ပြည်တွင်းမှာတော့ လက်ရှိ Ooredoo, Telenor နဲ့ MPT ဆိုတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေတဲ့ အော်ပရေတာ ၃ ခု အဓိက ရှိပါတယ်။ ဒါက ဖွ့ံ့ဖြိုးဆဲနိုင်ငံ တခုအတွက် ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ နိုင်ငံအလိုက် အော်ပရေတာပေါင်း များစွာကနေ ဆက်သွယ်ရေး စနစ်တွေ ဖြစ်တဲ့ တယ်လီဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ပေးနေတာပါ။ အခု ပြောမှာကတော့ တနှစ်တာကာလ အတွင်း ဝင်ငွေ အများဆုံး ရရှိခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာတွေ အကြောင်း ပြောပြမှာပါ။
(၁) AT&T Inc. (ဝင်ငွေ ဒေါ်လာ ၁၄၆ ဒသမ ၈ ဘီလီယံ) – အမေရိကန် နိုင်ငံ၊ တက္ကဆက် ပြည်နယ်မှာ ရုံးစိုက်ထား တဲ့ ကုမ္ပဏီပါ။ ၂၀၁၅ ခုနှစ် တနှစ် အတွင်း ဈေးကွက် အတွက် ရင်းနှီးငွေ ၂၅၈ ဘီလီယံ ရှိခဲ့ပြီး ဝင်ငွေ ၁၄၆ ဒသမ ၈ ဘီလီယံ ရခဲ့တာပါ။ Direc TV ဆိုတဲ့ Broadband TV ဝန်ဆောင်မှုကြောင့် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပြီး အခုနှစ် အတွင်း ကုမဏီကနေ 5G ကွန်ရက် စနစ်ကို ဝန်ဆောင်မှု ပေးဖို့ ရှိနေတယ် လို့ သိရပါတယ်။ Time Warner Inc. လို ရုပ်သံ ဖြန့်ချိရေး လုပ်ငန်းစုကိုလည်း ဝယ်ယူဖို့ ရှိနေတယ် လို့ သိရပါတယ်။
(၂) Verizon Communications Inc. (ဝင်ငွေ ဒေါ်လာ ၁၃၁ ဒသမ ၆ ဘီလီယံ) – အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် ကုမ္ပဏီပါ။ Broadband နဲ့ ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေပါတယ်။ ဒီကုမဏီက Bell Atlantic Corp. နဲ့ GTE Corp. နှစ်ခု ၂၀၀၀ ခုနှစ်မှာ ပူးပေါင်းပြီး ဖြစ်လာတာပါ။ Vodafone နဲ့ Yahoo! Inc. တွေနဲ့လည်း လုပ်ငန်းတူ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်း ကုမဏီရဲ့ တန်ဖိုး ၂၁၆ ဘီလီယံ ရှိပြီး ၁၃၁ ဒသမ ၆ ဘီလီယံ ဝင်ငွေ ရခဲ့တာပါ။
(၃) China Mobile Ltd. (ဝင်ငွေ ဒေါ်လာ ၁၀၇.၈ ဘီလီယံ) – တရုတ်ပြည်မကြီးရဲ့ ဆက်သွယ်ရေး ဈေးကွက်မျာ ဦးဆောင်သူ ဖြစ်ပြီး ဈေးကွက်ရဲ့ ရာခိုင်နှုန်း ၇၀ထိအောင် ရရှိထားပါတယ်။ ၂၀၁၄ခုနှစ်ကုန်ပိုင်းမှာ သုံးစွဲသူ ၈၀၇သန်း ရှိပြီး ၂၀၁၆ ခုနှစ် မေလမှာ ၈၃၅သန်း ဖြစ်လာခဲ့ပါတယ်။ တန်ဖိုးအနေနဲ့ ဒေါ်လာ ၂၂၈ ဘီလီယံရှိပြီး တရုတ်အစိုးရပိုင် လုပ်ငန်းဖြစ်ကာ လိုအပ်တဲ့ လုံခြုံရေး စနစ်တွေ အတွက် ပုဂ္ဂလိက လုပ်ငန်းတွေကနေ တာဝန်ယူ တွဲဖက် လုပ်ကိုင် နေတာ ဖြစ်ပါတယ်။
(၄) Nippon Telegraph & Telephone Corp (ဝင်ငွေ ဒေါ်လာ ၉၄ ဒသမ ၂ ဘီလီယံ) – ဂျပန်နိုင်ငံ၊ တိုကျိုမှာ ရုံးစိုက်ထား တဲ့ ဂျပန်ဆက်သွယ်ရေး လုပ်ငန်းတခုပါ။ ဂျပန်အစိုးရက လုပ်ငန်းရဲ့ ၃၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ၉၄ ဘီလီယံ တန်ဖိုး ဖြတ်နိုင်ပါတယ်။ ထူးခြားချက်ကတော့ ကုမ္ပဏီက ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးနဲ့ အကြီးမားဆုံး IPOs လုပ်ငန်း လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။
(၅) Deutsche Telekon AG (ဝင်ငွေ ဒေါ်လာ ၇၆ ဒသမ ၈ ဘီလီယံ) – ၁၉၉၆ ခုနှစ်က တည်ထောင် လုပ်ကိုင်နေတဲ့ ဂျာမနီ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီပါ။ ဂျာမနီ အစိုးရက ရှယ်ယာ ၃၁ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ တန်ဖိုး ၈၁ ဘီလီယံ ရှိပါတယ်။ Narrowband သုံးသူ သန်း ၄၀၊ Broadband သုံးသူ ၉ သန်းနဲ့ အင်တာနက် ချိတ်ဆက် သုံးသူ ၁၄ သန်းကို ဝန်ဆောင်မှု ပေးနေတာပါ။
(၆) SoftBank Group Corp (ဝင်ငွေ ဒေါ်လာ ၇၄ ဒသမ ၇ ဘီလီယံ) – တိုကျိုမှာပဲ ရှိတဲ့ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီ တခုပါ။ အမေရိကန် အခြေစိုက် Sprint Coporation ကနေ ရာခိုင်နှုန်း ၈၀ ပိုင်ဆိုင်ထားပါတယ်။ ဂျပန်မှာ Yahoo, Alibaba Group နဲ့ Morningstar တွေကို လက်ခွဲ လုပ်ကိုင်နေတာပါ။ တန်ဖိုး ၈၀ ဘီလီယံ ရှိပါတယ်။ Apple နဲ့ နည်းပညာပူးပေါင်းပြီး ၁ ဘီလီယံဖိုး ထပ်မံ ရင်းနှီးမြှပ်နှံဖို့ ရှိနေတာလည်း ဖြစပါတယ်။
(၇) Vodafone Group Plc (ဝင်ငွေ ဒေါ်လာ ၆၄ ဒသမ ၅ ဘီလီယံ) – လန်ဒန်မှာ အခြေစိုက်ထားတဲ့ အင်္ဂလန် ဆက်သွယ်ရေး ကုမ္ပဏီပါ။ လုပ်ငန်းရဲ့ သက်တမ်း ၂၆ နှစ် ရှိပါပြီ၊ လက်ရှိ ကမ္ဘာ့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ဝန်ဆောင်မှု ပေးနေပြီး သုံးစွဲသူ သန်း ၄၀၀ ကျော် ရှိပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှ ပစိဖိတ်ဒေသတွေကို ဈေးကွက် နေရာ ရထားတာပါ။ တန်ဖိုး ၆၇ ဘီလီယံရှိပါတယ်။ Verizon Wireless မှာ ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါ သေးတယ်။
(၈) America Movil SAB de CV (ဝင်ငွေ ဒေါ်လာ ၅၆ ဒသမ ၃ ဘီလီယံ) – တန်ဖိုး ဘီလီယံ ၄၀ ရှိတဲ့ လက်တင် အမေရိက ဈေးကွက်ကို ဦးဆောင်နေတဲ့ ဆက်သွယ်ရေး ကုမ္ပဏီပါ။ မက္ကဆီကို အခြေစိုက် ဒီကုမ္ပဏီက ၂၀၁၆ ခုနှစ် မှာတင် ကြိုးမဲ့ဖုန်း သုံးသူ ၂၈၃ သန်း၊ ကြိုးဖုန်း ၃၃ သန်း၊ Broadband သုံးသူ ၂၆ သန်း၊ PayTV သုံးသူ ၂၂ သန်းကို ဝန်ဆောင်မှု ပေးနေတာပါ။ မက္ကဆီကိုရဲ့ ဆက်သွယ်ရေး ဈေးကွက် ၆၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
(၉) China Telecom Corporation Limited (ဝင်ငွေ ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံ) – တရုတ်အစိုးရပိုင် လုပ်ငန်း ဖြစ်ပြီး တရုတ်ပြည်တွင်း ကြိုးဖုန်းဝန်ဆောင်မှု အပိုင်းမှာ အကြီးဆုံး ဖြစ်ပါတယ်။ အကြီးဆုံး Wi-Fi Braodband စနစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကြိုးမဲ့ Broadband သုံးသူ ၁၉၇ ဒသမ ၉ သန်း ရှိပါတယ်။ 4G ကွန်ရက်စနစ် လည်း ဝန်ဆောင်မှု ပေးနေပြီး သုံးစွဲသူ ၅၈ ဒသမ ၄၆ သန်း ရှိနေတာပါ။ တန်ဖိုး ၃၇ ဒသမ ၈ ဘီလီယံ ရှိပါတယ်။
(၁၀) Telefonica S.A. (ဝင်ငွေ ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံ) – စပိန် အခြေစိုက် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်ပြီး ဥရောပ၊ အာရှ၊ တောင်၊ မြောက်နဲ့ ဗဟို အမေရိကနယ်တွေမှာ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ လုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံ ရှိပြီး ကမ္ဘာနဲ့ အဝှမ်းသုံးစွဲသူ သန်း ၃၀၀ ရှိပါတယ်။ တန်ဖိုး ဒေါ်လာ ၄၉ ဘီလီယံ ရှိပါတယ်။
Ref: www.insidermonkey.com