စီးပွားရေး

ကမ္ဘာ့အကောင်းဆုံး ကားအင်ဂျင်များအကြောင်း

Want create site? Find Free WordPress Themes and plugins.

အခုတခါ ကျနော်က လက်ရှိ ထုတ်လုပ်ရောင်းချနေတဲ့ မော်တော်ကားတွေမှာ တပ်ဆင်ထားတဲ့ အင်ဂျင်တွေ ထဲက ကမ္ဘာ့အကောင်းဆုံးအင်ဂျင်တွေကို ပြောပြချင်ပါတယ်။ ဆီစားနှုန်း၊ စွမ်းအင်ထုတ်လုပ်ပေးနိုင်မှုနဲ့ အရည်အသွေး တွေကို ကြည့်ပြီး ပြောထားတာ ဖြစ်ပါတယ်။

(၁) Ford Shelby Mustang GT350 မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ကို အကောင်းဆုံး အင်ဂျင်လို့ ရွေးချယ်လိုက် ချင်ပါတယ်။ ၅.၂လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားပြီး သူက မြင်းကောင်ရေ ၅၂၆ ကောင်အားထိအောင် ထုတ်လုပ် ပေးနိုင်ပါတယ်။ Voodoo လို့ အင်ဂျင်ကို လူသိများပြီး Shelbyရဲ့ မော်ဒယ်တွေမှာပဲ တပ်ဆင်ထုတ်လုပ်တာ တွေ့ရပါတယ်။

(၂) အမေရိကန် အခြေစိုက် GMရဲ့ မော်ဒယ်တွေမှာ တပ်ဆင်ထုတ်လုပ်လျက်ရှိနေတဲ့ ၃.၆လီတာသုံး LGX V6 အင်ဂျင် ကတော့ ဒုတိယ အကောင်းဆုံး ဖြစ်ပါတယ်။ မြင်းကောင်ရေ ၃၃၅ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး Cadillac ATSလို ဇိမ်ခံ မော်ဒယ်တွေနဲ့ အခြား မော်ဒယ် အများအပြားမှာ တပ်ဆင်ထုတ်လုပ်လျက်ရှိနေပါတယ်။

(၃) တတိယအကောင်းဆုံး အဖြစ်ကိုတော့ GMရဲ့ လက်ခွဲ အမှတ်တံဆိပ် Chevyရဲ့ Voltမော်ဒယ်မှာ တပ်ဆင်ထားတဲ့ ၁.၅လီတာသုံး Hybridစနစ်နဲ့ လေးလုံးထိုး အင်ဂျင်ကို ရွေးချယ်ထားပါတယ်။ ဆီစားနှုန်း အထူး ချိုသာကောင်းမွန်ပြီး ဆီတစ်ဂါလံကို ၅၃မိုင်ထိအောင် စီးနင်းနိုင်သလို ဆီတိုင်ကီ အပြည့်နဲ့ မိုင် ၄၂၀ထိအောင် မောင်းနှင်နိုင်ပါတယ်။

Ford Shelby Mustang GT350မှ အင်ဂျင်

(၄) တောင်ကိုရီးယား အခြေစိုက် Hyundaiရဲ့ Sonata PHEVမော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ကလည်း Hybrid စနစ် နဲ့ ဖြစ်ပြီး ဆီတစ်ဂါလံကို ၄၁မိုင်ကနေ မိုင် ၈၀အတွင်း လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး မောင်းနှင်နိုင်တာတွေ့ ရပါတယ်။ ၂.ဝလီတာသုံးအင်ဂျင်အရွယ်ဖြစ်ကာ မြင်းကောင်ရေ ၁၅၄ကောင်အား ထုတ်ပေးနိုင်ပါတယ်။

(၅) Toyota Priusကတော့ Hybridမော်ဒယ်တွေအဖြစ် မသိသူ မရှိသလောက်ပါပဲ။ သူ့ရဲ့ ၁.၅လီတာသုံး လေးလုံးထိုး အင်ဂျင်က မြင်းကောင်ရေ ၉၅ကောင်အား ထုတ်ပေးနိုင်ပြီး လျှပ်စစ်မော်တာက မြင်းကောင်ရေ ၇၁ကောင်အား ထုတ် ပေးနိုင်ပါတယ်။ ဆီတဂါလံကို ပျမ်းမျှ ၆၁မိုင် စီးနင်းနိုင်ပါတယ်။

(၆) အမေရိကန် အခြေစိုက် RAMရဲ့ 1500 မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ၃.ဝလီတာသုံး EcoDiesel V6အင်ဂျင်က ရုန်း အား ၄၂၀ပေါင်-ပေထိအောင် ထုတ်ပေးနိုင်ပြီး ဆီတဂါလံကို ၂၅မိုင် စီးနင်းနိုင်မှာပါ။ လက်ရှိ တန်းတူအရွယ်ရှိ အင်ဂျင် တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး အင်ဂျင်စနစ်ပါ။

(၇) Subaruရဲ့ Turbochargedစနစ်သုံး ၂.ဝလီတာသုံး လေးလုံးထိုး အင်ဂျင်ကတော့ မြင်းကောင်ရေ ၂၆၈ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး WRX မော်ဒယ်မှာ တပ်ဆင် ထုတ်လုပ်တာ တွေ့ရသလို ဒီနေ့ခေတ် ဈေးကွက်ဝင် Sport Sedan တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး မော်ဒယ် ဖြစ်လာစေခဲ့ပါတယ်။

(၈) နာမည်ကျော် Volvo ရဲ့ Turbocharged စနစ်နဲ့ရော Supercharger စနစ်နဲ့ပါ ရနိုင်မယ့် Drive-E အင်ဂျင်စနစ်က ၂.၀ လီတာသုံး အရွယ်ပဲ ဖြစ်ပေမယ့် မြင်းကောင်ရေ ၂၄၀အား ထုတ်လုပ်ပေးနိုင်ပါတယ်။ သူနဲ့အတူ ပူးတွဲ ရွေးချယ်ချင်တာက Business Insiderရဲ့ ၂၀၁၅ခုနှစ်အတွက် အကောင်းဆုံးကားအဖြစ် ရွေးချယ်ခံထားတဲ့ Volvo XC90 T6မှာ တပ်ဆင်ထား တဲ့ အင်ဂျင်စနစ်ကလည်း မြင်းကောင်ရေ ၃၁၆ကောင်အားထိ ထုတ်ပေးနိုင်ပြီး လမ်းကြမ်းပိုင်းမှာပါ စိတ်ကြိုက် မောင်းနှင်မှု ရှိလာစေတဲ့ အင်ဂျင်စနစ်ပါ။

(၉) Nissanရဲ့ VQ Series အင်ဂျင်စနစ်တွေထဲက V6 အင်ဂျင်ကတော့ ၁၉၉၅ခုနှစ်ကတည်းကနေ အဆင့်မြှင့် တင်လာခဲ့ တာ အခု ၁၅ကြိမ်မြောက်အဖြစ် ထုတ်လုပ်လာချိန်မှာ မူရင်း ထုတ်လုပ်မှု အင်ဂျင်ရဲ့၆၁ရာခိုင်နှုန်းကို ဒီဇိုင်းပြင်ဆင်ထုတ် လုပ်ထားခဲ့ပြီး ရုန်းအားထုတ်ပေးနိုင်မှု အထူးကောင်းမွန်လာခဲ့တာကြောင့် အခု စာရင်းမှာ ပါဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

(၁၀) နောက်ဆုံးအနေနဲ့တော့ ဂျာမနီ အခြေစိုက် BMWရဲ့ B58အမည်ရှိ ၃.ဝလီတာသုံး ခြောက်လုံးထိုး အင်ဂျင်ကို ရွေး ချယ်ထားပါတယ်။ သူက BMWရဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေမှာ တပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး ၂၂နှစ်တာ ကာ လအတွင်း အောင်မြင်မှု ဆုတံဆိပ် ၃၂ခု ရရှိထားတာလည်း တွေ့ရပါတယ်။ မြင်းကောင်ရေ ၃၂၀အား ထုတ်လုပ်ပေးနိုင် ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading