ကျနော်တို့ ပြည်တွင်းမှာလည်း နွေရာသီရောက်ပြီဆိုရင် ရာသီဥတု အပူချိန် မြင့်တက်လာမှုနဲ့ အတူ မော်တော်ကား ထိန်းသိမ်းစစ်ဆေးမှုဆိုင်ရာ အားနည်းမှု၊ မောင်းနှင်မှုပုံစံ အားနည်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေ အတွင်းကနေ စတင်ပြီး ကားမီးလောင်ခြင်း ဖြစ်ရပ်တွေ တွေ့လာရပါတယ်။
အခု ကျနော်က ကားမီးလောင်ခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာတချို့ကို ပြောပြချင်ပါတယ်။
(၁) ကားမီးလောင်ခြင်းကို Vehicle Fire ဒါမှမဟုတ် Car Fire ဒါမှမဟုတ် Auto Fire အဖြစ် ခေါ်ကြပါတယ်။
(၂) ကားတစီးမှာ မီးလောင်ကျွမ်းနိုင်စရာ လောင်စာတွေနဲ့ပဲ အင်ဂျင်လည်ပတ်မောင်းနှင်နေတာ ဖြစ်ပြီး လောင်စာပိုင်း ချို့ ယွင်းချက် ရှိတာနဲ့ ကားမီးလောင်နိုင်ပါတယ်။
(၃) ဆီယိုစိမ့်မှု၊ မီးပွင့်စနစ် အားနည်းချက်၊ ဘက်ထရီပိုင်း အားနည်းချက်၊ ဝါယာကြိုးပိုင်းဆိုင်ရာ အားနည်းချက်၊ အပူချိန် မြင့်မားမှု၊ အင်ဂျင်အအေးခံစနစ်ဆိုင်ရာ အားနည်းချက် စသဖြင့် ပုံမှန် စစ်ဆေးပေးမှု အားနည်းခြင်း၊ အရည်အသွေး အား နည်းနေတဲ အစိတ်အပိုင်းတွေကို ဆက်လက်သုံးစွဲခြင်း၊ ပြင်ဆင်မှု မရှိခြင်းတွေကြောင့် မောင်းနှင်နေရင်း ကားမီးလောင်နိုင် ပါတယ်။
(၄) အမေရိကန် တနိုင်ငံတည်းမှာတင် တနှစ်ကို ကားအစီးရေ ၂ သိန်း ၈ သောင်းကျော် မီးလောင်မှု ရှိနေပြီး လူ ၄၈၀ခန့် သေဆုံးနေပါတယ်။
(၅) မောင်းနှင်နေရင်း ကားမီးလောင်ပြီဆိုတာ သိတာနဲ့ အချက်ပြမီး ချက်ချင်းပြပြီး လမ်းဘေးမှာ ကားကို ရပ်နားပါ၊ အင် ဂျင်ကို စက်သတ်လိုက်ပါ၊ ကားပေါ်ကနေ လိုက်ပါလာသူ အားလုံး အမြန်ဆုံး ဆင်းသက်ပါ။
(၆) မီးလောင်နေတဲ့ ကားနဲ့ အမြန်ဆုံး ဝေးနိုင်သမျှ ဝေးအောင် ထွက်ပြေးပါ၊ မီးလောင်နေတဲ့ ကားရဲ့လေအောက်အရပ်မှာ မနေပါနဲ့။
(၇) ကားမီးလောင်မှုနဲ့အတူ အနံ့ဆိုးတွေအပြင် အဆိပ်အတောက်ဖြစ်စေမယ့် ဓာတ်တွေလေထုထဲ ပါရှိလာနိုင်လို့ ဖြစ်ပါတယ်၊ ကားအင်ဂျင်ခန်း ရှေ့တည့်တည့်မှာ ရပ်မနေ၊ ရပ်မကြည့်ပါနဲ့။
(၈) အင်ဂျင်ခန်းပေါက်ကွဲမှုအပေါ် မူတည်ပြီး စက်ဖုံးပွင့်ထွက်လာနိုင်သလို အင်ဂျင်ခန်း အစိတ်အပိုင်းတွေ လွင့်ထွက်ထိ မှန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
(၉) လမ်းမပေါ်မှာ အခြားကားများကိုလည်း ကားမီးလောင်နေကြောင်း သတိပေးပါ။ အရေးပေါ်မီးသတ်နဲ့ ကယ်ဆယ်ရေးကို ဆက်သွယ်ခေါ်ဆိုပါ။ မိမိကိုယ်တိုင် ကားမီးသတ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။
Ref: www.wikipedia.com