• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မျက်စိကို ထိခိုက်မှု မရှိအောင် ဖုန်း အသုံးပြုနည်း

by သက်နိုင်ဦး(UCSL)
3 April 2017
in စီးပွားရေး
A A
မျက်စိကို ထိခိုက်မှု မရှိအောင် ဖုန်း အသုံးပြုနည်း
8.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ လက်ရှိ ဖုန်းအသုံးပြုမှုနှုန်းက တရိပ်ရိပ် တိုးတက်မြင့်မားလျက် ရှိနေပါတယ်။ အထူးသဖြင့် Facebook လို Social Media တွေကို ဖုန်းနဲ့ပဲ အများဆုံး သုံးစွဲပါနေပါတယ်။ မြင်ကွင်း သေးသေးနဲ့ မျက်စေ့ရဲ့ အားကို အထူး စိုက်ထုတ်ရတာကြောင့် နည်းစနစ် တကျ မသုံးရင် ရေရှည်မှာ မျက်လုံးကို ဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဖုန်းအသုံးများသူတွေ အတွက် မျက်လုံးကို ထိခိုက်မှု နည်းစေမယ့် နည်းလမ်း ကောင်းလေးတွေ ပြောပြချင်ပါတယ်။

(၁) မျက်တောင် မကြာ ခဏ ခတ်ပါ၊ ခဏ ခဏ ခတ်ပါ။ ဖြစ်နိုင်ရင် တစက္ကန့်မှာ တကြိမ် မျက်တောင် ခတ်ပေးရင် အကောင်းဆုံးပါ။ မျက်လုံးပေါ်မှာ စိုစွတ်မှုကို အမြဲဖြစ်နေစေမှာ ဖြစ်ပြီး မျက်သား ခမ်းခြောက်မှု ကြောင့် ဖြစ်တဲ့ မျက်လုံးယားယံခြင်းနဲ့ နောက်ဆက်တွဲ မျက်လုံးကို ပွတ်ပါများလို့ မျက်ကြောနာခြင်းတွေကိုပါ ကာကွယ် ပေးနိုင်မှာပါ။ ပြီးတော့ မျက်တောင်ခတ်ခြင်းဟာ မျက်လုံးကိုပါ အားကောင်းစေတယ် လို့ နောက်ပိုင်း လေ့လာမှုတွေ အရ သိရပါတယ်။

RelatedPosts

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
488
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
1.3k
Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

6 July 2025
340

(၂) မှန်မကွဲ စတစ်ကာ တပ်ဆင် အသုံးပြုပါ။ မှန်မကွဲ စတစ်ကာက ဖုန်းရဲ့ ပြသ မျက်နှာပြင်ကို တိုက်ရိုက် မထိခိုက်အောင် ကာကွယ်ပေးတဲ့ အပြင် မျက်နှာပြင်ကနေ ထွက်ရှိလာတဲ့ ရောင်ခြည်ကိုပါ မှန်မကွဲ စတစ်ကာက ကာကွယ်ပေးနိုင်ပါတယ်။ ဖုန်းကနေ မျက်လုံးကို တိုက်ရိုက် ရောင်ခြည်ကျရောက်မှု လျော့နည်းအောင် မှန်မကွဲ စတစ်ကာ တပ်ဆင် အသုံးပြုဖို့ လိုအပ်ပါတယ်။

(၃) ဆက်တိုက်ကြည့်ရှု အသုံးပြု တာမျိုး မလုပ်ပါနဲ့။ ဂိမ်းကစားတာပဲ ဖြစ်ဖြစ်၊ စာဖတ်တာပဲ ဖြစ်ဖြစ်၊ Chat တာပဲ ဖြစ်ဖြစ် ခဏတော့ နားလို့ ရပါတယ်။ ဖုန်းကို တဆက်တည်း မသုံးပါနဲ့။ ဖုန်းကို မိနစ် ၂၀ ခန့် သုံးပြီးတိုင်း စက္ကန့် ၂၀ ကြာအောင် ပေ ၂၀ အကွာဝေး ဝန်းကျင်က အရာတခုခုကို လှမ်းကြည့် နေလိုက်ပါ။ အဲဒီ အချိန်မှာ ဖုန်းကိုလည်း အနားပေးပြီး ပိတ်ထားလိုက်ပါ။ ဒီလို အနားပေးမှုကို 20/20/20 နည်းလို့ ခေါ်ပြီး အကောင်းဆုံး အနားပေး ဖုန်းအသုံးပြုမှု ပုံစံ အဖြစ် သတ်မှတ်ထားပါတယ်။

(၄) အလင်းဖြာနှုန်းကို ချိန်သုံးပါ။ အလင်းထွက်နှုန်း အရမ်းများနေရင်၊ အရမ်းနည်းနေရင် နည်းကျတဲ့ အသုံးပြုမှု မဖြစ်နိုင်ပါဘူး။ တချို့က လင်းနေရင် ပိုကောင်းတယ် ထင်ပြီး အလင်းဖြာနှုန်းကို အမြင့်ဆုံး ထားရှိ အသုံးပြု ပါတယ်၊ တချို့က အားကုန်သက်သာအောင် မှိန်ပြီး သုံးပါတယ်၊ အကောင်းဆုံးက ပြင်ပ အလင်းနဲ့ အတူတူ လောက် ဖြစ်မယ့် အလင်းဖြာနှုန်း ထားသုံးပါ၊ Auto Brightness ထားရှိ အသုံးပြု လို့လည်း ရပါတယ်။

(၅) စာလုံးတွေကို မျက်လုံးနဲ့ အနေတော် ထားရှိ အသုံးပြုပါ – ဖုန်းတလုံးမှာ သူ့ရဲ့ စနစ် စာလုံးနဲ့ ဖော်ပြ စာလုံးတွေကို အကြီး၊ အသေး ချိန်နိုင်တဲ့ စနစ် ပါရှိပါတယ်။ မိမိ မျက်လုံးနဲ့ ကောင်းကောင်း မြင်နိုင်မယ့် စာလုံးမျိုုး ထားရှိ အသုံးပြုပါ။ စာပိုဒ်တခု၊ စာစု တခုကို တခါတည်း မြင်ရအောင် ရည်ရွယ်ပြီး စာလုံး သေးသေး ပုံစံနဲ့ ထားရှိ အသုံးပြုခြင်း မလုပ်ပါနဲ့။

(၆) ဖုန်းမျက်နှာပြင်ကို သန့်ရှင်းအောင် ထားရှိ အသုံးပြုပါ။ ဖုန်းရဲ့ မျက်နှာပြင်မှာ ဖုန်တွေ၊ အစွန်းအထင်းနဲ့ ခြစ်ရာတွေ ရှိနေတတ်ပါတယ်။ မှန်မကွဲလို အကာအကွယ် တပ်ထားတဲ့ ဖုန်းတွေမှာ ခြစ်ရာတွေ များနေရင် အသစ် လဲပါ။ ဖုန်နဲ့ အညစ်အကြေးတွေကို အဝတ်သန့် အခြောက်နဲ့ သုတ်ပေးပါ၊ ရေစို အဝတ်သားနဲ့ မသုတ်ပါနဲ့။ လက်ဗွေရာမျိုးတွေ ထင်မနေအောင် သန့်ရှင်းပါစေ။

(၇) အနေတော် အကွာအဝေးကနေ ကြည့်ရှု အသုံးပြုပါ။ လူအများစုက ဖုန်းကို ၈ လက်မ ဝန်းကျင် အကွာအဝေးလောက် ထားရှိ အသုံးပြုကြပါတယ်။ ဒီတချက်က မကောင်းပါဘူး။ ဖုန်းကနေ ထွက်ရှိတဲ့ ရောင်ခြည် ကျရောက်မှု များစေနိုင်ပါတယ်။ အကောင်းဆုံးက မျက်လုံးကနေ ၁၆ လက်မကနေ ၁၈ လက်မ အတွင်း ထားရှိ အသုံးပြုပါ။ အထက်မှာ ပြောခဲ့တဲ့ 20/20/20 ပုံစံ အတိုင်း မမေ့ဖို့လည်း သတိပြုပါ။

Ref: www.entrepreneur.com

Your Thoughts …
Tags: ဖုန်း
သက်နိုင်ဦး(UCSL)

သက်နိုင်ဦး(UCSL)

...

Similar Picks:

ကျားဖြန့်သုံး ဆက်စပ်ပစ္စည်းတွကို တရုတ်ပြန်တောင်း (ရုပ်/သံ)

ကျားဖြန့်သုံး ဆက်စပ်ပစ္စည်းတွကို တရုတ်ပြန်တောင်း (ရုပ်/သံ)

by ဧရာဝတီ
13 March 2025
440

ကရင်ပြည်နယ် မြဝတီမြို့က ကျားဖြန့်နှိမ်နင်းရေးမှာ သိမ်းဆည်းရမိထားတဲ့ စက်ပစ္စည်းတွေကို တရုတ်နိုင်ငံကိုပေးဖို့ တောင်းဆိုလာတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။

 ဖုန်းအသုံးပြုမှုများတဲ့ ကလေးတွေဟာ မှတ်ဉာဏ်အားနည်းလာနိုင်ပါတယ်

ဖုန်းကနေထွက်ရှိတဲ့ အပြာရောင်အလင်းတွေဟာ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ကို ထိခိုက်စေနိုင်

by ဟယ်လ်သင်
31 August 2019
16.6k

အခုနောက်ပိုင်းမှာဆိုရင် ကလေးတွေဟာ လွတ်လွတ်လပ်လပ် ဆော့ကစားတာမျိုးထက် ဖုန်း၊ Tablet နဲ့ တီဗီ စတဲ့ နည်းပညာပစ္စည်းတွေပေါ်မှာ အချိန်ကုန်ဆုံးမှုဟာ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်းများ

သမိုင်းတလျှောက် ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ မျိုး

by Nigma
3 July 2018
9k

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စမတ်ဖုန်းအဖြစ် လက်ရှိအချိန်ထိ နံပါတ်တစ် နေရာမှာ ရပ်တည်နေတဲ့ ဖုန်းကတော့ Nokia 1100 ဖြစ်ပါတယ်။

ဖုန်းစွဲလမ်းခြင်းဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အများဆုံး တွေ့ရလေ့ရှိ ပါတယ်

သက်ရှည်ကျန်းမာချင်ရင် ညအိပ်ချိန်ဖုန်းကို ကိုယ်နဲ့အဝေးမှာထားဖို့ ဆေးပညာရှင်တွေ အကြံပြု

by ဟယ်လ်သင်
16 November 2019
17.7k

အိပ်ရာမဝင်ခင် ဖုန်းသုံးခြင်းဟာ စိတ်ခံစားမှုတွေကို အနှောင့်အယှက် ဖြစ်စေတာကြောင့် စိတ်ပိုင်းဆိုင်ရာကို ရေရှည်မှာ ထိခိုက်လာစေနိုင်ပါတယ်။

ဦးနှောက်ကို ထိခိုက်မှုမရှိစေဖို့ ဖုန်းပြောတဲ့အခါ ဘယ်ဘက်နားရွက်ကို အသုံးပြုသင့်လဲ

ဦးနှောက်ကို ထိခိုက်မှုမရှိစေဖို့ ဖုန်းပြောတဲ့အခါ ဘယ်ဘက်နားရွက်ကို အသုံးပြုသင့်လဲ

by ဟယ်လ်သင်
29 April 2019
15.4k

လေ့လာမှုတွေအရ ဆိုရင်တော့ ဖုန်းကနေထွက်တဲ့ ရေဒီယိုဓာတ်ရောင်ခြည်တွေဟာ ဦးနှောက်အပေါ် သက်ရောက်ပြီး ရေရှည်မှာ ဦးနှောက်ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် ဘယ်နားရွက်ကို အသုံးပြုသင့်လဲဆိုတာဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။

ဖုန်းနဲ့ ကွန်ပျူတာ နေ့စဉ် အသုံးပြုသူတွေဟာ Sunscreen မဖြစ်မနေ လိမ်းသင့်ပါတယ်

ဖုန်းနဲ့ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ နေရောင်ကာခရင်မ် မဖြစ်မနေ လိမ်းသင့်

by ဟယ်လ်သင်
25 August 2019
6.9k

ခရမ်းလွန်ရောင်ခြည်တွေနဲ့ မတူညီတာ တခုကတော့ ဖုန်းနဲ့ ကွန်ပျူတာတို့ကနေ ထွက်တဲ့ Blue Ray တွေဟာ အရေပြားကင်ဆာကိုတော့ မဖြစ်စေနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

Next Post
အမျိုးသမီးအသက်မွေး အတတ်ပညာသင်ကျောင်းဝင်းအတွင်း ရွှေချည်ထိုးလုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ / ကောင်းမြတ်မင်း / ဧရာဝတီ

မန္တလေးမြို့အမျိုးသမီးအသက်မွေးပညာသင်ကျောင်း သန့်ရှင်းသောရေ ရှရှိမှုလိုအပ်နေ

ချောင်းဆုံမြို့နယ်၌ မဲပေးနေသည့် ပြည်သူ တဦး / ဟင်္သာနီ (မွန်မြေ)

နိုင်ငံရေး သိက္ခာဆယ်ပွဲ သို့မဟုတ် ချောင်းဆုံ ကြားဖြတ်ရွေးကောက်ပွဲ နောက်ကွယ်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.6k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

7 days ago
6.5k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate