ပြည်တွင်းမှာတော့ Pick-up မော်ဒယ်ဆိုရင် Vigo ကိုပဲ လူကြိုက်အများဆုံး ဖြစ်ပေမယ့် နောက်ပိုင်းတံဆိပ် အစုံ၊ မော်ဒယ်အစုံ ဈေးကွက်ဝင်လာသလို Vigo တွေက ဈေးလည်း မြင့်တာကြောင့် အခြားမော်ဒယ်တွေ စီးနင်းသူများလာ ပါတယ်။
ဒါအပြင် နာမည်ကျော် Ford Rangerလို မော်ဒယ်တွေလည်း ဈေးကွက်မှာ ရလာနိုင်တာကြောင့် Pick-up ဈေးကွက်ဟာ ကြီးမားလာခဲ့တာပါ။ အခုတော့ ကျနော်က Ford Ranger, Vigo, Nissan Navara အပြင် နောက်ထပ်အမှတ်တံဆိပ် Mitsubishi ရဲ့ မော်ဒယ် Strada အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
အခု မော်ဒယ်နဲ့ပတ်သက်ပြီး သဘောကျမိတဲ့ အချက်ကတော့ ဝန်တင်ဆောင်နိုင်မှု စွမ်းရည်ကောင်း ပြသနိုင်ခြင်းပဲ ဖြစ် ပါတယ်။
ပြည်တွင်းမှာ Mitsubishi အရောင်းပြခန်း ရှိပေမယ့် အခုမော်ဒယ်ကိုတော့ တင်သွင်းရောင်းချတာ မတွေ့ရပါဘူး။ ပြင်ပ Used ကား ဈေးကွက်မှာ အခုမော်ဒယ် ဈေးကွက်ဝင်နေတာ ဖြစ်ပါတယ်။
အထက်မှာပြောခဲ့သလို အင်ဂျင်က စွမ်းဆောင်ရည် အထူးကောင်းမွန်တယ်၊ ဝန်တင်ဆောင်နိုင်မှု အားကောင်းတယ်၊ ဆီ စားလည်း သင့်တင့်တယ်၊ ဈေးလည် ချိုသာတယ်၊ နောက်တချက်က ရန်ကုန်လိုင်စင်နဲ့ ရနိုင်တယ်၊ အင်ဂျင်အရွယ် သေး ငယ်တာကြောင့် မြို့တွင်းသုံးအတွက်လည်း အဆင်ပြေတယ်။
ဒါတွေက မော်ဒယ်နဲ့ပတ်သက်လို့ သဘောကျမိတဲ့ အချက်တွေပါ။ ဒါပေမယ့် သူက လက်ရှိ ဈေးကွက်မှာ မော်ဒယ်နိမ့် အ နေနဲ့ပဲ ရနိုင်သလို အရောင်ရွေးချယ်နိုင်မှုမှာ များများစားစား မရှိသလို Vigo နဲ့ Ranger တွေလို ရုပ်ထွက်ကလည်း ဆွဲ ဆောင်မှု ဒီလောက် မကောင်းချင်ပါဘူး။
ဒီတော့ အလှစီးပုံစံမဟုတ်ဘဲ စွမ်းဆောင်ရည်ဦးစားပေးပုံစံနဲ့ လိုချင်ရင်တော့ အကောင်းဆုံး ဖြစ်မယ့်မော်ဒယ်ပါ။
Manual စနစ်နဲ့ လာတယ်၊ မြို့တွင်းသုံးအတွက် ဒီစနစ်က စိတ်ကြိုက်မဖြစ်နိုင်ပေမယ့် ခရီးဝေးမောင်းနှင်တတ်သူတွေနဲ့ လမ်းကြမ်းပိုင်းသုံးမယ့်သူတွေအတွက်ကတော့ နောက်ဆုံးတွန်းနှိုးရမယ့် အနေအထားမှာကိုပဲ အဆင်ပြေမှာမို့ သဘော ကျစရာပါ။ ညာမောင်းအထိုင်နဲ့ ဖြစ်ပါတယ်။
ဒီဇယ်အင်ဂျင်စနစ် ဖြစ်ပြီး အင်ဂျင်သံ နည်းနည်း ဆူချင်ပေမယ့် တုန်ခါမှုတော့ နည်းပါတယ်။
လေးဘီးယက်စနစ်နဲ့ လာပါတယ်၊ အပိုခန်းဖွဲ့နဲ့ နှစ်ခန်းဖွဲ့ ပုံစံတွေ ဈေးကွက်မှာ အများဆုံးတွေ့ရပြီး အတွင်းခန်း ဖျော်ဖြေ ရေးစနစ်နဲ့ အခြားဆက်စပ်ပစ္စည်းအပိုင်းတွေက ပြန်ထည့်ထားတာ ဖြစ်ပေမယ့် အစုံပါရှိသလို အသုံးပြုရ အဆင်ပြေပါ တယ်။
အသက်ကယ်လေအိတ်စနစ်က ရှေ့ဘက်ခရီးသည်ခန်းအတွက် အစုံပါတယ်။ Power Steering စနစ် အသုံးပြုနိုင်မယ်။ TV-DVDလို အပိုင်းတွေ ထည့်ပြီးသားဖြစ်ပြီး တကယ်လို့ အသံထွက်စနစ် စိတ်ကြိုက်မဖြစ်ရင်သာ ပြန်ထည့်ရမယ့်သ ဘောရှိပါတယ်။
နောက်ဘက် ရိုက်ကူးကင်မရာစနစ် ပါရှိပြီး ဖြစ်တဲ့ မော်ဒယ်ပါ။ ဈေးကွက်မှာတော့ အနက်ရောင်နဲ့ အပြာတွေ အများဆုံး ဈေးကွက်ဝင်ပြီး ကားအရောင်းပြခန်းတွေမှာပဲ တင်သွင်းရောင်းချမှုများတာ တွေ့ရပါတယ်။
မောင်းနှင်ပြီး ကီလိုနည်းနည်း များနေတတ်ပေမယ့် ဈေးနှုန်းကတော့ ပြိုင်ဘက် Ranger, Vigo နဲ့ Navara တွေထက် ချိုသာပြီး ၂၀၀၀ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်ဆိုရင် သိန်း ၁၉၀ လောက်ပဲ အခေါ်ရှိပြီး အကြမ်းသုံးအတွက် အဆင် ပြေမယ့် မော်ဒယ်ကောင်းတခုပါ။