ဈေးကွက်မှာ လူကြိုက်အများဆုံး Smartphone ထုတ်လုပ်တဲ့ တောင်ကိုရီးယား အခြေစိုက် Samsung ရဲ့ မော်ဒယ်သစ် C9 Pro အကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ တန်ကြေးမြင့် ဖုန်းမော်ဒယ်သစ် ကိုင်ချင်သူတွေ အတွက်ကတော့ စိတ်ကြိုက်ဖြစ်စရာပါ။ နောက်ပြီး Note မော်ဒယ်တွေရဲ့ အရွယ်အစားမျိုး ဖန်တီးထားတာ ဖြစ်လို့ Game ကစားသူတွေနဲ့ စာဖတ်တတ်သူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။
ဘက်ထရီ အရွယ် အကြီးစား ထည့်သွင်းထား သလို ဘက်ထရီပိုင်းလည်း အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါလိမ့်မယ်။ ပြသ မျက်နှာပြင်က ၆ လက်မ အရွယ် ဖြစ်လို့ Selfie သမားတွေနဲ့ အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုသူတွေ အတွက် On-Hand အနေအထား စိတ်ကြိုက် မဖြစ်နိုင်ပေမယ့် စာဖတ်ဖို့နဲ့ အခြား ဖုန်းအသုံးတွေ အတွက်တော့ တော်တော်လေး အဆင်ပြေကောင်းမွန်ပါတယ်။
ကြည်လင်ပြတ်သားနှုန်းက 1080×1920 p နှုန်း ရှိပြီး Touch စနစ်နဲ့ပါ။ ဖုန်းရဲ့ အလေးချိန် ၁၈၉ ဂရမ်ရှိပြီး တန်းတူ အရွယ် ဖုန်းတွေနဲ့ စာရင် အလေးချိန် မများပေမယ့် အခုထက် ပိုပြီး ပေါ့မယ် ဆိုရင်တော့ ပိုကောင်းမယ် လို့ ထင်မိပါတယ်။
Processorမှာ 1.44GHz မြန်နှုန်းရှိတဲ့ Octa-core ကို ထိုင်ထားပြီး Qualcomm Snapdragon 653 အမျိုးအစား ဖြစ်ပါတယ်။ RAM က 6GB ထိအောင် ရှိနေတာ တခုက လက်ရှိ 4GB အနေအထား လောက်မှာကိုပဲ အသုံးပြုရ မြန်ဆန်သလို ဈေးကွက်က လက်ခံ နှစ်သက်နေမှုကို ပိုပြီး သဘောကျလာ စေမှာပါ။
Internal Memory က 64 GB ပါ။ SD ကတ်စိုက်မယ် ဆိုရင်လည်း ရနိုင်ပြီး 256 GB ဆံ့တဲ ကတ်ထိအောင် စိုက်နိုင်သလို RAM ပမာဏ များပြားမှုက ကတ်ကြီးတွေထဲက ဖိုင်တွေကို ရှာဖွေချိန်မှာပါ ပိုမို မြန်ဆန်စွာ ရှာပေးနိုင်မှာ ဖြစ်ပါတယ်။
ကင်မရာ အပိုင်းမှာ ထူးခြားချက် တခု ရှိတာက အများစုသော ပုံမှန် ဖုန်းကင်မရာ စနစ်မှာ နောက်ဘက် ပင်မ ကင်မရာကို အားပြု ဖန်တီးထားတတ်ပြီး နောက်ထွက် Selfie အထူးပြု ဖုန်းတွေမှာတော့ ရှေ့ဘက် အကူ ကင်မရာကို အားပြု ဖန်တီးထားတတ်တာ တွေ့ရပါတယ်။
C9 Pro ရဲ့ ထူးခြားချက်က နောက်ဘက်ရော ရှေ့ဘက် ကင်မရာကိုပါ စွမ်းဆောင်ရည် အတူတူ ဖြစ်အောင် 16 MP စီ ဖန်တီးထားတာ ဖြစ်ပါတယ်။ ကင်မရာ စနစ် နှစ်ခုလုံးရဲ့ ရုပ်ထွက်၊ ရိုက်ချက်၊ စွမ်းဆောင်ရည်တွေ အတူတူပဲ ဖြစ်ပါ တယ်။ Wi-Fi ချိတ်နိုင်မယ်၊
GPS ရမယ်၊ Bluetooth v 4.20 ပါရှိတယ်၊ USB ပေါက်ထည့်ထားတယ်၊ SIM နှစ်ကတ် သုံးပုံစံ ဖြစ်ပြီး Nano အရွယ်အစား ထည့်သုံးရမှာပါ။ 4G LTE စနစ်အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ C9 Pro ကို ကျပ် ၇၁၄၀၀၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး သင်္ကြန်ရက်နား နီးကပ်နေလို့ အရောင်း မြှင့်တင်ရေးနဲ့ ဈေးနှုန်းလျော့ချ ရောင်းပေးနေတာတွေ တွေ့ရလို့ စိတ်ဝင်စားသူတွေ အတွက်တော့ အခွင့်ကောင်း တခုပါပဲ။ ။
Ref: http://m.gadgets.ndtv.com