်မှာ ဖြစ်ပြီး IEEE 802.11b/g/n စနစ် ဖြစ်ပါတယ်။ 4X ထိအောင် Zoom သုံးနိုင်မှာ ဖြစ်ပြီး Face Priority စနစ် ပါရှိမှုက အဖွ့ဲလိုက် ဓာတ်ပုံတွေ ရိုက်ကူးမှု အတွက်ပါ အဆင်ပြေလာစေမှာ ဖြစ်ပါတယ်။
Face Dection စနစ် သုံးနိုင်မယ်၊ Self-Timer လည်း ပါရှိမယ်၊ Smile Shutter စနစ်လည်း ပါရှိတာ တွေ့ရပါတယ်။ JPEG ပုံစံနဲ့ ဓာတ်ပုံတွေကို ထုတ်ပေးမှာ ဖြစ်ပြီး ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ပါ ပုံတွေကို အလွယ်တကူ ပြန်လည် ဖွင့်ကြည့်နိုင်စေမှာပါ။ ဗီဒီယိုရိုက်ကူးမှုအတွက် 1920×1080 p နှုန်း ရုပ်ထွက်ပုံစံ ရိုက်ကူးပေးနိုင်မှာ ဖြစ်ကာ HDMI ပေါက် ထည့်သွင်း ဖန်တီးထားမှုက တီဗီနဲ့ပါ အလွယ်တကူ ချိတ်ဆက် ကြည့်နိုင်လာစေပါတယ်။
ဒီနေရာမှာဗီဒီယို အတွက် iFrame (H.264) ပုံစံနဲ့ ထုတ်ပေးမှာ ဖြစ်လို့ ကွန်ပျူတာနဲ့ ချိတ်ဆက်ကြည့်မှ အဆင်ပြေမှာ ဖြစ်သလို ဖုန်းတွေနဲ့ ကြည့်ချင်တယ် ဆိုရင် Format ပြန်ပြောင်းရဖို့တော့ ရှိနေပါတယ်။ အလင်းချိန်နှုန်း အတွက် ISO ၁၀၀ ကနေ ၃၂၀၀ အတွင်း Auto ချိန်ညှိပေးနိုင်တာ တွေ့ရသလို Maual နဲ့ဆိုရင် ၁၂၅ ကနေ ၂၀၀၀ အတွင်း စိတ်ကြိုက် ချိန်နိုင်မှာ ပါ။ ကင်မရာကို Program ပုံစံနဲ့လည်း ရိုက်နိုင်မယ်၊ Auto အဖြစ်လည်း သုံးနိုင်မယ်၊ Manual အဖြစ် စိတ်ကြိုက် ရိုက်မယ် ဆိုရင်လည်း ရသလို Aperture နဲ့ Shutter တွေကို ဦးစားပေး ပုံစံနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။
Program နဲ့ ရိုက်မယ် ဆိုရင် Mode အနေနဲ့ ၆ မျိုး ရွေးချယ်နိုင်ပြီး fireworks, handheld night shot, low light, portrait mode, smart shutter နဲ့ snow တွေ ဖြစ်ပါတယ်။ Special Effect အသုံုးပြုနိုင်မှုမှာတော့ Black and White, Sepia, Soft Focus စသဖြင့် Effect ပေါင်း ၁၇မျိုး ပါရှိပါတယ်။ White Balance က Auto, Custom နဲ့ Presets တွ ရပါတယ်။ အမြင့်ဆုံး Shutter မြန်နှုန်းက တစက္ကန့် အတွက် ၁/၂၀၀၀ ဖြစ်ပါတယ်။
Flash က Wide အတွက် ဆိုရင် ၁ ဒသမ ၆ ပေကနေ ၁၈ ပေ အထိ အလင်းရောက် သလို Tele အတွက် ဆိုရင် ၆ ပေကနေ ၁၀ ပေ အထိ အလင်းရောက်ပါတယ်။ Red Eye Reduction စနစ်ပါရှိတာက အလင်းဖြာနှုန်း မမှန်တဲ့ နေရာတွေမှာ ရိုက်ကူးရမှု ပိုကောင်းစေမှာပါ။ Focusချိန်ညှိမှု အတွက် Auto နဲ့လည်း ရသလို Manual နဲ့လည်း ရပါတယ်။
Zoom ချိန်ညှိမှုကတော့ Motorized Drive နဲ့ သွားပါတယ်။ Memory ကတ်စိုက် သုံးနိုင်မှာ ဖြစ်ပြီး SD၊ SDHC၊ SDHC UHS-I၊ SDXC၊ SDXC YHS-I ကတ်တွေ ထည့်နိုင်မှာပါ။ တဆက်တည်း ပုံရိပ် ရိုက်ကူးမှု အတွက် တစက္ကန့်ုကို ၃ ဒသမ ၈ ပုံ၊ ၄ ဒသမ ၆ ပုံ၊ ၆ ဒသမ ၄ ပုံနှုန်း ၃ မျိုး ရနိုင်ပါတယ်။ Self-Timer ကို ၂ စက္ကန့်နဲ့ ၁၀ စက္ကန့် ၂ မျိုးထား ရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီက ဓာတ်ပုံ ၃၅၀ ထိအောင် ရိုက်နိုင်ပြီး ဒါက LCD မော်နီတာ ဖွင့်ပြီး သုံးရင် ရမယ့် နှုန်းဖြစ်သလို ECO ပုံစံ ပြသ မျက်နှာပြင် ပိတ်ထားမယ် ဆိုရင်တော့ ပုံရိပ် ၄၅၀ ရိုက်နိုင်မှာ ပါ၊ ပြသ မျက်နှာပြင် စနစ်ကို ပုံတွေ ပြန်ကြည့်ဖို့ သုံးမယ် ဆိုရင် ၆ နာရီ သုံးနိုင်မှာပါ။ ပြသ မျက်နှာပြင်က ၃ လက်မ အရွယ်ရှိပြီး LCD စနစ်က ရုပ်ထွက် ကောင်းပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ Power Shot SX60 HS ကို ဈေးနှုန်း ကျပ် ၅ သိန်း ၃ သောင်း ၈ ထောင်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ။