ပူလောင်လှတဲ့ နွေနေ့ရက်တွေ အတွက် အဲကွန်း (Air Con) လို့ ခေါ်တဲ့ Air Conditioner က အိုအေစစ်လေးလို ဖန်တီးပေးနိုင်မှာ ပါ။ သို့ပေမမယ့် အဲကွန်းက သင့်ဝန်းကျင်ကို အေးမြမှုလေးသာ ပေးစွမ်းတာ မဟုတ်ဘဲ သင့် ကျန်းမာရေးကို ထိခိုက်စေတာလည်း ရှိပါတယ်။ အဲကွန်းကြောင့် ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတချို့ အကြောင်း ပြောပြပါမယ်။ တနည်းအားဖြင့် Air Con တွေကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အကြောင်းပါ။
(၁) Air Con အများအပြား တပ်ဆင်ထားတဲ့ ရုံးတွေ၊ အဆောက်အဦတွေရဲ့ အလယ်ပိုင်းမှာ နေထိုင် အလုပ် လုပ်သူတွေဟာ ခေါင်းကိုက်ခြင်းကို ပိုပြီး ခံစားရစေနိုင်ပါတယ်။ အအေးဓာတ် ခံစားရမှု အချိန်ကြာမြင့်ခြင်းဟာ ခေါင်းကိုက်မှု ဖြစ်စေသလို အဆိုပါ အအေးဓာတ်ကြောင့်ပဲ အဆီပိတ်ခြင်း၊ ချွဲထခြင်း၊ ချောင်းဆိုခြင်း၊ အအေးမိခြင်း တွေလည်း ဖြစ်စေနိုင်ပါတယ်။
(၂) Air Con နဲ့ အနေများသူတွေဟာ ပတ်ဝန်းကျင် အနေအထားအရ အေးချမ်းပေမယ့် အရေပြားတွေကို ခြောက်သွေ့ စေပါတယ်။ Air Con ကလည်း အစိုဓာတ်ကို အတတ်နိုင်ဆုံး စုပ်ယူတဲ့ လုပ်ဆောင်ချက် ရှိသလို လူရဲ့ အရေပြားဟာ စိုစွတ်မှု အားနည်းပြီး ခြောက်သွေ့နေစေ တတ်ပါတယ်။ ရေများများ ဂရုပြု သောက်သုံးပေးပါ။
(၃) Air Con အသုံးပြုသူ အများစုဟာ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး သွေးပေါင်ချိန် ကျဆင်းခြင်း၊ အဆစ်အမြစ်ရောင် ရောဂါ ခံစားရခြင်း တွေလည်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
(၄) Air Con ခန်းထဲကို ဝင်လိုက်၊ ထွက်လိုက် မလုပ်သင့်ပါဘူး။ Air Con ခန်းထဲကို အဝင်၊ အထွက် လုပ်နေရသူတွေ အတွက် အပူချိန် မညီမျှမှု ဖြစ်ပြီး နေမကောင်း ဖြစ်တတ်ပါတယ်။ ဒီအတွက် အမြဲတမ်း Air Con ခန်းထဲ ထိုင်ရသူတွေ မဟုတ်ရင် အတတ်နိုင်ဆုံး Air Con ခန်းထဲ မနေပဲ ပြင်ပ အပူချိန်နဲ့ပဲ အဆင်ပြေအောင် နေတာ အကောင်းဆုံး ဖြစ်မှာပါ။
(၅) Air Con အများစုဟာ အခန်းတွင်းလေဟာ အပြင်ထွက်တာ နည်းတဲ့ အတွက်ကြောင့် လေထုအတွင်း အောက်ဆီဂျင် ပါရှိမှု အပြင်ထက် နည်းနေတတ်ပါတယ်။ ဖုန်တွေလည်း ရောပါနေတတ်ပါတယ်၊ Allergies ဖြစ်တတ် သူတွေ အနေနဲ့ Air Con ကြောင့် အဖြစ် ပိုများစေတတ်တာလည်း တွေ့ရပါတယ်။ လေထုကို အခန်းတွင်း အောင်းထားခြင်းဟာ ရောဂါပိုးမွေးသလို ဖြစ်စေပါတယ်၊ ပျံ့နှံ့နှုန်း မြန်စေပါတယ်၊ ကူးစက်လွယ်စေပါတယ်။
(၆) Air Con ဟာ အကြားအာရုံကို အနှောက်အယှက်ပေးတဲ့ စက်တခုပါ။ ဘယ်လို ကောင်းမွန်တဲ့ Air Con ဖြစ်ပါစေ အသံ အနည်းနဲ့ အများတော့ ထွက်ပါတယ်။ ဖွင့်ထားချိန်တိုင်း ထွက်ပါတယ်၊ မိမိ ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ အကြားအာရုံ နှောက်ယှက်နေစေပါတယ်။ ဘယ်လို တိုးညင်းတဲ့ အသံဖြစ်ပါစေ၊ နားစည်နဲ့ အကြားအာရုံကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၇) Air Con တွေရဲ့ အဆိုးဆုံး တချက်ကတော့ အရေးပြားကိုတင် မဟုတ်ပဲ မျက်ကြည်လွှာကိုပါ ခြောက်သွေ့စေတာ ဖြစ်ပြီး မျက်လုံး ယားယံခြင်း၊ အရေကြည်ဖု ပေါက်ခြင်းတွေကိုပါ ဖြစ်စေပါတယ်။ ။
Ref: http://m.indiatimes.com