ကမ္ဘာပေါ်မှာ နေ့စဉ် ကြည့်ရှုနေတဲ့ ရုပ်/သံ လိုင်းတွေထဲက ကမ္ဘာ့တန်ဖိုး အကြီးဆုံး ရုပ်/သံ လိုင်းတွေအကြောင်း ပြောပြချင်ပါတယ်။ ကြည့်ရှုသူအများဆုံး၊ စိတ်ဝင်စားသူ အများဆုံး၊ တန်ဖိုးလည်း အကြီးဆုံး ရုပ်/သံ လိုင်းတွေ ဖြစ်ပါတယ်။
(၁) CNN (တန်ဖိုး ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ)။ CNN ရဲ့ အရှည်ကောက်က Cable News Network ဖြစ်ပြီး မီဒီယာ လုပ်ငန်းစု Ted Turner ကနေ တည်ထောင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး သတင်းဦးစားပေး ရေးသား တင်ပြတဲ့ သတင်း ဦးစားပေးလိုင်း ဖြစ်ပြီး ၂၄ နာရီ ထုတ်လွှင့်နေတာပါ။ အမေရိကန် ပြည်တွင်း ကြည့်ရှုနှုန်း မပါပဲ ကမ္ဘာတလွှားမှာ ကြည့်ရှုသူ သန်း ၂၆၀ ခန့် ရှိပါတယ်။
(၂) ESPN2 (တန်ဖိုးဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ)။ အမေရိကန်မှာတင် ကြည့်ရှုသူ ၈၉ သန်းရှိပါတယ်။ အားကစား သတင်း တင်ဆက်တဲ့ သတင်းဌာနထဲမှာ အကြီးဆုံး ရုပ်/သံ တင်ဆက်သူလည်း ဖြစ်ပါတယ်။ ESPN ရဲ့ နောက်ဆက်တွဲ ထုတ်လွှင့်သူ ဖြစ်ပြီး တင်းနစ် ကစားပွဲတွေကို ဦးစားပေး ထုတ်လွှင့်မှုကြောင့် လူကြိုက်များတာ ဖြစ်ပါတယ်။
(၃) Discovery Chanel (တန်ဖိုး ဒေါ်လာ ၇ ဘီလီယံ)။ ၁၉၈၅ ခုနှစ်ကနေ ပြသလိုင်း တခုနဲ့ စတင် ခဲ့တဲ့ ဒီ ရုပ်/သံ ဟာ ဒီနေ့မှာ ဖျော်ဖြေရေး ခေါင်းစဉ် ၂၈ ခု အောက်မှာ ပြသလိုင်းပေါင်း ၁၀၀ ကျော် ပြသနေတာ တွေ့ရပါတယ်။ ကြည့်ရှုသူ ၁ ဒသမ ၅ ဘီလီယံ ကျော် ရှိပြီး စစ်ဘက်၊ သင်ကြားရေးနဲ့ သဘာဝလိုင်းတွေကို အထူး လူကြိုက်များတာ တွေ့ရပါတယ်။
(၄) M ရုပ်/သံ (တန်ဖိုး ဒေါ်လာ ၇ ဘီလီယံ)။ အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် Music Television အမည်နဲ့ ထုတ်လွှင့်နေတဲ့ လိုင်းပါ။ ၂၄ နာရီ ထုတ်လွှင့်ပါတယ်။ အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အမေရိက စသဖြင့် နေရာဒေသ အလိုက် လူကြိုက်များ လိုင်းတွေကို ခွဲခြား ထုတ်လွှင့်မှုကြောင့် လူကြိုက်များတာ တွေ့ရပါတယ်။
(၅) USA Network (တန်ဖိုး ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ)။ ၁၉၇၁ ခုနှစ် အတွင်းက အသံလွှင့်လုပ်ငန်းကနေ စတင်ခဲ့တဲ့ လိုင်းကနေ အခုတော့ ရုပ်/သံ လိုင်း ဖြစ်လာတာပါ။ နာမည်ကျော် နပန်းလိုင်းတွေကို ထုတ်လွှင့် ပေးမှုကြောင့် လူကြိုက်များတာ ဖြစ်ပြီး အာဂျင်တီးနားနဲ့ ဘရာဇီးတွေမှာ တရားဝင် အသိအမှတ်ပြု USA Network တွေ ရယူ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။
(၆) Disney Channel (တန်ဖိုး ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ)။ မိသားစုဘ၀ ဖျော်ဖြေရေးနဲ့ ကလေးငယ်တွေ အရွယ်စုံ လေ့လာသင်ယူမှု အတွက် ဦးစားပေး ထုတ်လွှင့်နေတဲ့ လိုင်းပါ။ Disney XD နဲ့ Disney Junior တွေလည်း ရှိပြီး လက်ခွဲ ထုတ်လွှင့်စက်ရုံတွေ အနေနဲ့ ဟောင်ကောင်၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း၊ စကန်ဒီဗီးယား၊ အိုင်ယာလန်၊ ကာရေဗီယန်၊ နယ်သာလန်နဲ့ အခြား နိုင်ငံ အများစုမှာ ထားရှိ ထုတ်လွှင့်နေတာပါ။
(၇) TBS (တန်ဖိုး ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ)။ Time Warner လုပ်ငန်းစုကနေ ပိုင်ဆိုင်တာ ဖြစ်ပြီး ဟာသလိုင်း တွေ အဓိက ထုတ်လွှင့်နေတာပါ။ New Line Cinema, Warner Brothers, Columbia Pictures, Paramount Pictures နဲ့ Universal Pictures လို ဖြန့်ချိရေးတွေ ကနေ ဖြန့်ချိတဲ့ ရုပ်ရှင်ကားကောင်းတွေကိုလည်း ထုတ်လွှင့် ပြသတာကြောင့် လူကြိုက်များတာ တွေ့ရပါတယ်။
(၈) Fox News (တန်ဖိုး ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံ)။ Fox Entertainment Group ကနေ ပိုင်ဆိုင်တာ ဖြစ်ပြီး အမေရိကန် အပါအဝင် ကမ္ဘာနဲ့ တလွှားမှာ ကြည့်ရှုသူ ၁၀၂ သန်း ရှိပါတယ်။ တနေ့ကို Live ပြသမှုပေါင်း ၁၅ နာရီ ရှိပါတယ်။ ဘရာဇီး၊ အီတလီ၊ နယ်သာလန်၊ ပါကစ္စတန်၊ နယူးဇီလန်၊ အင်္ဂလန်၊ သြစတြေးလျနဲ့ ကနေဒါတွေမှာ တွဲဖက် ထုတ်လွှင့်မှုတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
(၉) TNT (ဒေါ်လာ ၁၃ ဘီလီယံ)။ Turner Network Television အရှည်ကောက် အမည်ရှိတဲ့ TNT က Time Warner ရဲ့ လက်ခွဲ ကုမဏီ တခုပါ။ Drama ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်မှုနဲ့ အားကစား ကြိုတင်ခန့်မှန်းမှုတွေ ကြောင့် လူကြိုက်များ ပါတယ်။ Warner Brothers, Columbia Pictures, Touchstone Cinemas, New Line Cinema နဲ့ Universal Pictures တွေရဲ့ ဇာတ်ကားတွေကိုလည်း ပြသနေတာ တွေ့ရပါတယ်။
(၁၀) ESPN (တန်ဖိုး ဒေါ်လာ ၂၅ ဒသမ ၆ ဘီလီယံ)။ လက်ရှိ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ရုပ်သံလိုင်းပါ။ အားကစား ဦးစားပေး ထုတ်လွှင့်လိုင်း ဖြစ်ပြီး ၁၉၇၉ ခုနှစ်ကတည်းက လုပ်ငန်းကို တည်ထောင်ခဲ့တာ တွေ့ရပါတယ်။ နေ့စဉ် အားကစား သတင်းတွေ အပြင် သုံးသပ်ချက်တွေ၊ ခန့်မှန်းချက်တွေကြောင့် လူကြိုက်များတာ ဖြစ်သလို Baseball Tonight, Around the Horn, Outside the Lines, Sunday NFL Countdown, College GmeDay, Pardon the Interruption နဲ့ Sports Nation အစီအစဉ်တွေကို လူကြိုက်များတာ တွေ့ရပါတယ်။
Ref: http://www.therichest.com