ကျနော်တို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာသီဥတု အပူပြင်းဆုံးနိုင်ငံ မဟုတ်ပေမယ့် အထူးသဖြင့် မြန်မာပြည် အ လယ် ပိုင်းဟာ အပူချိန် မြင့်မားတဲ့ အရပ်ဒေသဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာမှာလည်း နွေရောက်ပြီဆိုတာနဲ့ အပူချိန် မြင့်တက် လာတာကြောင့် လက်ရှိပြည်တွင်းမှာ အရေအတွက် အများဆုံး အသုံးပြုသွားလာနေတဲ့ ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး သတိ ပြုစရာလေးတွေကို ပြောပြချင်ပါတယ်။
မိမိဆိုင်ကယ်မှာ တပ်ဆင် အသုံးပြုနေတဲ့ တာယာရဲ့မျက်နှာပြင်ပေါ်မှာ ဖော်ပြထားတဲ့ လေပေါင်ချိန်အတိုင်း တိုင်းတာ ထားရှိ စီးနင်းပါ၊
ခရီးဝေး မိုင် ၅၀ မောင်းနှင်ပြီးတိုင်း လေပေါင်ချိန် တိုင်းတာ၊ စစ်ဆေးပါ၊
အိုဟောင်းနေသော၊ ပေါက်ပြဲနေသော၊ အရည်အသွေး စိတ်ချရမှုမရှိသော တာယာ၊ ကျွတ်များကို တပ်ဆင်ပြီး ခရီးဝေး မောင်းနှင်ခြင်း မပြုပါနဲ့။
မြန်နှုန်းမြင့် မောင်းနှင်နေရင်း ဆိုင်ကယ် တာယာပွင့်ထွက်မှုကြောင့် ဆိုင်ကယ် တိမ်းမှောက်နှုန်းဟာ နွေရာသီမှာ အဖြစ်အ များဆုံး ဖြစ်ပွားနေပါတယ်။
မြေပြန့်လမ်းအတွက် ခရီဝေးမောင်းနှင်မှုကို တဆက်တည်း မိုင် ၃၀၊ တောင်တက်လမ်းတွေအတွက် မိုင် ၂၀ထက် ပိုပြီး မ မောင်းပါနဲ့၊ အဆိုပါ အကွာအဝေး မောင်းနှင်ပြီးတိုင်း ဆိုင်ကယ်ကို အနားပေးပါ။ အင်ဂျင်၊ တာယာတွေကို ရေလောင်းပေး နိုင်ရင် ရေလောင်းပေးပါ။
ရာသီဥတု ပူပြင်းခြင်းဟာ ပုံမှန်ထက် သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်တာကြောင့် မတော်တဆမှု ကြုံရပြီဆိုရင် အမြန် ဆုံး နီးစပ်ရာ ဆေးကုဌာနကို သွားရောက်ပါ၊ ဒဏ်ရာရသူကို ပို့ဆောင်ပါ၊ ရှေးဦးသူနာပြုနည်းနဲ့ ဦးစားပေး သွေးတိတ် အောင် ဆောင်ရွက်ပါ၊
အရက်သေစာ သောက်စားပြီး ဆိုင်ကယ်မောင်းနှင်ခြင်းကို ဂရုပြု ရှောင်ကြဉ်ပါ၊ အထူးသဖြင့် နေ့ခင်းဘက် ရာသီဥတု ပူ ပြင်းချိန်မှာ အရက်သေစာ သောက်စားထားပြီး မတော်တဆမှု ကြုံတွေ့ပါက အသက်ဆုံးရှုံးနိုင်မှု ရာခိုင်နှုန်း ပိုမို များပြား တာ တွေ့ရပါတယ်။
ဘရိတ်စနစ် အားလုံးကောင်းမွန်နေပါစေ၊ အချို့ အချို့သော ရှေ့ဘရိတ်၊ ဒါမှမဟုတ် နောက်ဘရိတ်တခု ကောင်းမွန်နေ ရုံနဲ့ အဆင်ပြေအောင် စီးနင်းခြင်း မပြုပါနဲ့။
အင်ဂျင်၊ တာယာနဲ့ကျွတ်၊ ဘက်ထရီ အပိုင်း ၃ခုမှာ တခုခု အားနည်းနေရင်ကိုပဲ အဆိုပါ ဆိုင်ကယ်နဲ့ ခရီးဝေး မောင်းနှင် ခြင်း မပြုပါနဲ့။
ခရီးဝေး မောင်းနှင်မှုအတွက် ကျွတ်၊ လေထိုးတံ၊ Toolအိတ်နဲ့ ဘီးဖာ အပိုပစ္စည်းတွေ ယူဆောင် သွားလာပါ။
ခရီးဝေး မောင်းနှင်ခြင်းအတွက် ဦးခေါင်းလုံသော ဦးထုပ်ဆောင်းပါ၊ အကျီ ၤလက်ရှည်ဝတ်ဆင်ပါ၊ ခြေအိတ်၊ လက်အိတ် များ ဖြစ်နိုင်ရင် ဝတ်ဆင် မောင်းနှင်ပါ။
အင်ဂျင်ပိုင်း ဆီ၊ အင်ဂျင်ဝိုင် ယိုစိမ့်နေတဲ့ ဆိုင်ကယ်နဲ့ ခရီးဝေး မောင်းနှင်မှု မပြုပါနဲ့။
Start ခလုတ်ကပ်နေတတ်တဲ့ ဆိုင်ကယ်တွေအနေနဲ့ သတိထား စီးနင်းပါ၊ ခလုတ်အသစ် လဲလှယ် အသုံးပြုပါ၊ ဘက်ထ ရီခေါင်းတွေ ဆားချေးတက်နေရင် ဆေးကြော သန့်စင်ပေးပါ၊ အက်ဆစ် စစ်ဆေးပါ၊ လိုအပ်ရင် ထပ်ဖြည့်ပါ၊ အသစ် လဲပါ၊
မတော်တဆမှု ကြိုတင် ရှောင်ရှား မောင်းနှင်မှုပုံစံအတွက် ဟွန်း၊ မီးကြီးနဲ့ အချက်ပြမီးတွေ အသုံးပြုမောင်းနှင်ပါ၊ အဆိုပါ စနစ်တွေ ကောင်းမွန်အောင် ပြင်ဆင်ထားရှိပါ။
သင်္ကြန်တွင်း ကာလအတွင်း Plug ရေစိုမှုကြောင့် ဆိုင်ကယ် စက်သေခြင်း၊ စက်နှိုးမရခြင်း အများဆုံး ဖြစ်လေ့ရှိပြီး Plug Spinner အမြဲယူဆောင် စီးနင်း လည်ပတ်ပါ။
ဆီဖြည့်ချိန် ရေပါမှုကြောင့် အင်ဂျင်သံ မမှန်ခြင်း၊ စက်ကောင်းကောင်း မရုန်းခြင်းအတွက် ကာဘရိုက်တာကို ဖွင့်ချခြင်း ဖြစ် စေ၊ ဆီစစ်ဘူးနေရာကနေ ဆီကို စွန့်ထုတ် သန့်စင်ခြင်း ဖြစ်စေ အလွယ်ဆုံး ဖြေရှင်းနိုင်ပါတယ်။