Apple Inc ကနေ Special Edition အဖြစ် တရားဝင် မိတ်ဆက်ကြေညာလိုက်တဲ့ iPhone 7 (Red) and iPhone 7 plus (Red) တို့ဟာ ရှေ့မျက်နှာပြင် အဖြူရောင်နဲ့ နောက်ဘက်ခြမ်း ကိုယ်ထည် အနီရောင် ရှိပါတယ်။ နောက်ဆက်တွဲ အဖြစ် ထုတ်လုပ်ထားတဲ့ ဖုန်းရဲ့ ကိုယ်ထည်က အလူမီနီယမ်သားနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အနီရောင် တမျိုးတည်း ထွက်ရှိလာတာပါ။
အခု ဖုန်းအသစ်န့ဲ ပတ်သတ်ပြီး သိကောင်းစရာလေးတွေကတော့ 128 GBနဲ့ 256 GBပုံစံ နှစ်မျိုး ရွေးချယ်နိုင်မယ်။ www.apple.com ကနေ ဒေါ်လာ ၇၄၉ နဲ့ Internal Memory အပေါ် အခြေခံပြီး ဈေးနှုန်း ကွဲပြားချက်နဲ့ ရောင်းချ ပေးမှာပါ။ အမေရိကန်မှာတော့ လာမယ့် မတ် ၂၄ ရက်မှာ စတင်ရောင်းချနိုင်ဖို့ ရှိပြီး အခု တာပါ။
ဖုန်းသစ်ကို ဈေးကွက်ထဲကို လာမယ် မတ်လ ၂၄ ရက်နေ့မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပြီး မတ်မကုန်ခင်မှာ ကမ္ဘာ့ နိုင်ငံပေါင်း ၄၀ ကျော်မှာ ရောင်းချပေးသွားဖို့ ရှိနေတယ် လို့ သိရပါတယ်။ အဲဒီနိုင်ငံတွေကတော့ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်း၊ အင်္ဂလန်၊ UAE၊ ဘရာဇီး၊ ချီလီ၊ ကိုလမ်ဘီယာ၊ အိန္ဒိယ၊ တူရကီတွေ ဖြစ်ပြီး အခြား နိုင်ငံတွေကတော့ ဧပြီလမှာ ဈေးကွက်ထဲ ဝင်လာမှာပါ။
အမေရိကန်၊ အင်္ဂလန်နဲ့ တရုတ်နိုင်ငံတွေမှာ ရှိတဲ့ အခု ဖုန်းသစ် အသုံးပြုသူတွေ အနေနဲ့ iPhone Upgrade Program သုံးချင်ရင် ဝန်ဆောင်မှု ရနိုင်ပြီး လက်ရှိ အမေရိကန်မှာတော့ အဆိုပါ Program ကို 128 GB ဖုန်းတွေ အတွက် တလကို ၃၇ ဒေါ်လာနဲ့ သုံးနိုင်နေတာလည်း ဖြစ်ပါတယ်။
ဖုန်းမော်ဒယ်နှစ် ၂ မျိုးလုံးမှာ iOS 10 ကို သုံးထားပြီး၊ 7 မော်ဒယ်က ၁၃၈ ဂရမ်လေးပြီး 7 Plus ကတော့ ၁၈၈ ဂရမ် လေးပါတယ်။ CPU က Apple A10 Fusion Quad core ကို သုံးထားပြီး GPU အတွက် Six-core Graphics ကို ထည့်ထားတာပါ။ RAM က 2GB တွေပဲ ဖြစ်ပြီး Interanl ကတော့ အထက်မှာ ပြောသလို နှစ်မျိုး ရွေးနိုင်မှာပါ။ ပြသမျက်နှာပြင် 7 မော်ဒယ်က ၄ ဒသမ ၇ လက်မနဲ့ 7 Plus ကတော့ ၅ ဒသမ ၅ လက်မ ဖြစ်ပါတယ်။
ကင်မရာမှာလည်း မော်ဒယ် နှစ်ခုလုံး ရှေ့ဘက်အကူ ကင်မရာက 7 MP နဲ့ နောက်ဘက် ပင်မ ကင်မရာမှာတော့ 7 မှာ 12 MP နဲ့ 7 Plus မှာတော့ 12 MP ကင်မရာကို Dual ပုံစံ ထိုင်ထားတာပါ။ အရောင် အနေနဲ့က အခု အသစ် ထုတ်လုပ်တဲ့ အနီ အပြင် အရင်ကတည်းက ထုတ်လုပ်နေတဲ့ အနက်ပြောင်၊ အနက်၊ ငွေရောင်၊ ရွှေရောင်၊ နှင်းဆီနီရောင်တွေ အဖြစ် ရနိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်း အပိုင်းမှာ 7 ဆိုရင် 128 GB အတွက် ဒေါ်လာ ၁၂၂၉ နဲ့ 256 GB အတွက် ၁၃၇၉ ဒေါ်လာ ရှိနိုင်ပြီး၊ 7 Plus အတွက်ကတော့ 128 GB အတွက် ၁၄၁၉ ဒေါ်လာနဲ့ 256 GB အတွက် ၁၅၆၉ ဒေါ်လာ ဖြစ်ပါတယ်။
ထူးခြားတာက ဖုန်းရောင်းချရမှုထဲက အမြတ်အစွန်း တချို့ကို AIDS ကင်းစင်သော လူ့ဘောင်အဖွဲ့အစည်း တည်ထောင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ RED ပရဟိတအဖွဲ့ ရန်ပုံငွေ အဖြစ် လှူဒါန်းသွားမှာ ဖြစ်ပြီး၊ အဲဒီ အဖွဲ့က HIV ရောဂါ ပိုးရှိတဲ့ မိခင်ကနေ ကလေးငယ်ကို မကူးစက်စေရေး ဆေးဝါးနှင့် ကုသမှုများ ကူညီပေးနေတာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကို Apple Inc က သန်း ၁၃၀ လှူဒါန်းခဲ့ဖူးပါတယ်။ ဒါကြောင့် “iPhone 7 Red ၊ ပရဟိတ အလှူငွေ တွဲဖက်” လို့ ဆိုရမှာပါပဲ။ ။