အာရှထုတ် မော်ဒယ်တွေရဲ့အဓိက အားသာချက်ဖြစ်တဲ့ ဆီစားနှုန်း ချိုသာကောင်းမွန်မှုကိုပဲ ဦးစားပေးထုတ် လုပ် ထားတဲ့ မော်ဒယ်တခု ဖြစ်ပြီး သူက Honda နဲ့ Nissan တွေရဲ့ တန်ကြေးနည်း ဆီဒင်မော်ဒယ်တွေကို ဈေးကွက်အသာစီး ရအောင် ထုတ်လုပ်လာတဲ့ ၂၀၁၇ထုတ် Yaris iA ဖြစ်ပါတယ်။
Toyotaရဲ့ လက်ခွဲ Scionရဲ့ iA မော်ဒယ်ကို အခုနှစ်မော်ဒယ်အတွက် ဆက်လက် ထုတ်လုပ်ခြင်းမရှိတော့တာကြောင့် Toyota ရဲ့မော်ဒယ်အဖြစ် ပြောင်းလဲထုတ်လုပ်လာခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်ထွက် Scion iA နဲ့ စာရင် သိသာတဲ့ ပြောင်းလဲ အဆင့်မြှင့်တင်ထားမှုတော့ သိပ်မတွေ့ရပါဘူး။
ပေးချေရတဲ့ တန်ဖိုးထက် ပိုမို သာလွန်ကောင်းမွန်တဲ့ နည်းပညာတွေကို သုံးနိုင်အောင် ထည့်သွင်းထားတာ တွေ့ရပါတယ်။ တန်ကြေးသင့် မော်ဒယ်တွေမှာ အများဆုံး တွေ့ရတဲ့ အချက်ပြစနစ်နဲ့ အသက်ကယ်စနစ်လို အပိုင်းတွေကို အများဆုံးတွေ့ ရပါတယ်။
လက်ကိုင်ပိုင်းမှာလည်း တည်ငြိမ်ကောင်းမွန်တာ တွေ့ရပြီး မြို့တွင်းသုံး မော်ဒယ်အဖြစ် ထုတ်လုပ်ထားတဲ့ နေရာမှာ ပေါ့ပါး သွက်လက်တဲ့ လက်ကိုင်စနစ်ကို သုံးနိုင်မှာလည်း ဖြစ်ပါတယ်။
အတွင်းခန်းက ဆွဲဆောင်မှု ကောင်းလာပါတယ်၊ ဒီဇိုင်းပိုင်းက လူငယ်ဆန်ဆန် ဖြစ်ပြီး အသုံးပြုတပ်ဆင်ထားတဲ့ ဆက်စပ် ပစ္စည်းတွေရဲ့ အရည်အသွေးက စိတ်တိုင်းကျစရာပါ။
နောက်ဆုံး သဘောကျစရာ အကောင်းဆုံးအချက်က ဆီစားနှုန်းဖြစ်ပြီး တန်းတူပြိုင်ဖက်တွေကို ကောင်းကောင်း နောက် ကောက်ချထားနိုင်တာ တွေ့ရပါတယ်။
ဒါပေမယ့် ကိုယ်ထည် အလတ်စားမော်ဒယ်အဖြစ် ထုတ်လုပ်ထားမှုအပိုင်းမှာ နောက်ဘက်ခရီးသည်ခန်း ကျဉ်းချင်နေပြီး ဒီအချက်က ခရီးဝေးမောင်းနှင်မှုအတွက် စိတ်ကြိုက် မဖြစ်စေပါဘူး။ ပြီးတော့ ရှေ့ဘက်ခရီးသည်ခန်းအတွက်လည်း ယာဉ်မောင်းထိုင်ခုံနဲ့ အခန်းရဲ့ဖွဲစည်းပုံက အရပ်ရှည်တဲ့သူတွေအတွက် အဆင်မပြေစေနိုင်ပါဘူး။ အမိုးပိုင်း နိမ့်အောင် ဖန်တီးထားခြင်းရဲ့ ရလဒ်လို့ ဆိုရမှာပါ။
Scion iA လို့ လူသိများတဲ့ မော်ဒယ်ကို Toyota ရဲ့ အမှတ်တံဆိပ်အောက်မှာ ထားရှိ ထုတ်လုပ်လာခြင်း ဖြစ်ပြီး Scion iA ကတော့ အခုနှစ်မှာ ဆက်လက် ထုတ်လုပ်ခြင်း မရှိတော့တာ တွေ့ရပါတယ်။
အရင်နှစ်က မော်ဒယ်နဲ့စာရင် သိသာပြောင်းလဲတဲ့ အဆင့်မြှင့်တင်မှု မရှိတာကြောင့် Scion iA အကြောင်းသိတဲ့သူတွေ အတွက် အသားကျပါလိမ့်မယ်။
မော်ဒယ်ခွဲ ရွေးချယ်နိုင်အောင် ထုတ်လုပ်မှု မရှိပါဘူး။ ၁၆လက်မ အရွယ်ဘီးတွေ တပ်ဆင်ထားတယ်၊ Keyless စနစ်နဲ့ သုံးနိုင်မယ်၊ အလိုအလျောက် အကူအညီပေး ဘရိတ်စနစ်ပါမယ်၊ တပ်ဆင် ပစ္စည်း အစုံထည့်ထားမယ်၊
Telescoping လက်ကိုင်ဘီးစနစ်နဲ့ ဖြစ်မယ်၊ နောက်ဘက် ခရီးသည်ထိုင်ခုံတန်းကို ခေါက်သိမ်းနိုင်အောင် ဖန်တီးထားမယ်၊ ၇ လက်မအရွယ် ဖျော်ဖြေရေး ပြသမျက်နှာပြင်စနစ်ပါမယ်၊ Bluetooth စနစ်နဲ့ သုံးနိုင်မယ်၊ Speaker ၆လုံး ထိုင်ထားတယ်၊ USB ပေါက်နဲ့အသံ အသိအမှတ်ပြုစနစ်ပါတယ်။
ဂြိုလ်တု အချက်ပြမြေပုံစနစ်ပါ သုံးနိုင်မယ်၊ အင်ဂျင်စနစ်က ၁.၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထား တာတွေ့ရပြီး သူက ရုန်းအား ၁၀၃ပေါင်-ပေမှာ မြင်းကောင်ရေ ၁၀၆ကောင် အားထွက်ရှိမှာပါ။
ဂီယာပိုင်းမှာတော့ Manual နဲ့လည်း ရနိုင်သလို Auto နဲ့လည်း လာပါတယ်။ ၆ချက်သုံးတွေပဲ ဖြစ်ပါတယ်။ ဆီစားနှုန်းမှာ တော့ တဂါလံကို ၃၅မိုင်လောက်ထိအောင် ပျမ်းမျှ စီးနင်းနိုင်မှာ ဖြစ်ပြီး တန်းတူ မော်ဒယ်တွေထက် အထူးပဲ ဆီစားနှုန်း နည်းပါးတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ တန်ကြေးနည်း မော်ဒယ်အဖြစ် Vios ကို တင်သွင်းရောင်းချနေတာ တွေ့ရပြီး Yaris အချို့လည်း တင် သွင်းစီးနင်းမှု ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် Belta လို အသေးစား တန်ကြေးနည်း မော်ဒယ်ကိုပဲ အစီးများသလို Yaris ကတော့ Used အဖြစ် အဝင်နည်းတာလည်း တွေ့ရပါတယ်။
နိုင်ငံတကာဈေးကွက်မှာတော့ Yaris iA ကို ဒေါ်လာ ၁၆၈၃၅ နဲ့ ရောင်းချနေတာ တွေ့နိုင်ပြီး မော်ဒယ်ခွဲ မရှိပေမယ့် Auto နဲ့ဆိုရင်တော့ ဈေးနည်းနည်း ပိုပါလိမ့်မယ်။
Ref: www.edmunds.com