နေ့စဉ် သုံးနေတဲ့ စမတ်ဖုန်းတွေမှာ ပါရှိတဲ့ ပြသမျက်နှာပြင်စနစ်ဟာ ထုတ်လုပ်တဲ့ ကုမ္ပဏီ အပေါ် မူတည်ပြီး အသုံးပြုထားတဲ့ စနစ် ကွဲပြားပါတယ်၊ android, iOS နဲ့ BlackBerry ဆိုတဲ့ OS စနစ်တွေ ကွဲပြားသလို ပြသ မျက်နှာပြင် စနစ်လည်း ကွဲပြားနိုင်ပါတယ်။ ဒီလို ကွဲပြားတဲ့ စနစ်တွေ အကြောင်း သိထားရအောင် ပြောပြချင်ပါတယ်။
(၁) TFT LCD – Thin Film Transistor လို့ အရှည်ကောက် ခေါ်တဲ့ စနစ်ပါ။ ရုပ်ထွက် ကောင်းပါတယ်၊ ဒါပေမယ့် တစောင်းကြည့်ရင် ဝါးသွားစေပါတယ်၊ နေရောင်အောက် တိုက်ရိုက်ကြည့်ရင် ကြည့်မကောင်းတော့ပါဘူး၊ ဒါပေမယ့် ဒီစနစ်က ဈေးချိုလို့ အများစုက အသုံးပြု ကြပါတယ်။
(၂) IPS LCD – TFT စနစ်ထက် ပိုကောင်းလာပါတယ်၊ စွမ်းအင်စား နည်းလာတယ်၊ တစောင်းကြည့်နိုင်မှု ပိုုအားကောင်းလာတယ်၊ iPhone 4 မှာ သုံးထားတာ တွေ့နိုင်ပါတယ်။ 640×960 p နှုန်း ရုပ်ထွက်ကို ပေးနိုင်လာ ပါတယ်။
(၃) Resistive Touchscreen LCD – Resistive နဲ့ Capacitive ဆိုပြီး အဓိက ၂ မျိုး ရှိတဲ့ထဲက အခု Resistive ဆိုတာက အလွှာပါး နှစ်ခု ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ပါ။ တုန့်ပြန်မှု အပိုင်းမှာ Touch နဲ့ ပတ်သတ်ပြီး အားနည်းလို့ အသုံးပြုသူ နည်းပါတယ်၊ တန်ဖိုးနိမ့် ဖုန်းတွေမှာ အသုံးများပါတယ်။
(၄) Capacitive Touchscreen LCD – ဒီစနစ်က အလွှာနှစ်ခု ပေါင်းလုပ်တဲ့ Resistive လို အလုပ် လုပ်ပုံ မဟုတ်တော့ဘဲ မှန်သားကို ထိလိုက်တာနဲ့ လျှပ်စစ်စက်ကွင်း ပေါ်လာပြီး Tocuh ဖြစ်မှန်း ချက်ချင်း သိစေပါတယ်။ ဒီစနစ်ကို တန်ဖိုးမြင့်နဲ့ တန်ဖိုးသင့် ဖုန်းတွေမှာ အများဆုံး သုံးကြပါတယ်။
(၅) OLED – Organic Light Emitting Diode အမည်ရှိ ဒီစနစ်က ဖုန်းတွေမှာရော မော်နီတာတွေမှာပါ သုံးကြပါ တယ်။ ကာဗွန်အခြေခံ ဖန်တီးမှုနဲ့ ဖြစ်ပြီး Cathode, Anode, Seal နဲ့ Substrate တွေ အသုံးပြု ဖန်တီးမှု အပေါ်ကို မူတည်ပြီး အလင်းဖြာနှုန်းနဲ့ အရောင်ထွက်နှုန်း ကွဲပြားစေနိုင်တာ တွေ့ရပါတယ်။ LCD တွေထက် အရောင်ထွက်၊ တုံ့ပြန်နှုန်း၊ တစောင်းကြည့်နိုင်မှု၊ အလင်းဖြာနှုန်း၊ အလေးချိန် အားလုံး ပိုပေါ့ပါးပြီး ပိုကောင်းလာပါတယ်။
(၆) AMOLED – Active-Matrix Organic Light Emitting Diode အမည်နဲ့ ဒီစနစ်က အဆင့်မြင့်ဖုန်းတွေမှာ သုံးတဲ့ စနစ်ပါ။ OLED စနစ်ကို အဆင့့်မြှင့်ထားတာ ဖြစ်ပြီး အလင်းဖြာနှုန်း ပိုကောင်းလာတယ်၊ အလေးချိန် ပိုပေါ့လာတယ်၊ ဘက်ထရီ သက်တမ်း ပိုကောင်းလာစေတယ်၊ ကြည်လင် ပြတ်သားနှုန်းပါ ပိုကောင်းလာတာ တွေ့ရပါတယ်။
(၇) Super AMOLED – Samsung ကနေ ဖန်တီးထားတဲ့ စနစ်ပါ။ လက်ရှိ Touch စနစ်နဲ့ ပြသ မျက်နှာပြင် စနစ်တွေ ထဲမှာ အပါးဆုံးပါ။ AMOLED စနစ်ထက် တုံ့ပြန်နှုန်း ပိုမြန်ပါတယ်၊ Galaxy S I9000 မှာ ဒီစနစ်နဲ့ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
(၈) Retina Display – ဒီစနစ်က Apple ရဲ့ iPhone တွေမှာ သုံးတဲ့ စနစ် ဖြစ်ပါတယ်။ iPhone 4 မှာ တွေ့နိုင်ပါတယ်။ Apple ရဲ့ အဆိုကတော့ လူရဲ့ မျက်လုံးဟာ Pixel တခုချင်းစီကို ခွဲခြား မမြင်နိုင်တာကြောင့် အခုလို စုစည်းစနစ်က ပိုပြီး ရုပ်ထွက်ပိုကောင်း၊ ပိုကြည်လင်စေတယ် လို့ ဆိုပါတယ်။
(၉) Haptic / Tactile Touchscreen – Blackberry နဲ့ Nokia တွေရဲ့ ဖုန်းတွေမှာ အများဆုံး သုံးထားတာ တွေ့နိုင် ပါတယ်။ Touch စနစ် ထိတွေ့ အသုံးပြုရမှု အလွန် သေချာကောင်းမွန်တာ တွေ့နိုင်ပါတယ်။ တုံ့ပြန်မှုလည်း မြန်ဆန်ပါ တယ်။ တိကျမှု အကောင်းဆုံးပါပဲ။ စာရိုက်ချိန်မှာ စနစ်ရဲ့ အကောင်းဆုံး အားသာချက်ကို တွေ့နိုင်ပါတယ်။
(၁၀) Gorilla Glass – Alkali-aluminosilicate ကို ပေါင်းစပ်ဖန်တီးထားတဲ့ စနစ်ပါ။ အကြမ်းခံနိုင်မှု အကောင်းဆုံး ပြသ စနစ်ပါ။ Samsung, Nokia နဲ့ Motorola တွေတောင် အခုစနစ်ကို အများဆုံး သုံးနေတာ တွေ့ရပါတယ်။ ရုပ်ထွက်လည်း မဆိုးပါဘူး၊ စွမ်းအင်စားလည်း သင့်ပါတယ်။
Ref: ww.googl.com.mm