Huaweiရဲ့ Tablet မော်ဒယ်သစ် Huawei MediaPad T2 7.0 Pro က ၇ လက်မ အရွယ်ဖြစ်ပြီး အရမ်းကြီး ကြီးမနေသလို ပါးလွှာမှု၊ ပေါ့ပါးမှုနဲ့ ရုပ်ထွက်တွေက သင့် စိတ်ကြိုက် ဖြစ်မှာပါ။ Facebook အသုံးများသူနဲ့ အထူး သင့်တော်တယ်လို့ ဆိုရမှာပါ။ GSM နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်ပြီး အလေးချိန်က ၂၅၀ ဂရမ်လေးပါတယ်။ ဘက်ထရီပိုင်းမှာလည်း သက်တမ်းရှည်ကြာ သုံးနိုင်အောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။
ပြသမျက်နှာပြင်စနစ်က LPTS IPS LCD စနစ် ဖြစ်ပြီး၊ အလင်းဖြာနှုန်းရော ကြည်လင် ပြတ်သားမှုရော ကောင်းပါတယ်။ 1080x1920p နှုန်းရုပ်ထွက်ထိအောင် ပြသပေးနိုင်မှာပါ။ အသုံးပြု OS ကတော့ Android ဖြစ်ပြီး သူက v5.1 ဖြစ်လို့ နောက်ထွက် Version မဟုတ်ပါ။
Chip အထိုင်က Snapdragon 615 ဖြစ်ပြီး Octa Core နဲ့ ဖြစ်ပါတယ်။ အမြန်နှုန်း 1.2 GHz ရှိပါတယ်။ GPU အတွက် Adreno 405 ကို ထည့်ထားတာ တွေ့ရပါတယ်။ Internal Memory အပိုင်းမှာတော့ 2GB နဲ့ 3GB နှစ်မျိုး ရနိုင်သလို Internal ကလည်း 16 GB နဲ့ 32 GB နှစ်မျိုး ရနိုင်ပါတယ်။
ကင်မရာပိုင်းမှာလည်း နောက်ဘက် ပင်မ ကင်မရာကို 13 MP နှုန်းရှိအောင် ဖန်တီးထားသလို ရှေ့ဘက် အကူ ကင်မရာမှာလည်း 5 MP ရှိလို့ Tablet တလုံး အတွက် ကင်မရာစွမ်းဆောင်ရည်တွေက စိတ်ကြိုက် အနေအထားပါပဲ။ Touch Focus စနစ်ကိုလည်း သုံးနိုင်မယ်၊ Panoramaလည်း ရိုက်နိုင်မယ်။ ဒါဆိုရင် အပျော်ခရီးထွက်ချိန်မှာပါ ကင်မရာနဲ့ ပုံကောင်းကောင်းတွေ ရိုက်နိုင်ဖို့ အဆင်ပြေပါလိမ့်မယ်။
အားသွင်းဖို့နဲ့ ကွန်ပျူတာနဲ့ ချိတ်ဖို့ micro USB 2.0 ထည့်ထားပါတယ်။ ချိတ်ဆက် ကြည့်သလောက် အားသွင်းနှုန်း သင့်ပြီး ချိတ်ဆက်နိုင်မှုနှုန်း ကောင်းပါတယ်။ Wi-Fi လည်း ရမယ်၊ Hotspot လည်း ရိုက်နိုင်မှာပါ။ Fingerptint နဲ့လည်း Lock နိုင်ပါလိမ့်မယ်။
ဘက်ထရီကတော့ အသေတပ်ဆင်ထားတဲ့ 4360 mAh အားထိန်းနိုင်တဲ့ Li-Po ဘက်ထရီမျိုး ဖြစ်ပြီး အဖြူနဲ့ ရွှေရောင်တွေ အဖြစ် ရနိုင်တာ တွေ့ရပါတယ်။ ဈေးနှုန်းက ကျပ် ၂၅၉၀၀၀ပဲ ရှိလို့ တန်ကြေးနည်း Tablet တလုံး အနေနဲ့ စိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်ပါပဲ။
Ref: www.gsmarena.com