အခုနှစ်အတွက် ဈေးကွက်ထဲမှာ ထုတ်လုပ်ရောင်းချနေတဲ့ Laptop တွေထဲက ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်မယ့် Laptop တွေကို မိတ်ဆက်ပေးချင်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာလည်း ရနိုင်နေတဲ့ မော်ဒယ်တွေ ပါရှိသလို အချို့ကိုလည်း Dealer တွေကနေ တဆင့် စုံစမ်းမှာယူ နိုင်မှာ ဖြစ်ပါတယ်။ သင်နှစ်သက်တဲ့ Brand ၊ သင် သုံးချင်တဲ့ ငွေကြေး ပမာဏနဲ့ သင် အသုံးပြုမယ့် အနေထားကို ကိုက်ညှိပြီး ဝယ်ယူနိုင်ဖို့ပါ။
(၁) အကောင်းဆုံး Laptop – Dell XPS 13 ။ အလေးချိန် ၂ ဒသမ ၇ ပေါင်ပဲ လေးတဲ့ ပြသမျက်နှာပြင် ၁၃ လက်မ အရွယ်ရှိ Laptop ပါ။ Intel ကနေ ထုတ်လုပ်ပေးထားတဲ့ Kaby Lake processor ကို ထိုင်ထားပါတယ်။ Touch စနစ်တော့ မသုံးနိင်ပါဘူး။ ဘက်ထရီက ၁၄ နာရီလောက် အသုံးခံပါတယ်၊ Wi-Fi ချိတ်ဆက်နိုင်မှု အားကောင်းလာပြီး HD ရုပ်ထွက်ကိုလည်း ပေးစွမ်းလာနိုင်သလို တန်ဖိုးနည်း ပေါ့ပေါ့ပါးပါး Laptop လိုချင်သူတွေ အတွက် အဆင်ပြေမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၇၉၉ ပါ။
(၂) အကောင်းဆုံး နှစ်မျိုးသုံး Laptop – HP Spectrre x360 ။ ၂ ဒသမ ၈ ပေါင် လေးပါတယ်။ Kaby Lake ကိုပဲ ထိုင်ထားပါတယ်။ အထူး ပါးလွှာပါတယ်။ Tablet အဖြစ်ရော Notebook အဖြစ်ပါ သုံးနိုင်ပါတယ်။ အသံထွက် အထူး ကောင်းမွန်ပြီး ဘက်ထရီက ၁၀ နာရီ အသုံးခံနိုင်ပါတယ်။ ၁၃ လက်မ အရွယ် ပြသ မျက်နှာပြင် ပါရှိပြီး ဈေးနှုန်းက ဒေါ်လာ ၁၀၄၉ ဖြစ်ပါတယ်။
(၃) အတန်ဆုံး Laptop – Asus ZenBook UX330UA ။ အသုံးပြုရမှု အထူးမြန်ဆန် ကောင်းမွန်မယ့် Laptop ပါ။ ပေးရတဲ့ ဈေးနှုန်းနဲ့ အတန်ဆုံး စွမ်းဆောင်ရည်ကို ရပါလိမ့်မယ်။ 1080p အား ရုပ်ထွက် ပေးနိုင်ပါတယ်။ i5 စနစ် ထည့်ထား ပါတယ်။ SSD က 256 GB ထိအောင် ပါရှိပါတယ်။ ဘက်ထရီသက်တမ်းလည်း ကောင်းမွန်ပြီး ၁၀ နာရီ သုံးနိုင်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၆၉၉ ဖြစ်ပါတယ်။
(၄) အကောင်းဆုံး Gaming Laptop – Alienware 13 ။ OLED လို ပြသစနစ်နဲ့ ဖန်တီးထားတာပါ။ ၁၃ လက်မ ပြသ မျက်နှာပြင် စနစ်က အပီပြင် အပြတ်သားဆုံး ရုပ်ထွက်ကို ပေးနိုင်တာ တွေ့ရပါတယ်။ ၅ ပေါင်တော့ လေးပါတယ်။ Gaming တွေကြားမှာ အလေးဆုံး မဟုတ်ပေမယ့် ပုံမှန်ထက်တော့ နည်းနည်းလေးချင် နေတာပါ။ i5 နဲ့ i7 နှစ်မျိုး ရနိုင်ပါတယ်။ Nvidia GTX 1060ကို ထည့်ထားပါတယ်။ ဈေးနှုန်း ဒေါ်လာ ၁၁၉၉ ရှိပါတယ်။
(၅) အကောင်းဆုံး ၁၄ လက်မ Laptop – Lenovo Yoga 910 ။ သူလည်း နှစ်မျိုးသုံး ပုံစံပါပဲ။ i7 ကို ထိုင်ထားတယ်၊ ဘက်ထရီက ၁၁ နာရီ သုံးနိုင်တယ်၊ 4K ရုပ်ထွက်ထိအောင် ပြသပေးနိုင်တယ်၊ ပြသမျက်နှာပြင်က ၁၃ ဒသမ ၉ လက်မ အရွယ်ပါ။ ဈေးနှုန်း ဒေါ်လာ ၁၁၉၉ ရှိနေတာ တခုကတော့ အားနည်းချက်လို ဖြစ်နေစေပြီး အခုထက် ဈေးပို ချိုရင် ကောင်းမယ်လို့ ယူဆမိပါတယ်။
(၆) အကောင်းဆုံး ဓာတ်ပုံ၊ ဗီဒီယို တည်းဖြတ် Laptop – Microsoft Surface Book with Performance Base ။ စွမ်းဆောင်ရည် ကောင်းမွန်ပြီး အသုံးပြုရ မြန်ဆန်တယ်၊ ဘက်ထရီ သက်တမ်းကောင်းတယ်၊ ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူတယ်၊ GPU ထည့်သွင်း ဖန်တီးထားမှု မြင့်မားတယ်၊ ၁၃ ဒသမ ၅ လက်မ အရွယ် ပြသမျက်နှာပြင် စနစ်က Touch စနစ်နဲ့ပါ သုံးနိုင်တယ်၊ ဈေးနှုန်း ၂၃၉၉ ရှိပြီး လုပ်ငန်းသုံး အတွက် အကောင်းဆုံး မော်ဒယ်ပါ။
(၇) အကောင်းဆုံး တန်ကြေးနည်း Laptop – Asus VivoBook E403SA ။ ၁၄ လက်မ အရွယ် ပြသမျက်နှာပြင် စနစ်ပါတယ်၊ အလူမီနီယမ် အထိုင်သားနဲ့ ဖြစ်ပြီး USB-C ပေါက်ထည့်ထားတယ်၊ ဘက်ထရီက ၉ နာရီ အသုံး ခံနိုင်တယ်၊ Pentium ကိုတော့ သိပ်မကြိုက်လှပေမယ့် RAM 4GB ပါရှိတယ်၊ ၃ ဒသမ ၂ ပေါင် လေးပြီးဈေးနှုန်းက ဒေါ်လာ ၃၄၉ ပဲ ရှိမှာ ဖြစ်ပါတယ်။
(၈) အကောင်းဆုံး လုပ်ငန်းသုံး Laptop – Lenovo ThinkPad 13 ။ လုပ်ငန်းသုံး ဆိုတဲ့ နေရာမှာ ရုံးတွေ အတွက် ဝန်ထမ်းတွေကို ပေးသုံးဖို့ အကောင်းဆုံး Laptop ကို ပြောတာပါ။ 1080p ရုပ်ထွက်ကို ပေးနိုင်တယ်၊ ဘက်ထရီက ၉ နာရီ သုံးနိုင်တယ်၊ မော်ဒယ်ခွဲတွေ ရှိသေးပြီး၊ အခု မော်ဒယ်က ဒေါ်လာ ၅၈၄ ဖြစ်ပေမယ့် သူ့ထက် ဈေးချိုတဲ့ ဒေါ်လာ ၅၀၀ တန်နဲ့ ဈေးနည်းနည်း ပိုတဲ့ ဒေါ်လာ ၆၀၀ ကျော်တန် မော်ဒယ်ခွဲတွေလည်း ရနိုင်ပါသေးတယ်။
(၉) ဘက်ထရီ သက်တမ်းအကောင်းဆုံး Laptop – Lenovo ThinkPad X260 ။ ၁၇ နာရီ ထိအောင် သုံးနိုင်မယ့် Laptop ပါ။ ပြသ မျက်နှာပြင်စနစ်က ၁၂ ဒသမ ၅ လက်မတည်း ဖြစ်လို့ နည်းနည်းတော့ သေးချင်နေပါတယ်။ ၃ ဒသမ ၂ ပေါင် လေးပါတယ်။ သူ့အရွယ်နဲ့ စာရင် အလေးချိန် နည်းနည်း များချင်နေတာပါ။ ခရီးသွားရင်း သုံးဖို့တော့ သင့်တော်ပါလိမ့်မယ်။ ဈေးနှုန်းက ၈၀၉ ဒေါ်လာ ရှိပါတယ်။
(၁၀) အကောင်းဆုံး Apple Laptop – MacBook Pro 13-inch (2016) ။ စွမ်းဆောင်ရည်၊ ဈေးနှုန်း၊ သယ်ဆောင်ရမှု လွယ်ကူခြင်း၊ အားလုံး ဟန်ချက်ညီတဲ့ Laptop ပါ။ ၃ ပေါင်လေးပြီး ၁၃ လက်မ ပြသမျက်နှာပြင် ပါရှိပါတယ်။ ဘက်ထရီက ၁၂ နာရီ အသုံးခံပါတယ်။ ဈေးနှုန်း ၁၄၉၉ ဒေါ်လာကတော့ Mac အတွက် သင့်ပေမယ့် လူတိုင်း သုံးနိုင်ဖို့ အားနည်း စေချင်နေပါတယ်။
(၁၁) အကောင်းဆုံး တဦးကိုင် Laptop – Lenovo ThinkPad T460 ။ ကိုယ်ပိုင် အလုပ်၊ အသုံးတည့်မှု အတွက် သုံးဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဘက်ထရီက ၁၃ နာရီ ခံပါတယ်။ ၁၄ လက်မ အရွယ် ပြသမျက်နှာပြင် စနစ် ပါရှိတယ်။ အတွင်းခန်း အထိုင်စနစ်မှာ အပူချိန်ဒဏ်ခံနိုင်မှု အလွန်ကောင်းမွန်အောင် ဖန်တီးထားသလို အအေးပေး စနစ်ကလည်း ကောင်းမွန်ပါတယ်။ ဈေးနှုန်းက ၈၀၉ ဒေါ်လာ ဖြစ်ပါတယ်။
(၁၂) အကောင်းဆုံး Chromebook – Asus Chromebook Flip C302CA ။ Chrome OI သုံးထားတဲ့ မော်ဒယ်တွေ ထဲမှာ စိတ်အချရဆုံး မော်ဒယ်ပါ။ အလူမီနီယမ်သား ကိုယ်ထည်နဲ့ နှစ်မျိုးသုံးပါ။ Software တွေကို အပြိုင်သုံးနိုင်မှု အားကောင်းလွန်းလှပါတယ်။ ဘက်ထရီက ၉ နာရီ ခံပါတယ်။ နောက်ပိုင်း Android App တွေပါ သုံးနိုင်လာဖို့ ရှိပြီး Touch စနစ်ကလည်း ကောင်းသလို ဈေးနှုန်းက ဒေါ်လာ ၄၉၉ ပဲ ရှိပါတယ်။
(၁၃) ကလေးတွေ အတွက် အသင့်တော်ဆုံး Laptop – Asus Chromebook C202 ။ ကလေးတွေ အတွက် ၁၁ ဒသမ ၆ လက်မ ပြသမျက်နှာပြင်နဲ့ ဖန်တီးထားတယ်၊ အကြမ်းခံတယ်၊ ၃ ဒသမ ၉ ပေ အမြင့်ကနေ ပြုတ်ကျဒဏ်ကို ခံနိုင်တယ်၊ RAM 4 GB ပါရှိတယ်၊ အိမ်စာတွေ လုပ်ဖို့ အတွက်ရော Game အသေးတွေ ကစားစေဖို့ အတွက်ပါ အဆင်ပြေတယ်၊ ဈေးနှုန်းက ၁၈၂ ဒေါ်လာပဲ ရှိပါတယ်။
(၁၄) အကောင်းဆုံး ၁၅ လက်မ Laptop – Dell XPS 15 ။ 2.8GHz မြန်နှုန်းရှိ i7 ကို ထည့်ထားတယ်၊ RAM က 32GB ထိအောင် ရှိပြီး GPU ကိုလည်း Nvidia GeForce GTX 1050 ကို သုံးထားတယ်၊ 4K ရုပ်ထွက် ပြသနိုင်တယ်၊ OLED စနစ်နဲ့ သုံးထားတယ်၊ ဘက်ထရီကလည်း သက်တမ်း အလွန်ကြာရှည်စွာ သုံးနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၇၅ ဝန်းကျင်လောက် ရှိပါတယ်။
Ref: http://www.laptopmag.com