စီးပွားရေး

2017 အတွက် BMW 3 Series Gran Turismo

Want create site? Find Free WordPress Themes and plugins.

ဇိမ်ခံ မော်ဒယ်အဖြစ်နဲ့ပါ အကောင်းဆုံး ထုတ်လုပ်ထားပြီး ဈေးကွက်ဝင် တန်းတူမော်ဒယ်တွေထဲမှာတော့ အ မြန်ဆုံး မော်ဒယ်တခု ဖြစ်လာပါတယ်။

Crossover မဟုတ်ပေမယ့် ထိုင်ခုံ ပုံစံတွေက Crossover ပုံစံ ဖန်တီးထားပါတယ်။ ဘီးစုံယက်စနစ်နဲ့ ရနိုင်ပါတယ်။ Wagon မော်ဒယ် မဟုတ်ပေမယ့် အတွင်းခန်းနဲ့ နောက်ဘက်ဝန်တင်ခန်း အကျယ်အဝန်းက Wagon တွေလို ကောင်းမွန်ကျယ်ဝန်းပြန်ပါတယ်။

မော်ဒယ်ကတော့ ဆီဒင်မော်ဒယ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှု ကောင်းမွန်ခြင်း ကတော့ ဆီဒင်တွေလိုပါပဲ။ ဒါဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းလာပါပြီ။

Sport တန်းဝင် ဆီဒင်တွေရဲ့စွမ်းဆောင်ရည်လိုမျိုး ပြသနိုင်တဲ့အချက်က လူတိုင်း စိတ်ကြိုက်ဖြစ်စေမှာပါ။ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ပုံမှန်ထက်ချဲ့ထားမှုက အတွင်းခန်းအပါအဝင် နောက်ဘက်ဝန်တင်ခန်းထိအောင်ပါ ကျယ်ဝန်းလာစေပြီးတော့ တန်းတူမော်ဒယ်တွေထက် ပိုမိုကျယ်ဝန်းတဲ့ အတွင်းခန်းကို ပိုင်ဆိုင်လာစေပါတယ်။

အင်ဂျင်စနစ်က စွမ်းအင်ထုတ်လုပ်မှု အထူးကောင်းမွန်ပါတယ်။ ဆီစားနှုန်း ချိုသာပါတယ်။ ဘီးစုံယက်စနစ်နဲ့ ထိအောင်ပါ ရနိုင်အောင် ဖန်တီးထားပြီး ဒါက လမ်းကြောင်းစုံကို စိတ်ကြိုက်မောင်းနှင်လာနိုင်စေမှာ ဖြစ်ပါတယ်။

အတွင်းခန်း ကျယ်ဝန်းတယ်၊ မှန်တယ်၊ ဒါပေမယ့် နောက်ဘက် ခရီးသည်ခန်းမှာ အမိုးက သိသိသာသာ နိမ့်ဆင်းသွားလို့ အရပ်မြင့်တဲ့သူတွေအတွက် အဆင်မပြေချင်ဖြစ်စေပါတယ်။ ဒါက နောက်ပိုင်း Sport မော်ဒယ်ဆန်ဆန် ထုတ်လုပ်မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်နေသလို ဥရောပအခြေစိုက် မော်တော်ကားကုမ္ပဏီ အများစု ရင်ဆိုင်နေရတဲ့ ပြဿနာပါပဲ။ Crossover SUV တွေထက် စာရင်တော့ အတွင်းခန်း နည်းနည်းကျဉ်းပါတယ်။

3 Series ကို ဆီဒင်အနေနဲ့လည်း ရနိုင်တာတွေ့ရပြီး အဆိုပါ ဆီဒင်မော်ဒယ်ကို စမ်းသပ်မောင်းနှင်ကြည့်မိသလောက်တော့ အခု Gran Turismo ကို စိတ်ကြိုက် မဖြစ်မိပါဘူး။

အခုနှစ် မော်ဒယ်မှာ ဘာတွေများ ဆန်းသစ်ထားပါသလဲ။ စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်တဲ့ Turbocharged စနစ်သုံး အင်ဂျင်နဲ့ ဖြစ်လာပါတယ်။

အဆိုပါ အင်ဂျင်စနစ်ကို အရင်က လေးလုံးထိုး အင်ဂျင်တပ် 330i နဲ့ ခြောက်လုံးထိုးအင်ဂျင်တပ် 340i နေရာတွေမှာ 328i နဲ့ 335i တွေအဖြစ် အစားထိုး ထုတ်လုပ်လာတာပါ။

Matte Chrome အတွင်းခန်းပုံစံနဲ့ မော်ဒယ်ခွဲသစ် ထွက်လာတယ်၊ Foglights မှာ LED စနစ်နဲ့ ဖြစ်လာတယ်၊ နောက်ဘက် Bumper ကို ဒီဇိုင်းအသစ် ပြန်သုံးထားတယ်၊ Taillight အသစ်ဖြစ်လာတယ်၊ ရှေ့မီးကြီးက Auto နဲ့ ဖြစ်လာပြီး LED စနစ် သုံးဖြစ်လာတယ်၊ ကြိုးမဲ့အားသွင်းနိုင်မှုစနစ် ပါလာတယ်၊ Wi-Fi လည်း သုံးနိုင်လာတယ်။

အင်ဂျင်စနစ်မှာ ၂.ဝ လီတာသုံး အင်ဂျင်က ရုန်းအား ၂၅၈ပေါင်-ပေ ရှိပြီး စွမ်းအင် မြင်းကောင်ရေ ၂၄၈ ကောင် အား ထွက် ရှိပါတယ်။ ၃.ဝ လီတာသုံး ခြောက်လုံးထိုး အင်ဂျင်ကတော့ ရုန်းအား ၃၃၀ ပေါင်-ပေ ရှိပြီး မြင်းကောင် ရေ ၃၂၀ အား ထွက် ရှိပါတယ်။

ဂီယာပိုင်းက Autoနဲ့ ဖြစ်ပြီး ၈ချက်ထိအောင် သုံးနိုင်မှာပါ။ 328i မော်ဒယ်ကတော့ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၅.၉ စက္ကန့်ပဲ ယူမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ BMWရဲ့ Showroom ရှိပေမယ့် အခု Turismo ကို တင်သွင်းရောင်းချတာတော့ မတွေ့မိသေးပါဘူး။ နိုင်ငံတကာ ဈေးကွက်မှာတော့ Gran Turismoကို ဒေါ်လာ ၅၅၂၆၅ ရှိနေပြီး Showroom မှာ မှာယူလို့ ရနိုင်မလားဆိုတာ စုံစမ်းနိုင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading