ဂျာမနီ အခြေစိုက် VW (Volkswagen)ဆိုတာ ဟိုအရင်ကတည်းက ပြည်တွင်းမှာ လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း ဈေးကွက်တင်သွင်းရောင်းချမှု မရှိတော့တာကြောင့် ဂျပန်ကားတွေ နေရာရခဲ့ပေမယ့် အခုတော့ Facebook လို နေရာကနေ Page ထောင်ပြီး VWတွေ တရားဝင် Showroom ဖွင့် ရောင်းချတော့မယ်လို့ ကြော်ငြာနေတာ တွေ့ရပါ တယ်။
ဒါဆိုရင်တော့ မကြာခင် ဒီရန်ကုန်မှာလည်း VW (Volkswagen) Showroom တွေ့ရတော့မှာပါ။ လက်ရှိ နိုင်ငံတကာ အနေအထားမှာလည်း VW က လာမယ့် ၂၀၂၀ခုနှစ်မှာ ကမ္ဘာ့မော်တော်ကားရောင်းအား အကောင်းဆုံးနေရာကို Toyota ဆီက လက်လွှဲရယူနိုင်အောင် ကြိုးစားနေတာတွေ့ရပါတယ်။
အထူးသဖြင့်တော့ Golf, Polo, Passat စတဲ့ အသေးစား မော်ဒယ်တွေရဲ့ လူကြိုက်များမှုနဲ့ အတူ အောင်မြင်မှု ရနေတာပါ။ ပြည်တွင်းမှာလည်း အဆိုပါ မော်ဒယ် ၃ ခု စလုံး ရနိုင်ပေမယ့် နိုင်ငံတကာဈေးကွက်မှာရော ပြည်တွင်းမှာပါ လူကြိုက် အများ ဆုံး မော်ဒယ်က Golf ပါ။
အရည်အသွေး စိတ်အချရဆုံး၊ စွမ်းဆောင်ရည် အကောင်းဆုံး၊ ဆီစားနှုန်း အနည်းဆုံး မော်ဒယ်ပါ။ Supermini ချင်း အတူတူတောင်မှ Vitz, Fit နဲ့ Swift တွေ အစီးရေ အများအပြား ရှိနေသည့်တိုင် Golfရဲ့ သိသာပေါ်လွင်မှုက ကိုယ်ထည်ရဲ့ ဘယ်နေရာကနေပဲ ကြည့်ကြည့် သိသာပါတယ်၊ ဒါက ကိုယ်ထည်ဒီဇိုင်း ကောင်းမွန်မှုရဲ့ရလဒ်ပါပဲ။
ရှေ့ပိုင်းဈေးကွက်အတွင်း ၂၀၁၀နှစ် ဝန်းကျင်ထုတ် Golf တွေ ဈေးကွက်အဝင်များခဲ့ပေမယ့် အခုတော့ မော်ဒယ်မြင့်တွေပါ ရနိုင်လာပါပြီ၊ Fit မော်ဒယ်မြင့်တွေကို ဇိမ်ခံအဖြစ် အသုံးများလာချိန်မှာ အခု Golf က Fit ထက် ပိုပြီး သဘောကျစရာ ကောင်းသလို ဈေးနှုန်းပိုင်းမှာလည်း နည်းနည်း ပိုပြီး ချိုသာတာ တွေ့နိုင်ပါတယ်။
Auto စနစ်နဲ့လာပြီး ဂီယာချက် ပြောင်းလဲ မောင်းနှင်မှုအပိုင်းမှာ အထူးပျော့ပျောင်းပြီး ခရီးဝေး မောင်းနှင်မှုတွေအတွက်ပါ စိတ်ကြိုက်ဖြစ်စေတာ တွေ့ရပါတယ်။ ညာမောင်းအထိုင်နဲ့ ဖြစ်ပါတယ်။ Gasoline အင်ဂျင် ဖြစ်ပေမယ့် ၁.၂လီတာသုံး အ သေးစား အင်ဂျင်ဖြစ်ပေမယ့် ရုန်းအားအပိုင်းရော စွမ်းအင်ထုတ်လုပ်နိုင်မှုအပိုင်းပါ ကောင်းမွန်ပြီး တောင်တက်လမ်းတွေ အတွက်ပါ အဆင်ပြေပါလိမ့်မယ်။
တန်းတူပြိုင်ဖက် မော်ဒယ်တွေအကြားမှာလည်း လမ်းကြမ်းပိုင်းစွမ်းဆောင်ရည် အကောင်းဆုံးမော်ဒယ် ဖြစ်ပါတယ်။ အ တွင်းခန်းလည်း ကျယ်ပါတယ်၊ ရုပ်ထွက်နဲ့ ကိုယ်ထည်က Sport ဆန်အောင် ထုတ်လုပ်ထားပေမယ့် နောက်ဘက်ခရီး သည်ခန်းက အရပ်ရှည်သူတွေအတွက်ပါ အဆင်ပြေစေတာ တွေ့ရပါတယ်။
Smart Key စနစ်နဲ့ လာပါတယ်၊ Power Steering စနစ် မပါပေမယ့် မြို့တွင်းလမ်းကျပ်ကျပ်မှာပါ မောင်းနှင်လို့ အဆင်ပြေ သလို မြန်နှုန်းမြင့်မောင်းနှင်ချိန်မှာလည်း လက်ကိုင်ပိုင်း တည်ငြိမ်ကောင်းမွန်တာ တွေ့ရပါတယ်။
မော်ဒယ်မြင့်ဖြစ်လို့ အတွင်းခန်းက အားလုံး အစုံပါရှိပါတယ်။ အသက်ကယ်လေအိတ်စနစ် အစုံ၊ TVနဲ့ DVD လို ဖျော်ဖြေ ရေး အပိုင်းလည်း အစုံ၊ ထိုင်ခုံစွပ်၊ ခြေနင်း အားလုံး အစုံပါပဲ။
ဂျပန်ကားတွေထက် အားနည်းချင်တာတခုက အရောင်ရွေးချယ်နိုင်မှု အားနည်းချင်တာပဲ ဖြစ်ပြီး ဈေးကွက်အတွင်းမှာ တော့ အနီ၊ ခဲရောင်၊ အနက်နဲ့ အဖြူရောင် Golf တွေ အဝင်များပါတယ်။
လူကြိုက်များ အဖြူက ဈေးအမာဆုံးဖြစ်ပြီး ခဲရောင်နဲ့ အနက်တွေက ဈေးချိုပါတယ်။ အနီကလည်း မိန်းကလေးတွေ အ ကြိုက်များလို့ ဈေးကွက်တခု ရှိနေတာပါ။
ပြည်တွင်းမှာတော့ နောက်ပိုင်း မော်ဒယ်မြင့် Golf အနေနဲ့ ၂၀၁၄ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်တွေ အဝင်များပြီး မောင်း နှင်ပြီး ကီလို ၃သောင်းကျော်တွေပဲ ဖြစ်ပါတယ်။
အရောင်အပေါ်မှာပဲ ဈေးကစားပြောတာ များပြီး ခဲရောင်အနေနဲ့ကတော့ ၂၂၅ သိန်း အခေါ်ရှိပြီး သီရိမင်္ဂလာမော်တော် ယာဉ်ရောင်းဝယ်ရေးစခန်းနဲ့ ကားအရောင်းပြခန်းတွေဘက်မှာ Golf တွေ အဝင်များပြီး အပိုပစ္စည်းအနေအထားနဲ့ အာမခံ ပိုကောင်းမယ့် ကားအရောင်းပြခန်းတွေဘက်ကို ပိုပြီး သဘောကျမိပါတယ်။